အကျဉ်းထောင်အတွင်း ရုရှားအတိုက်ခံခေါင်းဆောင်သေဆုံးခဲ့မှုအတွက် သမ္မတပူတင်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဒေါသတကြီးဝေဖန်
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၇
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ရုရှားအတိုက်ခံခေါင်းဆောင် တစ်ဦးဖြစ်သူအကျဉ်းထောင်ထဲမှာ သေဆုံးတာနဲ့ပတ်သက်ပြီး ရုရှားသမ္မတပူတင်ကို တိုက်ရိုက်ဝေဖန်ပြစ်တင်လိုက်ကြောင်း သိရပါတယ်။
အဆိုပါရုရှားအတိုက်ခံခေါင်းဆောင်ဖြစ်သူ Alexei Navalny ဆိုသူဟာ ရုရှားနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ အကျင့်ပျက်လာဘ်စားမှုတွေနဲ့အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သူဖြစ်ကာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းအကျဉ်းထောင်ထဲမှာ သေဆုံးခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က " အလွန်မင်းဒေါသဖြစ်ရတယ်။ ဒါဟာ ရုရှားသမ္မတပူတင်နဲ့ သူရဲ့လက်အောက်ငယ်သားတွေရဲ့အမှားတွေကြောင့် ဖြစ်ရတယ်။ ရုရှားအတိုက်ခံခေါင်းဆောင်သေဆုံးမှုမှာ တာဝန်အရှိဆုံးက သမ္မတပူတင်ဖြစ်တယ်။ ရုရှားသမ္မတဟာ အမှားတွေကိုလုပ်ဆောင်ခဲ့တယ်။
ရုရှား အတိုက်ခံခေါင်းဆောင် အကျဉ်းထောင်အတွင်းသေဆုံးမှုဟာ သမ္မတပူတင်ရဲ့ရက်စက်မှုတွေကို သက်သေပြနေတာဖြစ်တယ်။ ဘယ်သူမှမလှည့်စားသင့်ဘူး"လို့ ပြောပါတယ်။
ရုရှားအတိုက်ခံခေါင်းဆောင် သေဆုံးခဲ့တယ်လို့သတင်းတွေထွက်ပေါ်လာပေမယ့် ဘယ်လိုပုံစံမျိုး သေဆုံးခဲ့သလဲဆိုတဲ့အချက်ကိုသတင်းထုတ်ပြန်ခြင်းမျိုးမရှိသေးပါဘူး၊ အမေရိကန်သမ္မတဟာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတပူတင်တို့ကို မကြာခဏဝေဖန်ပြစ်တင်ခဲ့ပြီး ရုရှားသမ္မတပူတင်ကို အာဏာရှင်တစ်ဦးဖြစ်တယ်လို့ဝေဖန်ပြစ်တင်ခဲ့ဖူးပါတယ်။ အမေရိကန်သမ္မတက ရုရှားအတိုက်ခံခေါင်းဆောင်ဟာ အဆိပ်သင့်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ပြေးအဖြစ်နေထိုင်နေရာကနေ ရုရှားနိုင်ငံကို ပြန်သွားခဲ့သူဖြစ်ကြောင်းရုရှားနိုင်ငံကို ပြန်သွားချိန်မှာ အသက်အန္တရာယ်စိုးရိမ်ရမယ့်အခြေနေမျိုးရှိနေတာကိုသိသိရက်နဲ့ ပြန်သွားခဲ့သူဖြစ်ကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း