Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာ-တရုတ် အပြန်အလှန် လျှပ်စစ်ဓာတ်အား ဝယ်ယူနိုင်မည့် နယ်စပ်ဖြတ်ကျော် ဓာတ်အားသွယ်တန်းခြင်း စီမံကိန်း ၂ဝ၂၄ ခုနှစ်၌ ပြီးစီးရန် မျှော်မှန်း

မျိုးကြီး (NP News) - မတ် ၂၅


မြန်မာ- တရုတ် အပြန်အလှန် လျှပ်စစ်ဓာတ်အား ဝယ်ယူနိုင်မည့် နယ်စပ်ဖြတ်လျှပ်စစ်ဓာတ်အား သွယ်တန်းခြင်း စီမံကိန်းကို ၂ဝ၂၄ ခုနှစ်၌ ပြီးစီးရန် ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။


လျှပ်စစ်စွမ်းအားဝန်ကြီးဦးသောင်းဟန် ဦးဆောင်သောအဖွဲ့သည် မတ်လ ၁၇ ရက်မှ ၂၂ ရက်အထိ တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုများကို သွားရောက်လေ့လာခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နစကဘက်မှ ထုတ်ပြန်ထားသည်။


ဝန်ကြီးဦးသောင်းဟန် ဦးဆောင်သောအဖွဲ့သည် တရုတ်နိုင်ငံ အမျိုးသားစွမ်းအင်စီမံအုပ်ချုပ်ရေးအဖွဲ့(NEA)၏ ဒုတိယ ဥက္ကဋ္ဌ မစ္စတာရန်ဂျင်းဒန် ဦးဆောင်သောအဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။


ထိုသို့တွေ့ဆုံစဉ် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် မြန်မာနိုင်ငံ၌ အများဆုံးဖြစ်သော ရေအားလျှပ်စစ်စီမံကိန်းများကို ထုတ်လုပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း NEA ဒုဥက္ကဋ္ဌ မစ္စတာရန်ဂျင်းဒန်က အကြံပြုခဲ့သည်။


ထို့ပြင် တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော်ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားသွယ်တန်းခြင်းစီမံကိန်း များကိုလည်း အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားရန်လည်း NEA ဒုဥက္ကဋ္ဌက တိုက်တွန်းထားသည်။


၎င်းနယ်စပ်ဖြတ်ကျော်စီမံကိန်းသည် နောင်တစ်ချိန်တွင် မြန်မာနိုင်ငံမှ လျှပ်စစ်ဓာတ်အားလိုအပ်ပါက ရောင်းချနိုင်ရန်ဖြစ်ပြီး ပိုမိုထုတ်လုပ်နိုင်ချိန်တွင် ပြန်လည်ဝယ်ယူရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း မစ္စတာရန်ဂျင်းဒန်က ဆိုသည်။


အဆိုပါတရုတ်ခရီးစဉ်အတွင်း ဝန်ကြီးဦးသောင်းဟန်က တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားသွယ်တန်း ခြင်းလုပ်ငန်းများကိုလည်း ၂၀၂၄ ခုနှစ်တွင် ရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး လိုအပ်မှုများကို တရုတ်နိုင်ငံဘက်မှ ဆက်လက်ကူညီပံ့ပိုးပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် ၂၀၃၀ ပြည့်နှစ်၌ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရန် Master Plan ကို ရေးဆွဲထားပြီးဖြစ်သော်လည်း နှစ်အလိုက်ထုတ်လုပ်မှုနှင့်သုံးစွဲမှု မမျှတမှုကြောင့် လျှပ်စစ်ဓာတ်အားလိုအပ် လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးက ပြောသည်။


ထို့ပြင် မြန်မာနိုင်ငံ၌ ရေအား၊ နေရောင်ခြင်၊ လေအားနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် အရင်းအမြစ်များ ရှိပြီးဖြစ် သည့်အတွက် တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံသူများအနေဖြင့် ထပ်မံကာ လာရောက်လုပ်ကိုင်ရန်လည်း ဝန်ကြီးဦးသောင်းဟန်က ဖိတ်ခေါ်ခဲ့သည်။


မြန်မာနိုင်ငံရှိ ရွှေလီ(၁)ရေအားလျှပ်စစ်စီမံကိန်းအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ ဟွာနန်း လန်းချန်းကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထို့ပြင် တရုတ်နိုင်ငံရှိ ရေအားလျှပ်စစ်စက်ရုံစီမံကိန်းများအတွက် ပစ္စည်းများပေးသွင်းနေပြီး လေအား လျှပ်စစ်စီမံကိန်း ထုတ်လုပ်လျက်ရှိသည့် YEIG ကုမ္ပဏီ၊ နေရောင်ခြည်စွမ်းအင်သုံးစက်ရုံစီမံကိန်းများ ဆောင်ရွက် နေသည့် ခီဒီးကုမ္ပဏီ၊ ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများတွင် ဆောင်ရွက်နေသည့် China Southern Power Grid ကုမ္ပဏီ၊ ရေအားလျှပ်စစ်စီမံကိန်းများဆောင်ရွက်နေသော SPIC ကုမ္ပဏီ၊ Datang ကုမ္ပဏီ၊ CEEC ကုမ္ပဏီ၊ State Grid ကုမ္ပဏီတို့နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအကြား လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။


zawgyi version
ျမန္မာ-တ႐ုတ္ အျပန္အလွန္ လွ်ပ္စစ္ဓာတ္အား ဝယ္ယူႏိုင္မည့္ နယ္စပ္ျဖတ္ေက်ာ္ ဓာတ္အားသြယ္တန္းျခင္း စီမံကိန္း ၂ဝ၂၄ ခုႏွစ္၌ ၿပီးစီးရန္ ေမွ်ာ္မွန္း
မ်ိဳးႀကီး (NP News) - မတ္ ၂၅

ျမန္မာ- တ႐ုတ္ အျပန္အလွန္ လွ်ပ္စစ္ဓာတ္အား ဝယ္ယူႏိုင္မည့္ နယ္စပ္ျဖတ္လွ်ပ္စစ္ဓာတ္အား သြယ္တန္းျခင္း စီမံကိန္းကို ၂ဝ၂၄ ခုႏွစ္၌ ၿပီးစီးရန္ ႀကိဳးပမ္းေနေၾကာင္း သတင္းရရွိသည္။

လွ်ပ္စစ္စြမ္းအားဝန္ႀကီးဦးေသာင္းဟန္ ဦးေဆာင္ေသာအဖြဲ႕သည္ မတ္လ ၁၇ ရက္မွ ၂၂ ရက္အထိ တ႐ုတ္ႏိုင္ငံ၏ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေနမႈမ်ားကို သြားေရာက္ေလ့လာခဲ့ၿပီး တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း နစကဘက္မွ ထုတ္ျပန္ထားသည္။

ဝန္ႀကီးဦးေသာင္းဟန္ ဦးေဆာင္ေသာအဖြဲ႕သည္ တ႐ုတ္ႏိုင္ငံ အမ်ိဳးသားစြမ္းအင္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕(NEA)၏ ဒုတိယ ဥကၠ႒ မစၥတာရန္ဂ်င္းဒန္ ဦးေဆာင္ေသာအဖြဲ႕ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထိုသို႔ေတြ႕ဆုံစဥ္ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္ရန္အတြက္ ျမန္မာႏိုင္ငံ၌ အမ်ားဆုံးျဖစ္ေသာ ေရအားလွ်ပ္စစ္စီမံကိန္းမ်ားကို ထုတ္လုပ္ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း NEA ဒုဥကၠ႒ မစၥတာရန္ဂ်င္းဒန္က အႀကံျပဳခဲ့သည္။

ထို႔ျပင္ တ႐ုတ္-ျမန္မာနယ္စပ္ျဖတ္ေက်ာ္ေဆာင္႐ြက္လ်က္ရွိသည့္ လွ်ပ္စစ္ဓာတ္အားသြယ္တန္းျခင္းစီမံကိန္း မ်ားကိုလည္း အျမန္ဆုံးအေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားရန္လည္း NEA ဒုဥကၠ႒က တိုက္တြန္းထားသည္။

၎နယ္စပ္ျဖတ္ေက်ာ္စီမံကိန္းသည္ ေနာင္တစ္ခ်ိန္တြင္ ျမန္မာႏိုင္ငံမွ လွ်ပ္စစ္ဓာတ္အားလိုအပ္ပါက ေရာင္းခ်ႏိုင္ရန္ျဖစ္ၿပီး ပိုမိုထုတ္လုပ္ႏိုင္ခ်ိန္တြင္ ျပန္လည္ဝယ္ယူရန္ ရည္႐ြယ္ခ်က္ျဖင့္ ေဆာင္႐ြက္ခဲ့ျခင္း ျဖစ္ေၾကာင္း မစၥတာရန္ဂ်င္းဒန္က ဆိုသည္။

အဆိုပါတ႐ုတ္ခရီးစဥ္အတြင္း ဝန္ႀကီးဦးေသာင္းဟန္က တ႐ုတ္-ျမန္မာနယ္စပ္ျဖတ္ေက်ာ္ လွ်ပ္စစ္ဓာတ္အားသြယ္တန္း ျခင္းလုပ္ငန္းမ်ားကိုလည္း ၂၀၂၄ ခုႏွစ္တြင္ ရရွိေစရန္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိၿပီး လိုအပ္မႈမ်ားကို တ႐ုတ္ႏိုင္ငံဘက္မွ ဆက္လက္ကူညီပံ့ပိုးေပးရန္ ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ၂၀၃၀ ျပည့္ႏွစ္၌ တစ္ႏိုင္ငံလုံး လွ်ပ္စစ္ဓာတ္အားရရွိရန္ Master Plan ကို ေရးဆြဲထားၿပီးျဖစ္ေသာ္လည္း ႏွစ္အလိုက္ထုတ္လုပ္မႈႏွင့္သုံးစြဲမႈ မမွ်တမႈေၾကာင့္ လွ်ပ္စစ္ဓာတ္အားလိုအပ္ လ်က္ရွိေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးက ေျပာသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံ၌ ေရအား၊ ေနေရာင္ျခင္၊ ေလအားႏွင့္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ႏိုင္ရန္ အရင္းအျမစ္မ်ား ရွိၿပီးျဖစ္ သည့္အတြက္ တ႐ုတ္ႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံသူမ်ားအေနျဖင့္ ထပ္မံကာ လာေရာက္လုပ္ကိုင္ရန္လည္း ဝန္ႀကီးဦးေသာင္းဟန္က ဖိတ္ေခၚခဲ့သည္။

ျမန္မာႏိုင္ငံရွိ ေ႐ႊလီ(၁)ေရအားလွ်ပ္စစ္စီမံကိန္းအား လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနႏွင့္ တ႐ုတ္ႏိုင္ငံ ဟြာနန္း လန္းခ်န္းကုမၸဏီတို႔ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ တ႐ုတ္ႏိုင္ငံရွိ ေရအားလွ်ပ္စစ္စက္႐ုံစီမံကိန္းမ်ားအတြက္ ပစၥည္းမ်ားေပးသြင္းေနၿပီး ေလအား လွ်ပ္စစ္စီမံကိန္း ထုတ္လုပ္လ်က္ရွိသည့္ YEIG ကုမၸဏီ၊ ေနေရာင္ျခည္စြမ္းအင္သုံးစက္႐ုံစီမံကိန္းမ်ား ေဆာင္႐ြက္ ေနသည့္ ခီဒီးကုမၸဏီ၊ ဓာတ္အားပို႔လႊတ္ေရးစီမံကိန္းမ်ားတြင္ ေဆာင္႐ြက္ေနသည့္ China Southern Power Grid ကုမၸဏီ၊ ေရအားလွ်ပ္စစ္စီမံကိန္းမ်ားေဆာင္႐ြက္ေနေသာ SPIC ကုမၸဏီ၊ Datang ကုမၸဏီ၊ CEEC ကုမၸဏီ၊ State Grid ကုမၸဏီတို႔ႏွင့္ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနအၾကား လုပ္ငန္းမ်ား ပူးေပါင္းေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လီဗာပူးလ်နှင့်ပွဲကို ဟာလန်းပါဝင်ကစားနိုင်ခြင်း ရှိ/မရှိဆိုသည့်အချက်ကို ဖခင်ဖြစ်သူထုတ်ဖော်ပြောဆို

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved