စစ်ကိုင်းတွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံးနှင့် လူမှုဝန်ထမ်းဦးစီးမှူးရုံးတို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခံရ
Pearl (NP News) - မတ် ၂၆
စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံးတို့အား အကြမ်းဖက်သမားများမှ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ (၂၃) ရက်၊ နံနက် (၁ဝ)၊ နာရီ (၄ဝ)မိနစ်အချိန်တွင် စစ်ကိုင်း တိုင်း ၊ ဝက်လက်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်သည် ဝက်လက်မြို့နယ်ရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံးတို့အား အကြမ်းဖက်သမားများက လိန်ပင်ကျေးရွာဘက်မှနေ၍ Drone ယာဉ် ၃ စီးဖြင့် Drop Bomb များ လာရောက်ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့သို့တိုက်ခိုက်မှုကြောင့် မီးသတ်ဦးစီးမှူးရုံးအနီး ကတ္တရာလမ်းပေါ် နှင့် လူမှုဝန်ထမ်းဦးစီးမှူးရုံးရှိ မူကြိုကျောင်းဆောင်ပေါ်သို့ Drop Bomb ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
ပေါက်ကွဲမှုကြောင့် မီးသတ်ဦးစီးမှူးရုံးအဆောက်အဦး ပြတင်းပေါက်မှန်(၈)ချပ်၊ နေကာမှန် (၆)ချပ် နှင့် မူကြိုကျောင်းဆောင် အမိုးသွပ် (၂) ချပ်၊ မျက်နှာကြက် (၂)ချပ်၊ နေကာမှန် (၂) ချပ်တို့ ဗုံးသီးစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် မီးသတ်ဦးစီးမှူးရုံးရှေ့၌ နွားကျောင်းနေသည့် အမှတ်(၃)ရပ်ကွက်နေ မောင်မင်းဟိန်းကျော် (၁၅)နှစ်တွင် ဗုံးသီးစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ၎င်းအား ဆေးကုသနိုင်ရန် ဝက်လက်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
zawgyi version
စစ္ကိုင္းတြင္ ၿမိဳ႕နယ္မီးသတ္ဦးစီးမႉး႐ုံးႏွင့္ လူမႈဝန္ထမ္းဦးစီးမႉး႐ုံးတို႔ Drop Bomb မ်ားျဖင့္ ပစ္ခ်တိုက္ခိုက္ခံရ
Pearl (NP News) - မတ္ ၂၆
စစ္ကိုင္းတိုင္းအတြင္းရွိ ၿမိဳ႕နယ္မီးသတ္ဦးစီးမႉး႐ုံးႏွင့္ ၿမိဳ႕နယ္လူမႈဝန္ထမ္းဦးစီးမႉး႐ုံးတို႔အား အၾကမ္းဖက္သမားမ်ားမွ Drop Bomb မ်ား ပစ္ခ်တိုက္ခိုက္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ (၂၃) ရက္၊ နံနက္ (၁ဝ)၊ နာရီ (၄ဝ)မိနစ္အခ်ိန္တြင္ စစ္ကိုင္း တိုင္း ၊ ဝက္လက္ၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္သည္ ဝက္လက္ၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္မီးသတ္ဦးစီးမႉး႐ုံးႏွင့္ ၿမိဳ႕နယ္လူမႈဝန္ထမ္းဦးစီးမႉး႐ုံးတို႔အား အၾကမ္းဖက္သမားမ်ားက လိန္ပင္ေက်း႐ြာဘက္မွေန၍ Drone ယာဥ္ ၃ စီးျဖင့္ Drop Bomb မ်ား လာေရာက္ပစ္ခ်တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
ထို႔သို႔တိုက္ခိုက္မႈေၾကာင့္ မီးသတ္ဦးစီးမႉး႐ုံးအနီး ကတၱရာလမ္းေပၚ ႏွင့္ လူမႈဝန္ထမ္းဦးစီးမႉး႐ုံးရွိ မူႀကိဳေက်ာင္းေဆာင္ေပၚသို႔ Drop Bomb ၃ လုံး က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။
ေပါက္ကြဲမႈေၾကာင့္ မီးသတ္ဦးစီးမႉး႐ုံးအေဆာက္အဦး ျပတင္းေပါက္မွန္(၈)ခ်ပ္၊ ေနကာမွန္ (၆)ခ်ပ္ ႏွင့္ မူႀကိဳေက်ာင္းေဆာင္ အမိုးသြပ္ (၂) ခ်ပ္၊ မ်က္ႏွာၾကက္ (၂)ခ်ပ္၊ ေနကာမွန္ (၂) ခ်ပ္တို႔ ဗုံးသီးစထိမွန္ပ်က္စီးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ မီးသတ္ဦးစီးမႉး႐ုံးေရွ႕၌ ႏြားေက်ာင္းေနသည့္ အမွတ္(၃)ရပ္ကြက္ေန ေမာင္မင္းဟိန္းေက်ာ္ (၁၅)ႏွစ္တြင္ ဗုံးသီးစထိမွန္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ၎အား ေဆးကုသႏိုင္ရန္ ဝက္လက္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္၍ ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြဝတီကုန်သွယ်ရေးဇုန်ကို ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သူအားလုံးကို ပြန်လည်ချေမှုန်းသွားမည်ဟု နစကပြောခွင့်ရဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း