ပျောက်ဆုံးနေသည့် (၃)နှစ်အရွယ်ကလေးငယ်ကို (၆၂) နာရီအကြာတွင် နေအိမ်အနီးရှိ ရေမြောင်းအတွင်းမှ သေဆုံးလျက် ပြန်လည်တွေ့ရှိ
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်မှ ပျောက်ဆုံးနေသည့် (၃)နှစ်အရွယ်ကလေးငယ်ကို (၆၂)နာရီအကြာတွင် နေအိမ်အနီးရှိရေမြောင်းအတွင်းမှ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သေဆုံးသူကလေးငယ်၏ မိသားစုဝင်များထံမှ သိရသည်။
အဆိုပါ သေဆုံးသူကလေးငယ်ကို ယနေ့(ဖေဖော်ဝါရီလ ၂၇ ရက်)၊ နံနက် ၇နာရီအချိန်ခန့်တွင် ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာ၊ လွမ်းစေတီအနီး ရေမြောင်းအတွင်း၌ ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကလေးကတွေ့ပြီ။ အိမ်နဲ့မဝေးတဲ့ရေမြောင်းထဲမှာ ဆုံးနေတာ။ ရေမြောင်းက ခုချိန်ရေနည်းတယ်ဆိုပေမဲ့ ရေတော့ရှိတာပေါ့။ အခြားပြင်ပဒဏ်ရာတော့မရှိပါဘူး။ ကလေးလေးက ထားလို့မရလို့ ချက်ချင်းသင်္ဂြိုလ်ရတာပါ” ဟု သေဆုံးသူကလေးငယ်၏ မိသားစုဝင်တစ်ဦးက NSS ကိုပြောသည်။
အသက်(၃)နှစ်အရွယ်ရှိ မောင်ဇွဲမာန်သစ်သည် ဦးအေးဇော်မြင့် နှင့် ဒေါ်နွယ်နွယ်စိုးတို့၏ အငယ်ဆုံးသားလေးဖြစ်ပြီး ဖေဖော်ဝါရီလ ၂၄ ရက်၊ ညနေ ၅နာရီခန့်တွင် ၎င်း၏မိခင်ဖြစ်သူမှ ထမင်းကျွေးရန် နေအိမ်ပေါ်သို့ခဏတက်သွားစဉ် ရုတ်တရက်ပျောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသူကလေးငယ်၏ရုပ်အလောင်းကို ရှမ်းစုသုဿန်၌ သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းပြည်နယ်(တောင်ပိုင်း)မှ တာချီလိတ်မြို့သို့သယ်ဆောင်မည့် ကျပ်သိန်း ၃၉၀၀ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) များ ဖမ်းဆီးရမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း