မိုင်းပွန်မြို့တွင် တစ်ပတ်ကျော်ကြာ တိုက်ပွဲဖြစ်ပြီးနောက် ပိတ်ဆို့ထားသောလမ်းပိုင်းများကို ပြန်ဖွင့်ပေး
မြူနစ် (NSS) - မတ် ၂
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပွန်မြို့တွင် တစ်ပတ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ပိတ်ဆို့ထားသောလမ်းပိုင်းများကို မတ် ၁ ရက် နံနက် ၁၀ နာရီအချိန်တွင် ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
လွန်ခဲ့သော ဖေဖော်ဝါရီ ၂၁ ရက်မှစတင်ကာ မိုင်းပွန်မြို့နှင့်တစ်ဝိုက်တွင် တပ်မတော်၊ PNO ပူးပေါင်းအဖွဲ့နှင့် PNLA၊ PDF ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် တောင်ကြီး-ဟိုပုံး-မိုင်းပွန်-လွိုင်လင်-တာချီလိတ်လမ်းကြောင်းကို မိုင်းပွန်မြို့အထွက် တံတားအနီးရှိ လုံခြုံရေးဂိတ်မှတစ်ဆင့် ပိတ်ဆို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မိုင်းပွန်လမ်းဖွင့်လိုက်ပြီ။ ဒီနေ့မနက်(၁၀)နာရီလောက်မှာဖွင့်တာ။ တောင်ကြီး- ဟိုပုံး- မိုင်းပွန်- လွိုင်လင်-တာချီလိတ် သွားတဲ့လမ်းပေါ့။ တိုက်ပွဲဖြစ်တာနဲ့ ဘာနဲ့ဆိုရင်တော့ ပိတ်သွားတာ တစ်ပတ်ကျော်ကျော်လောက်တော့ ရှိမယ်ထင်တယ်။ အဲဒီလမ်းမှာ ကားကတော့ အစုံသွားကြတယ်။ အဲဒီလမ်းတစ်လမ်းပဲရှိတာ။ ကုန်တင်ကားတွေရော၊ ခရီးသွားတဲ့ကားတွေရော အကုန်လုံးပေါ့ အစုံပဲ သုံးကြတယ်” ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ထိပ်ပိုင်းအရာရှိတစ်ဦးက NP News ကို ပြောသည်။
ယင်းကဲ့သို့ နှစ်ဖက်အကြား ဖြစ်ပွားသည့်တိုက်ပွဲကြောင့် ပြည်သူများ၏ လုံခြုံရေးအခြေအနေအရ လမ်းပိုင်းကို ပိတ်ဆို့ခဲ့ရခြင်းဖြစ်ပြီး ကားအစီးရေ (၁၀၀၀)ကျော်ခန့် ပိတ်မိနေခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မိုင်းပွန်မြို့နှင့်တစ်ဝိုက်၌ တပ်မတော်၊ PNO ပူးပေါင်းအဖွဲ့နှင့် PNLA၊ PDF တို့ကြားတွင် တိုက်ပွဲများ အနည်း ငယ်ငြိမ်သက်နေလျက်ရှိသော်လည်း နှစ်ဖက်အကြား၌ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နွေဦးတော်လှန်ရေးတွင် မပါဝင်သော လုပ်ငန်းရှင်များ၊ ကုန်သည်များကို တာဝန်မယူဟု Chauk Guerrilla Force ခြိမ်းခြောက်
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း