အမေရိကန်နှင့်အစ္စရေးတို့၏ သင်္ဘောများကို ဒုံးကျည်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဟူသီလက်နက် ကိုင်အဖွဲ့ ထုတ်ပြန်ကြေညာ
Pika (NSS) - ဖေဖော်ဝါရီ ၂၂
ပင်လယ်နီနှင့်ကပ်လျက်ရှိသော အေဒင်ပင်လယ်ကွေ့တွင် အစ္စရေးကုန်တင်သင်္ဘော “MSC Silver” ကို ဒုံးကျည် အများအပြားဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့က ဖေဖော်ဝါရီလ (၂၀)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
သို့သော်လည်း ဟူသီလက်နက်ကိုင်အဖွဲ့ စစ်ဘက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီယာက အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး နောက်ထပ်အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ ကြောင်းလည်း သိရသည်။ ထုတ်ပြန်ချက်တွင် "ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ပင်လယ်နီနဲ့ အာရေးဗျပင်လယ် အတွင်းမှာရှိတဲ့ အမေရိကန်စစ်သင်္ဘောတွေနဲ့ အစ္စရေးနိုင်ငံတောင်ပိုင်း အိလတ်မြို့ကနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့အတွက် ဒရုန်းတွေကို အသုံးပြုခဲ့ပါတယ်" ဟု ရေးသားထားသည်။
ဟူသီလက်နက်ကိုင်အဖွဲ့သည် အမေရိကန်၊ဗြိတိန်နှင့်အစ္စရေးတို့၏ ကုန်တင်သင်္ဘောများကို တိုက်ခိုက်ခဲ့ကြောင်း သင်္ဘောကုမ္ပဏီများနှင့် အာမခံကုမ္ပဏီ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
အမေရိကန်နှင့်ဗြိတိန်တို့က ယီမင်ရှိ ဟူသီလက်နက်ကိုင်အဖွဲ့၏ ပစ်မှတ်များကို လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်နေသော်လည်း ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေးက ထိုးစစ်ဆင်မှုများကို မရပ်တန့်မချင်း အစ္စရေးနှင့်ဆက်နွယ်နေသော သင်္ဘောများကို ဆက်လက်ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဟူသီ လက်နက်ကိုင်အဖွဲ့က ကတိပြုပြောခဲ့သည်။
ဟူသီလက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အဗ္ဗဒူဆလမ်က"အစ္စရေးရဲ့ ရန်လိုတဲ့စစ်ဆင်ရေးတွေ မရှိ သရွေ့ နိုင်ငံတကာနဲ့ဥရောပရဲ့ ရေကြောင်းသွားလာမှုတွေက အန္တရာယ်ရှိမှာ မဟုတ်ပါဘူး။ ပင်လယ်နီဒေသမှာ စစ်ရေးပြတာမျိုးတွေ လုပ်ဆောင်ဖို့ မလိုအပ်ပါဘူး။ ကမ္ဘာကြီးက စောင့်မျှော်နေတဲ့အရာဟာ ပင်လယ်နီဒေသမှာ စစ်ရေးပြတာမျိုးမဟုတ်ဘဲ ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးကြေညာချက်ကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ကြေညာတာမျိုးပဲဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် အကြမ်းဖက်အဖွဲ့က ထပ်မံ မိုင်းခွဲ ဖျက်ဆီး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း