ကောက်ရိုးမှတစ်ဆင့် ပျော့ဖတ်နှင့် စက္ကူများထုတ်လုပ်သည့် စက်ပစ္စည်းကိရိယာများကို ပြည်တွင်း၌ထုတ်လုပ်မည်
ယွန်း (NSS) - ဖေဖော်ဝါရီ ၂၂
ကောက်ရိုးမှတစ်ဆင့် ပျော့ဖတ် နှင့် စက္ကူများထုတ်လုပ်သည့် စက်ပစ္စည်းကိရိယာများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဖေဖော် ဝါရီလ(၂၁)ရက်တွင် ရုံးအမှတ်(၃၀)အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံစက္ကူနှင့် ပျော့ဖတ်အသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံစဥ်အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက် စပါးများကို တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး ဘေးထွက်ပစ္စည်းဖြစ်သည့် ကောက်ရိုးများဖြင့် ပျော့ဖတ်များ ပြုလုပ်ပြီး အဆင့်မြင့်စက္ကူများ ထုတ်လုပ်နိုင်ရေးကို စီမံဆောင်ရွက်ရန် ထပ်မံလမ်း ညွှန်ထားကြောင်း သိရသည်။
ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုအနည်းငယ်ဖြင့် အသေးစားစက်ရုံများတည် ဆောက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းရှိ ပြည်သူများအား အလုပ်အကိုင်ရရှိအောင် ဖန်တီးပေးနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောသည်။
ထို့ပြင် ကောက်ရိုးမှတစ်ဆင့် ပျော့ဖတ်နှင့် စက္ကူများထုတ်လုပ်သည့် စက်ပစ္စည်းကိရိယာများကိုလည်း ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ ဝန် ကြီးဌာနအနေဖြင့် အကြီးစားစက်မှုလုပ်ငန်းများကိုသာ ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အသေးစားစက်မှုလုပ်ငန်းများကို ပုဂ္ဂလိကစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှဲပြောင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။
ပြည်တွင်း၌ ယခင်က စက္ကူထုတ်လုပ်မှုကို စစ်တောင်းစက္ကူစက်ရုံ၊ ရေနီစက္ကူစက်ရုံ နှင့် သာပေါင်းစက္ကူစက်ရုံတို့တွင် ဆောင်ရွက်ခဲ့ပြီး အကြောင်း အမျိုးမျိုးကြောင့် ရပ်နားထားသည့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း)ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ဖွင့်လှစ်ခဲ့သည်။ သို့သော် နောက် ပိုင်းကာလတွင် စစ်တောင်းစက္ကူစက်ရုံအား သက်တမ်းကြာမြင့်ပြီဖြစ်ခြင်းကြောင့် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံဟာ ကလေးယူခြင်းအတွက် ကမ္ဘာ့စျေးအကြီးဆုံးနိုင်ငံဖြစ်လာ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း