Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်စတော့အိပ်ချိန်းတွင် MSME လုပ်ငန်းများ ဝင်ရောက် ရောင်းဝယ်နိုင်မည်

ယွန်း (NP News) - မတ် ၂၇


ရန်ကုန်စတော့အိပ်ချိန်းတွင် MSME လုပ်ငန်းများပါ ဝင်ရောက် ရောင်းဝယ်နိုင်ပြီဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက မတ်လ(၂၅)ရက်တွင် ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ကျင်းပခဲ့သည့် ရန်ကုန်စတော့အိပ်ချိန်း၏ (၇)နှစ်ပြည့် အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။


မြန်မာနိုင်ငံအရင်းအနှီးဈေးကွက် တိုးတက်လာစေရန်အတွက် ရန်ကုန်စတော့အိပ်ချိန်း(YSX)ကို ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး စတော့ရှယ်ယာများ ရောင်းဝယ်ခြင်းကို ၂ဝ၁၆ ခုနှစ်၊ မတ်လ(၂၅)ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


လက်ရှိတွင် စတော့ရှယ်ယာများကို အွန်လိုင်းဖြင့် ရောင်းဝယ်နိုင်ပြီး နိုင်ငံခြားသားများ ပါဝင်ရောင်းချခွင့်ကိုလည်း ခွင့်ပြုထားကာ နှစ်သက်ရာ စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို ဝယ်ယူနိုင်ကြောင်း ဥက္ကဋ္ဌ ဦးမောင်‌မောင်ဝင်းက ဆိုသည်။


ထို့ပြင် Main Board ထက်အရွယ်အစားသေးငယ်သော အများပိုင်ကုမ္ပဏီများ အထူးသဖြင့် SME ၊ MSME လုပ်ငန်းများကိုလည်း စာရင်းဝင်ကုမ္ပဏီသို့ ရောက်ရှိလာအောင် Pre - Listing Board များတည်ထောင်ပြီးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။


ထို့ကြောင့် MSME လုပ်ငန်းများပါ ရန်ကုန်စတော့အိပ်ချိန်းတွင် ဝင်ရောက် ရောင်းဝယ်နိုင်ပြီဖြစ်ကြောင်း သိရသည်။


ရန်ကုန်စတော့အိပ်ချိန်းတွင် Main Board အပြင် Pre-Listing Board ထူ‌ထောင်မှုနှင့် ပတ်သက်ပြီး “ရန်ကုန်စတော့အိပ်ချိန်းမှာ လက်ရှိ Main Board အပြင် Pre-Listing Board ထူ‌ထောင်မယ်ဆိုတာသိရပြီး စာရင်းဝင်စံနှုန်းများ လျှော့ချထားကြောင်း သိရတဲ့အ တွက် အလယ်အလတ်အရွယ်အစားရှိ အလားအလာကောင်းတဲ့ကုမ္ပဏီတွေအတွက် အခွင့်အလမ်းကောင်းတွေဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ ကွန်ယက်အတွင်းမှာရှိတဲ့ ကုမ္ပဏီများကို ပါဝင်ဆောင်ရွက်သွားဖို့ တိုက်တွန်းသွားမှာဖြစ်ကြောင်း အသိပေးလိုပါတယ်'' ဟု ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောကြားခဲ့သည်။


အလားတူ စာရင်းဝင်ကုမ္ပဏီများကို နိုင်ငံတော်က Corporate Income Tax လျော့ပေးထားပြီး ငွေချေးစာချုပ် ဈေးကွက် (Corporate Bond Market) ကိုလည်း ထပ်မံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက အသိပေးပြောဆိုထားသည်။


လက်ရှိတွင် ရန်ကုန်စတော့အိပ်ချိန်း စာရင်းဝင်ကုမ္ပဏီများသည် First Myanmar Investment (FMI), Myanmar Thilawa SEZ, Myanmar Citizens Bank(MCB)၊ First Private Bank , TMH Telecom Co.,Ltd, Ever Flow River Co.,Ltd, Amata Holding Co.,Ltd တို့ဖြစ်ကြောင်း သိရသည်။

zawgyi version

ရန္ကုန္စေတာ့အိပ္ခ်ိန္းတြင္ MSME လုပ္ငန္းမ်ား ဝင္ေရာက္ ေရာင္းဝယ္ႏိုင္မည္

ယြန္း (NP News) - မတ္ ၂၇


ရန္ကုန္စေတာ့အိပ္ခ်ိန္းတြင္ MSME လုပ္ငန္းမ်ားပါ ဝင္ေရာက္ ေရာင္းဝယ္ႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။


ျမန္မာႏိုင္ငံ ေငြေခ်းသက္ေသခံ လက္မွတ္လုပ္ငန္းႀကီးၾကပ္ေရးေကာ္မရွင္ ဥကၠ႒ ဦးေမာင္ေမာင္ဝင္းက မတ္လ(၂၅)ရက္တြင္ ရန္ကုန္ၿမိဳ႕ရွိ Park Royal Hotel ၌ က်င္းပခဲ့သည့္ ရန္ကုန္စေတာ့အိပ္ခ်ိန္း၏ (၇)ႏွစ္ျပည့္ အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။


ျမန္မာႏိုင္ငံအရင္းအႏွီးေဈးကြက္ တိုးတက္လာေစရန္အတြက္ ရန္ကုန္စေတာ့အိပ္ခ်ိန္း(YSX)ကို ၂ဝ၁၅ ခုႏွစ္၊ ဒီဇင္ဘာလ(၉)ရက္တြင္ စတင္ဖြင့္လွစ္ခဲ့ၿပီး စေတာ့ရွယ္ယာမ်ား ေရာင္းဝယ္ျခင္းကို ၂ဝ၁၆ ခုႏွစ္၊ မတ္လ(၂၅)ရက္တြင္ စတင္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။


လက္ရွိတြင္ စေတာ့ရွယ္ယာမ်ားကို အြန္လိုင္းျဖင့္ ေရာင္းဝယ္ႏိုင္ၿပီး ႏိုင္ငံျခားသားမ်ား ပါဝင္ေရာင္းခ်ခြင့္ကိုလည္း ခြင့္ျပဳထားကာ ႏွစ္သက္ရာ စာရင္းဝင္ကုမၸဏီမ်ား၏ အစုရွယ္ယာမ်ားကို ဝယ္ယူႏိုင္ေၾကာင္း ဥကၠ႒ ဦးေမာင္‌ေမာင္ဝင္းက ဆိုသည္။


ထို႔ျပင္ Main Board ထက္အ႐ြယ္အစားေသးငယ္ေသာ အမ်ားပိုင္ကုမၸဏီမ်ား အထူးသျဖင့္ SME ၊ MSME လုပ္ငန္းမ်ားကိုလည္း စာရင္းဝင္ကုမၸဏီသို႔ ေရာက္ရွိလာေအာင္ Pre - Listing Board မ်ားတည္ေထာင္ၿပီးျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာဆိုခဲ့သည္။


ထို႔ေၾကာင့္ MSME လုပ္ငန္းမ်ားပါ ရန္ကုန္စေတာ့အိပ္ခ်ိန္းတြင္ ဝင္ေရာက္ ေရာင္းဝယ္ႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။


ရန္ကုန္စေတာ့အိပ္ခ်ိန္းတြင္ Main Board အျပင္ Pre-Listing Board ထူ‌ေထာင္မႈႏွင့္ ပတ္သက္ၿပီး “ရန္ကုန္စေတာ့အိပ္ခ်ိန္းမွာ လက္ရွိ Main Board အျပင္ Pre-Listing Board ထူ‌ေထာင္မယ္ဆိုတာသိရၿပီး စာရင္းဝင္စံႏႈန္းမ်ား ေလွ်ာ့ခ်ထားေၾကာင္း သိရတဲ့အ တြက္ အလယ္အလတ္အ႐ြယ္အစားရွိ အလားအလာေကာင္းတဲ့ကုမၸဏီေတြအတြက္ အခြင့္အလမ္းေကာင္းေတြျဖစ္ပါတယ္။ ဒါေၾကာင့္ မိမိတို႔ ကြန္ယက္အတြင္းမွာရွိတဲ့ ကုမၸဏီမ်ားကို ပါဝင္ေဆာင္႐ြက္သြားဖို႔ တိုက္တြန္းသြားမွာျဖစ္ေၾကာင္း အသိေပးလိုပါတယ္'' ဟု ကုန္သည္စက္မႈ အသင္းခ်ဳပ္ ဥကၠ႒ ဦးေအးဝင္းက ေျပာၾကားခဲ့သည္။


အလားတူ စာရင္းဝင္ကုမၸဏီမ်ားကို ႏိုင္ငံေတာ္က Corporate Income Tax ေလ်ာ့ေပးထားၿပီး ေငြေခ်းစာခ်ဳပ္ ေဈးကြက္ (Corporate Bond Market) ကိုလည္း ထပ္မံေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဥကၠ႒ ဦးေမာင္ေမာင္ဝင္းက အသိေပးေျပာဆိုထားသည္။


လက္ရွိတြင္ ရန္ကုန္စေတာ့အိပ္ခ်ိန္း စာရင္းဝင္ကုမၸဏီမ်ားသည္ First Myanmar Investment (FMI), Myanmar Thilawa SEZ, Myanmar Citizens Bank(MCB)၊ First Private Bank , TMH Telecom Co.,Ltd, Ever Flow River Co.,Ltd, Amata Holding Co.,Ltd တို႔ျဖစ္ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဗန်ကူးဗားအိန္ဒိယသံရုံးကို ဆစ်ခ်ဘာသာဝင်များ ဝိုင်းဝန်းဆန္ဒပြပြီးနောက် ကနေဒါသံအမတ်ကြီးကို နယူးဒေလီ ဆင့်ခေါ်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved