မြောက်ဒဂုံမြို့နယ်တွင် အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးကာ ဖုန်းလုယက်မှုဖြစ်ပွား
စော (NSS) - ဖေဖော်ဝါရီ ၁၄
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်တွင် အမျိုးသားတစ်ဦးကို ဓားဖြင့် ထိုးကာ ဖုန်းလုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၃ ရက်)၊ ည (၇)ဝန်းကျင်အချိန်တွင် မြောက်ဒဂုံမြို့နယ်၊ ၃၉ (B)ရပ်ကွက်၊ ဖိုးဝဇီရာလမ်းတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဖုန်းလုတာက သုံးယောက်ပါ။ နောက်ကနေ ဆိုင်ကယ်ဘေးတွဲနဲ့လိုက်လာတာ မှောင်နေတော့ ဓားနဲ့ထိုးပြီး ဖုန်းလု သွားတာ။ သူ့အိမ်နားလေးမှာပဲဖြစ်တာ။ အပြင်ကနေ သူ့သူငယ်ချင်းနှစ်ယောက်နဲ့ပြန်လာတာ။ သူ့သူငယ်ချင်း တွေက ဒဏ်ရာမရဘူး။ သူတစ်ယောက်ပဲ ဒဏ်ရာရတာ။ သူ့ဖုန်းပဲပါသွားတယ်” ဟု မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ဓားဖြင့် ထိုးခံရသောအမျိုးသားမှာ ဖုန်းပြည့်တေဇာ (၂၀)နှစ်ဖြစ်ပြီး ဦးခေါင်း၊ လည်ဂုတ်နှင့် ကျောဘက်တို့တွင် ထိုးသွင်းဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသားသည် လက်ရှိအချိန်အထိ မြောက်ဥက္ကာလာပဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်၊ ည ၁၂ နာရီဝန်းကျင်အချိန်တွင် တာမွေမြို့နယ်၊ ယုဇနပလာဇာရှေ့တွင် တက္ကစီယာဉ်မောင်းကို ဓားဖြင့်ထိုးကာ ကားလုယက်ယူဆောင်ပြီးနောက် ရပ်ထားသည့် ကား(၁၀)စီးအား ဝင်တိုက်မှုဖြစ်ပွားခဲ့သေးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်တိုင်းရှိ မြို့နယ်(၁၈)ခုတွင် ဆန်တစ်ပြည်လျှင် (၃၃၀၀)ကျပ်နှုန်းဖြင့် တစ်ပတ်လျှင် (၃)ရက် ပုံမှန်ရောင်းချပေးမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း