ဘီယာအမှုန့်ကို ဂျာမနီဘီယာကုမ္ပဏီက ကမ္ဘာမှာ ပထမဆုံးအကြိမ် အောင်မြင်စွာ တီထွင်ထုတ်လုပ်နိုင်ခဲ့
ဂျန်ဇက် (NP News) - မတ် ၂၇
ဂျာမနီနိုင်ငံ အရှေ့ပိုင်းရှိ ဘီယာကုမ္ပဏီတစ်ခုဖြစ်တဲ့ Neuzeller Klosterbräu ဟာ ဘီယာမှုန့်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ကုမ္ပဏီက တီထွင်ဖန်တီးထားတဲ့ ဘီယာအမှုန့်ကို ရေနဲ့ ဖျော်လိုက်မယ်ဆိုရင် အနံ၊ အရသာ၊ အမြှုပ်တွေ နဲ့အတူ ပြည့်စုံကောင်းမွန်တဲ့ဘီယာကို သောက်သုံးနိုင်မှာဖြစ်ကြောင်း Neuzeller Klosterbräu ကုမ္ပဏီ က သတင်းထုတ်ပြန်ထားပါတယ်။
ဘီယာအမှုန့်ထဲမှာ အရက်နဲ့ ကာဗွန်ဓာတ်ငွေ့ကို ပေါင်းစပ်ထည့်သွင်းနိုင်တဲ့ ကမ္ဘာ့ပထမဆုံး ဘီယာမှုန့်ကို ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး ဘီယာအမှုန့်ကို အောင်မြင်စွာ တီထွင်နိုင်ခြင်းကြောင့် ကုန်ကျစရိတ် များ လျော့ချနိုင်မှာဖြစ်ပြီး အထူးသဖြင့် ဘီယာပုလင်းအတွက် ကုန်ကျစရိတ်နဲ့ တင်ပို့ရမှု ကုန်ကျစရိတ်တွေလည်း လျော့ချနိုင်မှာဖြစ်ကြောင်း သိရပါတယ်။
Neuzeller Klosterbräu ကုမ္ပဏီဟာ ဘီယာအမှုန့်ကို ထုတ်လုပ်နိုင်ဖို့ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်ကတည်းက စတင် ကြိုးပမ်းခဲ့ပြီး၂ နှစ်ကျော်အကြာမှာ ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ ဘီယာကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ Stefan Fritsche က "ကျွန်တော်တို့ဟာ ကမ္ဘာမှာ ပထမဆုံးသော ဘီယာအမှုန့်ကို အောင်မြင်စွာ ထုတ်လုပ် နိုင်ခဲ့တယ်။ ဒီလိုမျိုး ဘီယာအမှုန့် ထုတ်လုပ်နိုင်ခြင်းက ကမ္ဘာကို အပြောင်းအလဲလုပ်ဆောင်လိုက်တာဖြစ်တယ်။ ဘီယာအမှုန့်တွေကို ရေရောလိုက်ရုံနဲ့ ပြည့်စုံကောင်းမွန်ပြီး အနံ့အရသာကောင်းတဲ့ ဘီယာအရသာကို ခံစားရမှာပါ" လို့ ပြောပါတယ်။
Zawgyi Version;
ဘီယာအမႈန႔္ကို ဂ်ာမနီဘီယာကုမၸဏီက ကမာၻမွာ ပထမဆုံးအႀကိမ္ ေအာင္ျမင္စြာ တီထြင္ထုတ္လုပ္ႏိုင္ခဲ့
ဂ်န္ဇက္ (NP News) - မတ္ ၂၇
ဂ်ာမနီႏိုင္ငံ အေရွ႕ပိုင္းရွိ ဘီယာကုမၸဏီတစ္ခုျဖစ္တဲ့ Neuzeller Klosterbräu ဟာ ဘီယာမႈန႔္ကို ေအာင္ျမင္စြာ ထုတ္လုပ္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။
အဆိုပါ ကုမၸဏီက တီထြင္ဖန္တီးထားတဲ့ ဘီယာအမႈန႔္ကို ေရနဲ႔ ေဖ်ာ္လိုက္မယ္ဆိုရင္ အနံ၊ အရသာ၊ အျမႇဳပ္ေတြ နဲ႔အတူ ျပည့္စုံေကာင္းမြန္တဲ့ဘီယာကို ေသာက္သုံးႏိုင္မွာျဖစ္ေၾကာင္း Neuzeller Klosterbräu ကုမၸဏီ က သတင္းထုတ္ျပန္ထားပါတယ္။
ဘီယာအမႈန႔္ထဲမွာ အရက္နဲ႔ ကာဗြန္ဓာတ္ေငြ႕ကို ေပါင္းစပ္ထည့္သြင္းႏိုင္တဲ့ ကမာၻ႔ပထမဆုံး ဘီယာမႈန႔္ကို ထုတ္လုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အခုလိုမ်ိဳး ဘီယာအမႈန႔္ကို ေအာင္ျမင္စြာ တီထြင္ႏိုင္ျခင္းေၾကာင့္ ကုန္က်စရိတ္ မ်ား ေလ်ာ့ခ်ႏိုင္မွာျဖစ္ၿပီး အထူးသျဖင့္ ဘီယာပုလင္းအတြက္ ကုန္က်စရိတ္နဲ႔ တင္ပို႔ရမႈ ကုန္က်စရိတ္ေတြလည္း ေလ်ာ့ခ်ႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။
Neuzeller Klosterbräu ကုမၸဏီဟာ ဘီယာအမႈန႔္ကို ထုတ္လုပ္ႏိုင္ဖို႔ ၿပီးခဲ့တဲ့ ၂ဝ၂၁ ခုႏွစ္ကတည္းက စတင္ ႀကိဳးပမ္းခဲ့ၿပီး၂ ႏွစ္ေက်ာ္အၾကာမွာ ထုတ္လုပ္ႏိုင္ခဲ့ျခင္းျဖစ္ပါတယ္။ အဆိုပါ ဘီယာကုမၸဏီရဲ႕ မန္ေနဂ်င္းဒါ႐ိုက္တာ ျဖစ္သူ Stefan Fritsche က "ကြၽန္ေတာ္တို႔ဟာ ကမာၻမွာ ပထမဆုံးေသာ ဘီယာအမႈန႔္ကို ေအာင္ျမင္စြာ ထုတ္လုပ္ ႏိုင္ခဲ့တယ္။ ဒီလိုမ်ိဳး ဘီယာအမႈန႔္ ထုတ္လုပ္ႏိုင္ျခင္းက ကမာၻကို အေျပာင္းအလဲလုပ္ေဆာင္လိုက္တာျဖစ္တယ္။ ဘီယာအမႈန႔္ေတြကို ေရေရာလိုက္႐ုံနဲ႔ ျပည့္စုံေကာင္းမြန္ၿပီး အနံ႔အရသာေကာင္းတဲ့ ဘီယာအရသာကို ခံစားရမွာပါ" လို႔ ေျပာပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေပြည်တော်၌ အသက် (၆ဝ)ကျော်အရွယ် အဘိုးအိုတစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွား
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း