ယခုရက်ပိုင်းအတွင်း စက်သုံးဆီဂါလန် (၃၇)သိန်းကျော် ဖြည့် တင်းပေးထားပြီး စက်သုံးဆီပြတ်လပ်မည်ကို မစိုးရိမ်ရန် နစက အသိပေး
Pearl (NSS) - မတ် ၂
ယခုရက်ပိုင်းအတွင်း စက်သုံးဆီဂါလန် (၃၇)သိန်းကျော် ဖြည့်တင်းပေးထားပြီး စက်သုံးဆီပြတ်လပ်မည်ကို မစိုးရိမ်ရန် နစကမှ ယမန်နေ့ (မတ်လ ၁ ရက်)တွင် အသိပေးထုတ်ပြန်ထား သည်။
ပြည်ပမှ မှာယူထားသည့် စက်သုံးဆီတင်သင်္ဘောများသည် ရန်ကုန်တိုင်း၊ သီလဝါဆိပ်ကမ်းဒေသသို့ ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း နှင့် သိုလှောင်ကန်များအတွင်းသို့ စက်သုံးဆီများဖြည့် တင်းလျက်ရှိပြီး ရန်ကုန် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖြန့်ဖြူးပေးလျက်ရှိရာတွင် ဖေဖော်ဝါရီလ ၂၉ ရက်တွင် ဆီတင်ယာဉ် (၁,၁၇၅) စီးဖြင့် 92 Ron ဂါလန် ၁၂ သိန်းကျော်၊ 95 Ron ဂါလန် ၄ သိန်းကျော်၊ ဒီဇယ်ဆီဂါလန် ၉ သိန်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီဂါလန် ၁၂ သိန်းကျော် ဖြည့်တင်းပေးနိုင်ခဲ့ကြောင်းသိရသည်။
ထို့ကြောင့် သီလဝါဆိပ်ကမ်းဒေသ သိုလှောင်ကန်စခန်းများတွင်လည်း စက်သုံးဆီအလုံအလောက်ရှိနေပြီး ပုံမှန်ဖြန့်ဖြူးပေး လျက်ရှိသဖြင့် ပြည်သူများအနေဖြင့် ကောလာဟလသတင်းများကြောင့် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ပူပန်ကာ လိုအပ်သည်ထက် ပိုမိုမဝယ်ဘူဘဲ ပုံမှန်အတိုင်းသာ ဝယ်ယူရန် နစကမှ အသိပေးထုတ်ပြန်ထားသည်။
သို့သော် ရန်ကုန်မြို့ရှိ အချို့သောဆီဆိုင်များ၌ ကားအများအပြား တန်းစီစောင့်ဆိုင်းကာ ဝယ်ယူနေရသည့် ဖြစ်စဉ်များရှိနေသကဲ့သို့ အချို့ဆီဆိုင်များတွင်လည်း ဆီပြတ်လပ်မှုဖြစ်စဉ်များ ရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်း ပြည်တွင်းနှင့် ပြည်ပမှာ ဖြစ်သွားခဲ့တဲ့ ထူးခြားသတင်းများ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း