ဆင်ဘိုမြို့နယ်ခွဲအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း KIA၊ AA ၊ PDF ပူးပေါင်းအဖွဲ့ဝင်(၃)ဦး၏ အလောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်ဆည်းရမိ
Pearl (NSS) - ဖေဖော်ဝါရီ ၂၈
ဆင်ဘိုမြို့နယ်ခွဲအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း KIA၊ AA ၊ PDF ပူးပေါင်းအဖွဲ့ဝင် (၃)ဦး၏ အလောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့နယ်ခွဲအနီးရှိ ခလရ (၁၄၁) တပ်စခန်းကို KIA၊ AA ၊ PDF ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက်မှစ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။
ယင်းနေ့ ညနေပိုင်းတွင် KIA၊ AA ၊ PDF ပူးပေါင်းအဖွဲ့ဝင်အချို့ပြန်လည် ဆုတ်ခွာသွားခဲ့သဖြင့် တိုက်ပွဲပြီးဆုံးသွားခဲ့ပြီး တိုက်ပွဲအတွင်း KIA၊ AA ၊ PDF ပူးပေါင်းအဖွဲ့မှ အလောင်း(၃)လောင်း အပါအဝင် လက်နက်အချို့ကိုလည်း တပ်မတော် လုံခြုံရေးအဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
"၂၄ ရက်၊ နေ့လယ်ပိုင်းမှာ ၂လောင်း၊ ညနေပိုင်းမှာ ၁လောင်း၊ စုစုပေါင်း (၃)လောင်းပေါ့နော်။ ရန်သူအကျအဆုံးကတော့ များတယ်၊ (၇၀)၊ (၈၀) ကျော်တယ်လို့ ပြောတယ်။ လက်နက်တွေ ကောက်ရင် ဟိုဘက်က လှမ်းပစ်လို့ ရတာကတော့ (၃)လောင်းပဲ"ဟု လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါ ခလရ (၁၄၁) တပ်စခန်းအား KIA၊ AA၊ PDF ပူးပေါင်းအဖွဲ့အနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက် ကတည်းက ဝင်ရောက်တိုက်ခိုက်ရန် စီစဉ်နေခြင်းဖြစ်ပြီး နှစ်ဖက်ကြား စစ်ရေးတင်းမာခဲ့ပြီးနောက် ယင်းကဲ့သို့တိုက်ပွဲ ပြင်းထန်ခဲ့ခြင်းလည်းဖြစ်သည်။
လက်ရှိတွင် တိုက်ပွဲများငြိမ်သတ်နေလျက်ရှိသော်လည်း KIA၊ AA ၊ PDF ပူးပေါင်းအဖွဲ့အချို့အနေဖြင့် ခလရ (၁၄၁) တပ်စခန်းအနီးတဝိုက်တွင် အခြေကုပ်နေရာယူထားဆဲဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်း ပြည်တွင်းနှင့် ပြည်ပက သတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း