အီရန်ဓါတ်ငွေ့ပိုက်လိုင်းတွေ ပေါက်ကွဲမှု နောက်ကွယ်မှာ အစ္စရေးနိုင်ငံ ပါဝင်ဆက်နွယ်နေဟု အီရန်အစိုးရ ဝေဖန်ပြစ်တင်
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂၂
ပြီးခဲ့တဲ့သီတင်းပတ်အတွင်းဖြစ်ပွားခဲ့တဲ့ အီရန်ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုဟာ အစ္စရေးနိုင်ငံရဲ့ လက်ချက်ဖြစ်ကြောင်း အီရန်စွမ်းအင်ဝန်ကြီးဂျာဗက်အိုဂျီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အီရန်နိုင်ငံ Chaharmahal ဒေသ နဲ့ Bakhtiari ဒေသတို့မှာ ဓါတ်ငွေ့ပိုက်လိုင်းနှစ်ခုပေါက်ကွဲခဲ့ပြီး အီရန်နိုင်ငံတောင်ပိုင်း Fars ဒေသမှာလည်း ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုတွေဖြစ်ပွားလာခဲ့ကြောင်း အီရန်စွမ်းအင်ဝန်ကြီးကပြောပါတယ်။ အဲဒီပေါက်ကွဲမှုတွေဟာ အဖျက်အမှောင့်လုပ်ရပ်တွေဖြစ်တယ်လို့ အီရန်အာဏာပိုင်များကပြောပါတယ်။ အီရန်စွမ်းအင်ဝန်ကြီးက "အဲဒီဓါတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုတွေဟာ အစ္စရေးနိုင်ငံရဲ့အကြံ အစည်တွေဖြစ်တယ်။ ရန်သူတွေဟာ ဒေသတွင်းရှိ ဓါတ်ငွေ့ဖြန့်ဝေရေးဝန်ဆောင်မှုတွေကို အတားဆီးအဟန့်တားဖြစ်အောင် ရည်ရွယ်ခဲ့တာဖြစ်တယ်။ ပြည်သူတွေကို ဓါတ်ငွေ့ဖြန့်ဝေမှုပိုင်း အန္တရာယ်ဖြစ်အောင်လုပ် ဆောင်ခဲ့တာပါ" လို့ ပြောပါတယ်။
အစ္စရေးနိုင်ငံကတော့ အဆိုပါစွပ်စွဲချက်များအတွက် တစ်စုံတစ်ရာ မှတ်ချက်ပြုပြောဆိုခြင်းမျိုး မရှိကြောင်းသိရပါတယ်။ အစ္စရေးအစိုးရက အီရန်ဟာ ဟားမက်စ်နဲ့ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့များကို ကူညီထောက်ပံ့ပေးနေကြောင်းစွပ်စွဲပြောဆိုခဲ့ပြီး အဲဒီအဖွဲ့အစည်းတွေကို အစ္စရေးက တိုက်ခိုက်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့လအတွင်းက ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက် ပိုင်း အရှေ့အလယ်ပိုင်းဒေသအတွင်းတင်းမာမှုအရှိန်မြင့်တက်လာခဲ့ကြောင်းသိရပါတယ်။ အီရန်နိုင်ငံရဲ့အကူအညီတွေကို လက်ခံရရှိထားတဲ့ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့တွေဟာ အစ္စရေးနဲ့ အမေရိကန်နိုင်ငံတို့ကို ပစ်မှတ်ထားတိုက်ခိုက်လာခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်း မြန်မာ့အရေးနှင့် ကမ္ဘာတစ်ဝန်းက ထူးခြားသတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း