ကျောက်တော်မြို့နယ်တွင် ခရီးသည်တင်ယာဉ်နှင့်အိမ်ယာဥ်တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ယာဥ်မောင်းတစ်ဦးသေဆုံး
စော (NP News) - မတ် ၂၆
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ခရီးသည်တင်ယာဉ်နှင့် အိမ်စီးကားတို့ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၂၆ ရက်)၊ ညနေ (၄) နာရီခွဲအချိန်ခန့်တွင် ကျောက်တော်မြို့နယ်၊ ကွမ်းအုံချောင်းကျေးရွာအနီးတွင် ဖြစ် ပွားခဲ့ကြောင်း ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းမှ သိရသည်။
“ခရီးသည်တင်ကားနဲ့ အိမ်စီးကားတိုက်တာပါ။ ခရီးသည်ကားက “ရွှေရည်ဆုဝေ”ပါ။ ကျွန်တော်တို့စုံစမ်းကြည့်သလောက် လူ(၄၅) ယောက်လောက်ပါတယ်။ အိမ်စီးကားမောင်းတဲ့ အမျိုးသားတစ်ဦးသေဆုံးပါတယ်”ဟု ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ဖြစ်စဥ်ကြောင့် ခရီးသည်တင်ကားပေါ်တွင် လိုက်ပါလာသူ အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသူအမျိုးသားအား ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းမှ ကျောက်တော်ဆေးရုံသို့ ပိုဆောင်ပေးထားကြောင်း သိရသည်။
zawgyi version
ေက်ာက္ေတာ္ၿမိဳ႕နယ္တြင္ ခရီးသည္တင္ယာဥ္ႏွင့္အိမ္ယာဥ္တို႔ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ ယာဥ္ေမာင္းတစ္ဦးေသဆုံး
ေစာ (NP News) - မတ္ ၂၆
ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္တြင္ ခရီးသည္တင္ယာဥ္ႏွင့္ အိမ္စီးကားတို႔ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၂၆ ရက္)၊ ညေန (၄) နာရီခြဲအခ်ိန္ခန႔္တြင္ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ကြမ္းအုံေခ်ာင္းေက်း႐ြာအနီးတြင္ ျဖစ္ ပြားခဲ့ေၾကာင္း ျဖဴစင္ေမတၱာလူမႈကူညီေရးအသင္းမွ သိရသည္။
“ခရီးသည္တင္ကားနဲ႔ အိမ္စီးကားတိုက္တာပါ။ ခရီးသည္ကားက “ေ႐ႊရည္ဆုေဝ”ပါ။ ကြၽန္ေတာ္တို႔စုံစမ္းၾကည့္သေလာက္ လူ(၄၅) ေယာက္ေလာက္ပါတယ္။ အိမ္စီးကားေမာင္းတဲ့ အမ်ိဳးသားတစ္ဦးေသဆုံးပါတယ္”ဟု ျဖဴစင္ေမတၱာလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ျဖစ္စဥ္ေၾကာင့္ ခရီးသည္တင္ကားေပၚတြင္ လိုက္ပါလာသူ အမ်ိဳးသမီး(၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ယာဥ္တိုက္မႈေၾကာင့္ ေသဆုံးသူအမ်ိဳးသားအား ျဖဴစင္ေမတၱာလူမႈကူညီေရးအသင္းမွ ေက်ာက္ေတာ္ေဆး႐ုံသို႔ ပိုေဆာင္ေပးထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘီယာအမှုန့်ကို ဂျာမနီဘီယာကုမ္ပဏီက ကမ္ဘာမှာ ပထမဆုံးအကြိမ် အောင်မြင်စွာ တီထွင်ထုတ်လုပ်နိုင်ခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း