တကောင်းမြို့တွင် အကြမ်းဖက်သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်အလုံး (၂၀) မီးလောင်ပျက်စီး
Pearl (NSS) - မတ် ၂
တကောင်းမြို့တွင် အကြမ်းဖက်သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် (၂၀)လုံး မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၁ ရက်)၊ ညနေ (၅)နာရီခန့်တွင် မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ ရွှေဇာလီဘုန်းကြီးကျောင်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါရွှေဇာလီဘုန်းကြီးကျောင်း၏ အရှေ့ဘက် အမြင့် မီတာ ၈၀၀ ခန့်အကွာမှ အကြမ်းဖက်သမားများက Drone ယာဉ်များဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဘုန်းကြီး ကျောင်း၏ အရှေ့ဘက်အနီးရှိ ဦးအောင်ဇော်ဦး၏ နေအိမ်ပေါ်သို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲကာ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့သည့်နေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ နှင့်ပူးပေါင်း၍ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၆နာရီခွဲခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း နစကမှ ဆိုသည်။
မီးလောင်မှုကြောင့် သွပ်မိုး/ထရံကာ နေအိမ်အလုံး ၂၀ မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်၊ ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။
လက်ရှိတွင် ဒေသအချို့၌ တပ်မတော် နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ၊ PDF အဖွဲ့တို့အကြား တိုက်ပွားဖြစ်ပွားနေပြီး တိုက်ပွဲများအတွင်း ဈေးမီးလောင်မှုများဖြစ်ပွားမှုကြောင့် ဆိုင်ခန်းအများအပြား ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် အရပ်သား နေအိမ်အများအပြားသည်လည်း မီးလောင်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်နေလျက်ရှိသည်။ ထို့ပြင် သိန်းနှင့်ချီသော လူဉီးရေသည်လည်း အိုးအိမ်၊ နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်နေရပြီး အခက်အခဲများစွာနှင့် ရင်ဆိုင်နေရလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Burma Football Academyမှ သင်တန်းသားဟောင်းနှင့် သင် တန်းသားအသစ် မိတ်ဆက်ပွဲကျင်းပ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း