McDonald's က ထိပ်တန်းဂျပန်စတူဒီယိုနဲ့အတူပူးပေါင်းပြီး anime ပရောဂျက် ဖန်တီးနေ
ရောင်နီ (NSS) ဖေဖော်ဝါရီ ၂၂
ကမ္ဘာကျော် အစားအသောက်ဘရန်းတစ်ခု McDonald ရဲ့ ဂျပန်နိုင်ငံ ကုမ္ပဏီခွဲဟာ ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) မှာ Big Mac နဲ့ McFlurry လို နာမည်ကျော် Anime ကာရိုက်တာတွေ ဖန်တီးသူ၊ Naruto နဲ့ Tokyo Ghoul ဖန်တီးသူ ဂျပန်ကာတွန်းစတူဒီယို Pierrot နဲ့ ပူးပေါင်းကာ ကြောငြာအတွက် လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ ပါတယ်။
၎င်းရဲ့ဆိုရှယ်မီဒီယာစာမျက်နှာတွေပေါ်မှာ အပ်လုဒ် လုပ်ထားတဲ့ ဗီဒီယိုတစ်ခုမှာ McDonald's ဟာ anime ဇာတ်ကောင်တွေနဲ့ ၎င်းရဲ့အမှတ်အသားတွေကို ကာတွန်းပုံစံနဲ့ ပြသထားပါတယ်။ နောက်ထပ်အချက်အလက်တွေ ကိုတော့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ထပ်မံထွက်ရှိမယ်လို့ ဗီဒီယိုမှာ ပြောကြားထားပါတယ်။ ဒီပရောဂျက်ဟာ Anime နဲ့ McDonald's ပရိသတ်နှစ်ခုလုံးရဲ့အကြိုက်ဖြစ်နေပါတယ်။
ဒါဟာ ဂျပန်နိုင်ငံ၊ McDonald ရဲ့ ပထမဆုံး Anime ကာရိုက်တာတွေနဲ့ တွဲဖက်ပူးပေါင်းထားတဲ့ ပရောဂျက် မဟုတ်ပါဘူး။ ၂ဝ၂၃ ခုနှစ် ကလည်း McDonald ဟာ Studio Ghibli-esque ဒီဇိုင်းနဲ့ ကာတွန်းကြော်ငြာများ ဆက်တိုက်ထွက်ရှိခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ညွန့်ပေါင်းအစိုးရအသစ် ဖွဲ့စည်းနိုင်ရန် ပါကစ္စတန်နိုင်ငံ၏အင်အားအကြီးဆုံးပါတီကြီးနှစ်ခု သဘောတူညီ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း