ပြည်မြို့၌ လူငယ်တစ်ဦးအား ရဲတပ်ဖွဲ့မှ လာရောက်ဖမ်းဆီးစဉ် အသက်(၆ဝ)အရွယ် အမျိုးသားတစ်ဦး ဓားဖြင့်ထိခိုက်မိကာ သေဆုံး
Pearl (NP News) - မတ် ၂၅
ပဲခူးတိုင်း၊ ပြည်မြို့တွင် အမျိုးသားတစ်ဦး မတော်တဆ ဓားထိမှန်၍ သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၂၅ ရက်) ၊ ညနေ (၃)နာရီခွဲအချိန်ခန့်တွင် ပြည်မြို့၊ ခေတ္တရာမြို့သစ်၊ ၄ ရပ် ကွက်၊ ၁ လမ်း၊ နတ်ကွန်းအနီးတွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ ၄ ရပ်ကွက်၊ ၁လမ်းတွင် နေထိုင်သော အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့မှ လာရောက်ဖမ်းဆီးစဉ် အသက် (၆ဝ)နှစ်အရွယ် အမျိုးသားတစ်ဦးသည် မတော်တဆဓားထိမှန်၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ရဲက အဲဒီကောင်လေးကိုလာဖမ်းတဲ့အချိန်မှာ ကောင်လေးက သူ့အိမ်တံခါးကို ဓားနဲ့ခုတ်နေတာ။ အဲဒီမှာ ဦးလေးကြီးက ကောင်လေးကို ဝင်ဆွဲပေးတာ။ ဆွဲပေးတဲ့အချိန် ဓားကကျွတ်ပြီးဦးလေးကြီး ရင်ဘက်ကို ထိသွားတာ၊ ရဲက ဘာအမှုနဲ့ လာဖမ်းလဲတော့ မသိဘူး၊ အခု သေတာကတော့ မတော်တဆဖြစ်သွားတာ၊ ကျွန်တော်တို့ရောက်တော့ ရဲတွေဖမ်းသွားပြီ" ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထိုသို့ မတော်တဆဖြစ်ပွားမှုကြောင့် အသက် (၆ဝ)နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးသည် ရင်ဘက်တွင် ဓားဒဏ်ရာရရှိကာ သွေးထွက်လွန်ပြီး အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကြောင်းသိရသည်။
အဆိုပါ သေဆုံးသူသည် ရဲတပ်ဖွဲ့မှ လာရောက်ဖမ်းဆီးသည့်အမျိုးသားနှင့် တစ်ရပ်ကွက်တည်း နေထိုင်သူဖြစ်ပြီး လက်ရှိတွင် ရုပ်အလောင်းအား ပြည်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
zawgyi version
ျပည္ၿမိဳ႕၌ လူငယ္တစ္ဦးအား ရဲတပ္ဖြဲ႕မွ လာေရာက္ဖမ္းဆီးစဥ္ အသက္(၆ဝ)အ႐ြယ္ အမ်ိဳးသားတစ္ဦး ဓားျဖင့္ထိခိုက္မိကာ ေသဆုံး
Pearl (NP News) - မတ္ ၂၅
ပဲခူးတိုင္း၊ ျပည္ၿမိဳ႕တြင္ အမ်ိဳးသားတစ္ဦး မေတာ္တဆ ဓားထိမွန္၍ ေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(ျပည္)ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၂၅ ရက္) ၊ ညေန (၃)နာရီခြဲအခ်ိန္ခန႔္တြင္ ျပည္ၿမိဳ႕၊ ေခတၱရာၿမိဳ႕သစ္၊ ၄ ရပ္ ကြက္၊ ၁ လမ္း၊ နတ္ကြန္းအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
အဆိုပါ ၄ ရပ္ကြက္၊ ၁လမ္းတြင္ ေနထိုင္ေသာ အမ်ိဳးသားတစ္ဦးအား ရဲတပ္ဖြဲ႕မွ လာေရာက္ဖမ္းဆီးစဥ္ အသက္ (၆ဝ)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ မေတာ္တဆဓားထိမွန္၍ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
"ရဲက အဲဒီေကာင္ေလးကိုလာဖမ္းတဲ့အခ်ိန္မွာ ေကာင္ေလးက သူ႔အိမ္တံခါးကို ဓားနဲ႔ခုတ္ေနတာ။ အဲဒီမွာ ဦးေလးႀကီးက ေကာင္ေလးကို ဝင္ဆြဲေပးတာ။ ဆြဲေပးတဲ့အခ်ိန္ ဓားကကြၽတ္ၿပီးဦးေလးႀကီး ရင္ဘက္ကို ထိသြားတာ၊ ရဲက ဘာအမႈနဲ႔ လာဖမ္းလဲေတာ့ မသိဘူး၊ အခု ေသတာကေတာ့ မေတာ္တဆျဖစ္သြားတာ၊ ကြၽန္ေတာ္တို႔ေရာက္ေတာ့ ရဲေတြဖမ္းသြားၿပီ" ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(ျပည္)၏ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ထိုသို႔ မေတာ္တဆျဖစ္ပြားမႈေၾကာင့္ အသက္ (၆ဝ)ႏွစ္ဝန္းက်င္အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ ရင္ဘက္တြင္ ဓားဒဏ္ရာရရွိကာ ေသြးထြက္လြန္ၿပီး အခင္းျဖစ္ေနရာတြင္ေသဆုံးသြားခဲ့ေၾကာင္းသိရသည္။
အဆိုပါ ေသဆုံးသူသည္ ရဲတပ္ဖြဲ႕မွ လာေရာက္ဖမ္းဆီးသည့္အမ်ိဳးသားႏွင့္ တစ္ရပ္ကြက္တည္း ေနထိုင္သူျဖစ္ၿပီး လက္ရွိတြင္ ႐ုပ္အေလာင္းအား ျပည္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတကာကုန်သွယ်မှုများတွင် အမေရိကန်ဒေါ်လာအသုံးပြုမှုကို အစားထိုးရန်ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး တရုတ်နှင့်ရုရှားတို့ကို အမေရိကန်အစိုးရ သတိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း