ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီးတင်းမာမှုများကြောင့် အစ္စရေးနိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကြီးကို ဘရာဇီးသမ္မတ ပြန်လည်ခေါ်ယူ
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂၁
ဂါဇာစစ်ပွဲအရေးနှင့်ပတ်သက်ပြီး အစ္စရေးနှင့် ဘရာဇီးနိုင်ငံကြားတင်းမာမှုအရှိန်မြင့်တက်နေချိန်တွင် ဘရာဇီး သမ္မတသည် အစ္စရေးနိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကြီးကိုမိခင်နိုင်ငံသို့ ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။ အစ္စရေးအစိုးရသည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ဘရာဇီးသမ္မတ လူးဝစ်အင်နာစီယို ဒါဆေးလ်ဗား၏ မှတ်ချက် စကားများအပေါ်ဝေဖန်ပြစ်တင်ခဲ့ပြီးနောက် ဘရာဇီးသမ္မတက သံအမတ်ကြီးကို ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ဘရာဇီးသမ္မတက ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီးအစ္စရေး ၏ဆောင်ရွက်ချက်များသည် ဒုတိယကမ္ဘာစစ်အတွင်းတွင် ဂျူးများကို ဂျာမနီအာဏာရှင် ဟစ်တလာ ဆုံးဖြတ်လုပ်ကိုင်ပုံနှင့် တူညီနေကြောင်းဝေဖန်ခဲ့သည်။ အဆိုပါ မှတ်ချက်စကားနှင့်ပတ်သက်ပြီး အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနသည်အစ္စရေးနိုင်ငံဆိုင်ရာဘရာဇီး သံအမတ်ကြီး ကို ခေါ်ယူကန့်ကွက်ခဲ့ကြောင်း သိရသည်။
ဘရာဇီးသမ္မတသည် အစ္စရေးနိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကြီးကို ပြန်လည်ခေါ်ယူခဲ့သော်လည်းဘ ရာဇီးနှင့် အစ္စရေးနိုင်ငံကြားသံတမန်ဆက်ဆံရေးဆက်လက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။ အစ္စရေးနိုင်ငံရှိ ဘရာဇီးသံရုံးတွင် သံရုံးယာယီခန့်တစ်ဦးထားရှိမည်ဖြစ်ရာ ယင်းလုပ်ရပ်က ဘရာဇီးနှင့်အစ္စရေးနိုင်ငံကြား သံတမန် ဆက်ဆံရေးအဆင့်နိမ့်ချလိုက်ခြင်းဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကတော့ ဘရာဇီးသမ္မတ၏ပြောဆိုချက်များကို စိတ်ဆိုးဒေါသဖြစ်နေပြီး သတ်မှတ်ထားသော နောက်ဆုံးစည်းမျဉ်းဖြစ်သည့်အနီရောင်စည်းမျဉ်းကို ဖြတ်ကျော်ဝေဖန်သည့် စကားမျိုးဖြစ် ကြောင်း ပြောဆိုထားသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အစ္စရေးသည် နိုင်ငံတကာဖိအားများ ရင်ဆိုင်နေရပြီး တောင်အာဖရိကနိုင်ငံက အစ္စရေးကို နိုင်ငံတကာတရားရုံးတွင် တရားစွဲထားကြောင်း သိရသည်။ တောင်အာဖရိကနိုင်ငံကအစ္စရေးကို ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး မျိုးသုန်းသတ်ဖြတ်မှုများကျူးလွန်နေကြောင်း စွပ်စွဲကာ တရားစွဲခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယရှိ ကယ်ရီအမျိုးသားတစ်ဦးက သတို့သမီးလောင်း ရှာပုံတော်ဖွင့်ဖို့အတွက် ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို E-Bike မှာ ရေးသားကာ စျေးဗန်းခင်း
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ