တောင်ဒဂုံမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းအမျိုးသား ပွဲချင်းပြီးသေဆုံး
စော (NSS) - ဖေဖော်ဝါရီ ၂ဝ
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းအမျိုးသား ပွဲချင်းပြီးသေဆုံးသွားခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ ရက်)၊ ညနေ (၅)နာရီဝန်းကျင်အချိန်တွင် တောင်ဒဂုံမြို့နယ်၊ ရွာသာကြီး ရပ်ကွက်၊ အမှတ် (၂)လမ်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မေတ္တာစွမ်းရည်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ကားရဲ့ချွတ်ယွင်းမှုကြောင့် လမ်းပြောင်းပြန်ဘက်ကိုရောက်သွားပြီး စက်ဘီးကို ဝင်တိုက်လိုက်တာ။ ဝင်တိုက် ပြီးတော့ လမ်းဘေးသစ်ပင်ကို တစ်ခါတည်းဝင့်ဆောင့်သွားတာ။ တွဲကားမောင်းတဲ့ ယာဉ်မောင်းကတော့ အဲဒီနေရာ မှာပဲ ပွဲချင်းပြီး ဆုံးပါးသွားတယ်။ စက်ဘီးစီးနင်းလာတဲ့ လင်မယားနှစ်ယောက်လည်း ထိခိုက်သွားတယ်။ ကားက တွဲကားပါ။ သံချောင်းတွေ သယ်လာတာပါ” ဟု မေတ္တာစွမ်းရည်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းဖြစ်သူအမျိုးသားမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော လင်မယားနှစ်ဦးကို မြောက်ဥက္ကာလာပ မြို့နယ်၊ မေဓါဝီဆေးရုံသို့ မေတ္တာစွမ်းရည်လူမှုကူညီရေးအသင်းမှ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီးတင်းမာမှုများကြောင့် အစ္စရေးနိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကြီးကို ဘရာဇီးသမ္မတ ပြန်လည်ခေါ်ယူ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း