ကျောက်သင်ပုန်းများထွက်ရှိရာဒေသဟု လူသိများသည့် မုဒွန်းကျေးရွာတွင်မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၁၅) လုံးခန့် မီးလောင်ဆုံးရှုံး
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၂၀
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောက်သင်ပုန်းများထွက်ရှိရာ ဒေသဟု လူသိများသည့် မုဒွန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၁၅)လုံးခန့် မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း ကျန်းမာချမ်းသာ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့(ဖေဖော်ဝါရီ ၂ဝ ရက်)၊ မွန်းလွဲ ၂ နာရီ ၃ဝ မိနစ်ဝန်းကျင်အချိန်တွင် ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မီးစလောင်တာက လျှပ်စစ်မီးနဲ့ ဘတ္ထရီအားသွင်းရင်းကနေ ထပေါက်ပြီးလောင်တာလို့ သိရတယ်။ မီးသတ်က အချိန်မှီလာပေမယ့် လမ်းတွေ ကကျဉ်းတော့ ဝင်လို့မရတာ နဲ့ မီးလောင်တာများသွားတာ။ လောင်သွားတာလည်း တိုက်ခံအိမ်တွေချည်းပဲ” ဟု ကျန်းမာချမ်းသာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း လူနေအိမ်(၁၅)လုံးခန့် မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“လူထိခိုက်တာတော့ မရှိပါဘူး။ မီးကများသွားတော့ လူနေအိမ် (၁၅)လုံးကျော်လောက် မီးလောင်သွားတာ။ အောက်ခံတိုက်နဲ့ အပေါ်ပိုင်း သွပ်မိုးပျဉ်ကာအိမ်တွေဆိုတော့ အပေါ်ပိုင်းတွေအကုန်ပါသွားတယ်။ မီးဘေးသင့်တွေ အတွက်ကတော့ ဘယ်လိုစီစဉ်ထားလဲဆိုတာ ကျွန်တော်တို့လည်း မသိသေးပါဘူး” ဟု ၎င်းက ဆက်လက်ပြော သည်။
၎င်းမီးလောင်မှုဖြစ်စဉ်အား ချောင်းဆုံမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အခြားပရဟိတအသင်းများပူးပေါင်းကာ Level 1 အဆင့်ဖြင့် (၂)နာရီကျော် အကြာ မီးငြှိမ်းသတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့ဝင်များက စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မုဒွန်းကျေးရွာသည် ရှေးယခင်ခေတ်များတည်းက မွန်လူမျိုးတို့၏လက်မှုပညာတစ်ရပ်အဖြစ် ကျောက်သင် ပုန်းများ ထုတ်လုပ်ရာဒေသဟု လူသိများထင်ရှားသည့် ကျေးရွာဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားသမ္မတပူတင် နှင့် အမေရိကန်သတင်းထောက် တက်ကာကာလ်ဆန်တို့၏တွေ့ဆုံမေးမြန်းခန်းမှ အဓိက ကောက်နုတ်ထားသော အချက် (၁ဝ) ချက်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း