Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နည်းနာသစ်ဖြင့် ချဉ်းကပ်ဖြေရှင်းရန်လိုအပ်နေသည့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ(ဘာသာပြန်ဆောင်းပါး)

သန်းထိုက်စိုး (NSS) - ဖေဖော်ဝါရီလ - ၁၄ 

ကမ္ဘာတွင်စစ်မီးပွားအဖြစ် အချိန်မရွေးထတောက်နိုင်သည့် ကမ္ဘာ့ပြဿနာများမှာ အစ္စရေး-ပါလက်စတိုင်းပြဿနာ၊ ထိုင်ဝမ်ရေလက်ကြားပြဿနာနှင့် ကိုရီးယားကျွန်းဆွယ် ပြဿနာတို့ဖြစ်သည်ဟု နိုင်ငံတကာ စစ်ရေးလေ့လာသူ ပညာရှင်တချို့က သတိပေးထောက်ပြခဲ့ကြဖူးသည်။ အစ္စရေး-ပါလက်စတိုင်း ပြဿနာဆိုလျှင် နိုင်ငံတကာ စာမျက်နှာများတွင် မကြာခဏဆိုသကဲ့သို့ပါရှိနေရာ သတင်း ဖတ်ရသူများအတွက် အထူးအဆန်းပင် မဟုတ်သကဲ့သို့ ဖြစ်နေသည်။ သို့သော် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က တိုက်ခိုက်မှုမှာ ယခင်ဖြစ်စဉ်များနှင့် ကွဲပြားခဲ့သည်။ ထိုသို့ဖြစ်လာခဲ့ခြင်းကပင် တိုက်ခိုက်မှု ပြုလုပ်ခဲ့ သည့် ဟားမတ်စ်တို့၏ ရည်ရွယ်ချက်ဖြစ်သည်ဟုလည်း အရှေ့အလယ်ပိုင်းအရေး လေ့လာသူများက ယူဆကြ သည်။

    ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေးနိုင်ငံကို ဟားမတ်စ်တို့က အကြမ်းဖက် တိုက်ခိုက်ခဲ့ရာ အစ္စရေး-ပါလက်စတိုင်းပြဿနာဖြေရှင်းရေး ယခင်က တင်ကူး လက်ခံထားခဲ့ကြသည့်အမြင်မှာ မှားယွင်း ကြောင်း အမြင်ဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်စေခဲ့သည်။ ဟားမတ်စ်တို့ အနေဖြင့် အစ္စရေးတို့ကို တိုက်ခိုက်ရာတွင် အစ္စရေးတို့၏ စုစည်းခုခံမှုများကို ရင်ဆိုင်ရခြင်းမရှိဘဲ အဆင့်မြင့် နယ်စပ် လုံခြုံရေးအတားအဆီးများကို အလွယ်တကူပင် ကျော်လွှား နိုင်ခဲ့သည်။  ဟားမတ်စ်တိုက်ခိုက်ရေးသမားများသည် အစ္စ ရေးနိုင်ငံသား ၁၂၀ဝ ကျော်ကို သတ်ဖြတ်နိုင်ခဲ့သည်။ ၂၀ဝ ကျော်ကို ဂါဇာသို့ ပြန်ပေးဆွဲခဲ့ပြီး တိုက်ခိုက်သတ်ဖြတ်မှုများ ကိုလည်း လူမှုမီဒီယာပေါ်တွင် လွှင့်တင်ခဲ့ကြသည်။

အစ္စရေးတို့တွင် အကောင်းဆုံးထောက်လှမ်းရေး မော့ဆက်ရှိနေပါလျက် မည်သည့်အတွက်ကြောင့် အလစ်အငိုက်အတိုက်အခိုက်ခံခဲ့ရသနည်းဟု မေးခွန်းထုတ်ခဲ့ကြသည်။ အစ္စရေးတို့သည် ၎င်းတို့၏ နယ်စပ်နှစ်ဖက်ရှိ အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုများနှင့် ခြိမ်းခြောက် မှုများ အားလုံးကို ကြိုတင်လက်ဦးမှုရယူပြီး ချေမှုန်းနိုင် ခဲ့သည်သာ ဖြစ်သည်။ ဂါဇာကို အနီးကပ် စောင့်ကြည့်ပြီး အချိန်မရွေး စစ်ဆင်ရေးစတင်နိုင်သည့် အသင့်အနေအ ထားတွင် ရှိနေခဲ့သည်။


ဆယ်စုနှစ်ပေါင်းများစွာ ကြာလာခဲ့ပြီဖြစ်သည့် အစ္စရေး-ပါလက်စတိုင်း ပြဿနာသည် စီမံခန့်ခွဲမှု နည်းလမ်းသုံးပြီး ဆေးမြီးတိုဖြင့်သာ ကုသခဲ့ခြင်းဖြစ်ပြီး ဆေးခါးကြီးတိုက်ပြီး ရောဂါပျောက်အောင် ကုသနိုင်ခဲ့ခြင်း မရှိခဲ့ပါ ။  အစ္စရေးတို့အနေဖြင့် ပါလက်စတိုင်းပြဿနာကို တိုက်ရိုက် ဖြေရှင်းခြင်းမရှိဘဲ အိမ်နီးချင်း အာရပ်နိုင်ငံများ နှင့် ငြိမ်းချမ်းရေးယူပြီး  သံတမန်ဆက်ဆံရေး ထူထောင်ကာ သွယ်ဝိုက်ဖြေရှင်းရန် ကြိုးပမ်းခြင်း ဖြစ်သည်။ အရှေ့အ လယ်ပိုင်း ငြိမ်းချမ်းရေးမှာ ပါလက်စတိုင်းပြည်သူများ ပါဝင်ခြင်းမရှိဘဲ သို့မဟုတ် ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်ခြင်း မရှိဘဲ အောင်မြင်မှု မရနိုင်ဆိုသည်မှာလည်း သေချာသည်။ သို့သော် လက်တွေ့တွင် မဖြစ်နိုင်မှန်းလည်း သိထား ကြသည်။


  ပါလက်စတိုင်းရှိ ဗြိတိသျှအုပ်ချုပ်ရေးအဖွဲ့သည် ၁၉၄၇ ခုနှစ်တွင် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်နိုင်ရေး ကြိုးပမ်းခဲ့သည်။ ကုလသမဂ္ဂအထွေထွေညီလာခံကလည်း ဆုံးဖြတ်ချက်အမှတ် ၁၈၁ ကို ချမှတ်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်တွင် နယ်မြေနှစ်ခု ခွဲထုတ်ခဲ့ရာ တစ်ဖက်တွင် ဂျူးနယ်မြေဖြစ်ပြီး အခြားတစ်ဖက်မှာ အာရပ်နယ်မြေဖြစ် သည်။ သို့သော် အစ္စရေးတို့က ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ကြေညာခဲ့ရာ အာရပ်အိမ်နီးချင်း ငါးနိုင်ငံက ကျူးကျော် တိုက်ခိုက်ခဲ့ကြရာမှ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲ စတင် ဖြစ်ပွားခဲ့ရာ ယနေ့အထိ ပုံစံအမျိုးမျိုးဖြင့် ငုပ်လိုက်ပေါ်လိုက် ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ အဆုံးသတ်ရေး အတွက် ရွေးချယ်စရာများမှာလည်း တစ်စုံတစ်ရာ ပြောင်း လဲမှုမရှိခဲ့ပါ။ သီအိုရီအရကြည့်ပါကလည်း ဂျော်ဒန်မြစ်နှင့် မြေထဲပင်လယ်ကြားရှိ ကုန်းမြေအားလုံးသိမ်းယူပြီး ရှုံးသည့် ဘက်ကို နှင်ထုတ်ရန် ဖြစ်သည်။ သို့သော်လည်း ရလဒ်မှာ ၂၁ ရာစုရောက်သည်အထိ နိုင်ငံတကာအသိုင်းအဝိုင်းကပါ ကျေနပ်လောက်သည့်အခြေအနေမျိုး ထွက်ပေါ် လာခဲ့ခြင်း မရှိသေးပါ။ တစ်ခုတည်းသောရွေးချယ်စရာမှာ နှစ်ဖက်လုံး တွင် စီးပွားရေးအရ အပြန်အလှန်ဆက်နွှယ်မှုများ (Economically Linked) ပြုလုပ်ပြီး နှစ်နိုင်ငံတည် ထောင်ခြင်းကို နှစ်ဖက်လုံးကလက်ခံရမည်ဟု  အပေးအယူ ပြုလုပ်သည့်နည်းပင် ဖြစ်သည်။

နှစ်နိုင်ငံတည်ရှိရေး (two-state solution )ရွေးချယ်မှုကို ၁၉၉၀ ပြည့်နှစ် အစောပိုင်း အောက်စလို သ ဘောတူညီချက်များရရှိပြီး ချက်ချင်းဆိုသကဲ့သို့ စတင်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် အဆိုပါအရွေ့သည် ၁၉၉၅ ခုနှစ်တွင် လက်ယာစွန်းအစ္စရေး အမျိုးသားရေးဝါဒီ တစ်ဦးက အစ္စရေးဝန်ကြီးချုပ် Yitzhak Rabin ကို   လုပ်ကြံသတ်ဖြတ်ခြင်းနှင့်အတူပျက်ပြယ်သွားခဲ့သည်။ အောက်စလို သဘောတူညီချက် လမ်းပြမြေပုံအတိုင်း ထိန်းသိမ်းရန် ကြိုးပမ်းမှုတချို့ရှိခဲ့သော်လည်း အရာ မထင်ခဲ့ပါ။ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (Palestinian Liberation Organization)  ဥက္ကဋ္ဌ ဖြစ်သူ Yasser Arafat သည် အစ္စရေးကို အကြမ်း ဖက်မှုများနှင့် ကြောက်လန့်အောင်ပြုလုပ်ပြီး ဒူးထောက်အရှုံးပေးလာလိမ့်မည်ဟု ယုံကြည်သည့်အတွက် Second Intifada ခေါ် ဒုတိယအကြိမ်မြောက် အကြမ်းဖက်လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ ယင်းလှုပ်ရှားမှုမှာ သမိုင်းဝင်အမှားတစ်ခု ကျူးလွန်ခြင်းသာ ဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။ အဆိုပါလှုပ်ရှားမှုကြောင့် တိုးတက်မှု တစ်စုံတစ်ရာ မရှိခဲ့ပါ ။

ထိုအချိန်မှစ၍ အောက်စလိုသဘောတူညီချက်မှာ လည်း အသုံးမဝင်သည့်စက္ကူကျားဖြစ်ရုံသာမက ဝမ်းနည်း ကြေကွဲဖွယ် သတိပေးမှတ်တမ်းတစ်ခုအဖြစ်သာ ကျန်ရစ် ခဲ့သည်။ တစ်ချိန်က ကမ်းလှမ်းခဲ့သည့် ဖြေရှင်းချက်များ သည် ယခုအခါ ပို၍ပို၍ပင် ဝေးကွာသွားခဲ့ပြီ ဖြစ်သည်။ တစ်ဖက်က အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ပြီး ကျန်တစ်ဖက်က ကျူးကျော်သိမ်းပိုက်မှုများ ပြုလုပ်ခဲ့ သည်။ နှစ်ဖက်လုံးသည် အကြမ်းဖက်မှုနှင့် ထိပ်တိုက် ရင်ဆိုင်မှုများဆီသို့သာ တိုးပြီးရင်း တိုးလာနေကြသည်။ ယင်းသို့ သံသရာလည်လာခဲ့ကြသည်မှာ အောက်တိုဘာလ ၇ ရက်နေ့ အစ္စရေးအရပ်သား အများအပြား အသတ်ခံခဲ့ရ သည့်အခြေထိ ဆိုက်လာခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံတည်ရှိရေး ဖြေရှင်းချက် two-state solution မည်သို့အလုပ်ဖြစ်နိုင်ပါသနည်း။ ကနဦးအဖြစ် တစ်နိုင်ငံ၏ တရားဝင်ရပ်တည်ပိုင်ခွင့်ကို တစ်နိုင်ငံက လက်ခံပေးရန်ဖြစ်သည်။ သို့သော် အစ္စရေးကို ၎င်း၏ လုံခြုံရေးနှင့်ပတ်သက်၍ အပေးအယူပြုလုပ်ရန် မတောင်း ဆိုနိုင်သကဲ့သို့ ပါလက်စတိုင်းကိုလည်း အနောက်ဘက် ကမ်းခြေတွင် အစ္စရေးအခြေချသူများ နေထိုင်သည့် နေရာကို လက်ခံလိုက်ရန် သို့မဟုတ် လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လိုခြင်းကို စွန့်လွှတ်ရန် လည်း မမျှော်လင့်နိုင်ပါ။

ဂါဇာစစ်ပွဲပြီးဆုံးသွားပါက အရေးကြီးဆုံးပြုလုပ်ရမည့် လုပ်ငန်းစဉ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဗားရှင်းအ သစ်ဖြင့် ပြန်စရန်၊ ယန္တရားပုံမှန်လည်ပတ်နိုင်ခြင်းမရှိသည့် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကို ပြုပြင်ပြောင်းလဲရန်နှင့် အစ္စရေးခေါင်းဆောင်ပိုင်း ပြောင်းလဲရန် လိုအပ်သည်ဟု ယူဆချက်တချို့ရှိသည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာ ဟု၏ လက်ယာစွန်းအစိုးရ ဆက်ရှိနေဦးမည်ဆိုပါက ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရန် ကြိုးပမ်းမှုမှာ အ လုပ်ဖြစ်နိုင်မည် မဟုတ်ဟု ယူဆနေကြခြင်း ဖြစ်သည်။


အသစ်ပြန်စရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ယုံကြည်စိတ်ချရသည့် အဖွဲ့အစည်းတစ်ခုမှ ကြီးမားသည့် စစ်ရေး၊ နိုင်ငံရေးနှင့် ဘဏ္ဍာရေးအကူအညီများ လိုအပ် မည်ဖြစ်သည်။ သို့သော် ဒေသအမြင်နှင့် ကမ္ဘာ့အမြင်တွင် သိသာသည့် ပြောင်းလဲမှုများရှိနေသည့်အတွက် အမေရိ ကန်နှင့် ဥရောပချည်းသက်သက် အစ္စရေး-ပါလက်စတိုင်း ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ပါ။ ယင်းအတွက် ကမ္ဘာ့ ဇာတ်ခုံတွင် နေရာယူလာသည့် တရုတ်နိုင်ငံပါဝင်ရန် လို အပ်လာမည် ဖြစ်သည်။ ကမ္ဘာ့အရေးအရာများတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားရန် လိုအပ်လာပြီ ဖြစ်သည်။ သို့သော် အမျိုးအနွယ်တူများ ဖြစ်သည့် အီရန်ရှိ ရာဒီကယ်သမားများအခြေပြုထားရာ ကွန်ရက်များကို အလယ်အလတ်သမားများ ဖြစ်လာအောင် မစည်းရုံးနိုင်ပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင် နိုင်မည် မဟုတ်ဟုလည်း ဆိုကြသည်။

သမ္မတဘိုင်ဒန်ကမူ အောက်တိုဘာ ၇ ရက်နေ့ မတိုင် မီကအခြေအနေမျိုးပြန်ရောက်ရန် မဖြစ်နိုင်ဘဲ ရှေ့ဆက် သွားရမည်၊ ရှေ့ဆက်မည်ဆိုပါကလည်း နှစ်နိုင်ငံတည်ရှိရေး two-state solution သာရှိသည်ဟု အစ္စရေးခရီး စဉ်အတွင်းက ပြောဆိုခဲ့သည်။ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ နိုင်ငံတိုင်းတွင် မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိရာ အစ္စရေးတွင်လည်း ခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်း၊ သို့သော် အစ္စရေးတို့အနေဖြင့် နိုင်ငံတကာဥပဒေကို လေးစားလိုက် နာပြီး အရပ်သားများကို အကာအကွယ်ပေးသင့်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Eli Cohen နှင့် တယ်လီဖုန်း ဆက်သွယ်စကားပြောဆိုစဉ်တွင် ထည့်သွင်းပြောဆိုခဲ့ သည် ဟု  Bloomberg report တွင် ဖော်ပြထားသည်။ အစ္စရေးတို့၏ မြေပြင်ထိုးစစ်နှင့် ဗုံးကြဲတိုက်ခိုက်မှုများ ကြောင့် အိုးအိမ်မဲ့စွန့်ခွာကြရသည့် ပါလက်စတိုင်းလူငယ် များမှာ အစ္စရေးတို့အပေါ် မုန်းတီးနာကြည်းစိတ်များ ထပ်မံ ဖြစ်ပေါ်လာကြဦးမည်မှာသေချာသည်။ အလုပ်လက်မဲ့ ဖြစ်ကာ အကြမ်းဖက် အစွန်းရောက်စိတ်ဖြစ်ရန် တွန်းပို့ သကဲ့သို့လည်း ဖြစ်နေဦးမည်သာ ဖြစ်သည်။ အစ္စရေး-ဟားမတ်စ် စစ်ပွဲဟုပင်ပြောပြော၊ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဟုပင်ဆိုဆို ကြာရှည်ဦးမည်ဖြစ်သည်။

ယခုအခါ အစ္စရေး-ဟားမတ်စ် စစ်ပွဲ၏ နောက် ဆက်တွဲအဖြစ် အီရန်ကျောထောက်နောက်ခံ ပြုထားသည့် ဟူသီသူပုန်တို့က ပင်လယ်နီကို ဖြတ်သန်းသွားလာသည့် အမေရိကန်နှင့် ဗြိတိန် ကုန်တင်သင်္ဘောများကို တိုက်ခိုက် မှုများ ပြုလုပ်နေသည်။ အမေရိကန်နှင့်ဗြိတိန်တို့ကလည်း ယီမင်နိုင်ငံအတွင်းရှိ ဟူသီသူပုန်တို့၏ ခြေကုပ်စခန်းဟု ယူဆရသည့်နေရာများကို လေကြောင်းဖြင့် တုံ့ပြန်တိုက် ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ ဂါဇာတွင် အစ္စရေးတို့၏လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင် ထိုးစစ်ဆင်မှုများသည် အရပ်သားသေကျေမှုများ ရှိခဲ့ရာ တောင်အာဖရိကနိုင်ငံက အစ္စရေးနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်ဖြင့် အပြည် ပြည်ဆိုင်ရာ တရားရုံး (ICJ)တွင် တရားစွဲဆိုမှုများပင် ရှိ လာခဲ့သည်။ အစ္စရေးပြည်သူ အများအပြားကလည်း ဝန် ကြီးချုပ်နေတန်ယာဟုကို နုတ်ထွက်ပေးရန် တောင်း ဆိုမှုများ ရှိလာခဲ့သည်။ ဂါဇာဒေသတွင် အစ္စရေးတို့ ထိုးစစ်စချိန်မှ၍ ယနေ့အထိ ပါလက်စတိုင်း ပြည်သူ ၂၅၀ဝ၀ ကျော် သေဆုံးခဲ့ပြီး ၆၄၀ဝ၀ ကျော် ဒဏ်ရာ ရရှိခဲ့ပြီး ဖြစ်သည်။

၂၁ ရာစု ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးနှင့် ငြိမ်း ချမ်းရေးကို ရယူလိုပါက အစ္စရေး-ပါလက်စတိုင်း ပြဿ နာကိုလည်း လက်တွေ့ကျသည့် နိုင်ငံရေး လိုအပ်ချက် တစ်ရပ်အဖြစ် ခံယူဖြေရှင်းကြရန် လိုနေသည်။ အစ္စရေး-ပါလက်စတိုင်းပြဿနာ မဖြေရှင်းနိုင်သေးပါက ကမ္ဘာ့ ငြိမ်းချမ်းရေးလည်း မမျှော်မှန်းနိုင်သေးပါ။ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခမှာ ပြဿနာဟောင်းဖြစ်ရာ နည်းနာ အသစ်များဖြင့် ချဉ်းကပ်ဖြေရှင်းနိုင်မှသာ ပြေလည်ရေး လမ်းစတွေ့နိုင်လိမ့်မည်ဟု ယူဆရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

( ၅ )နှစ် ကြာမြင့်မည့် မုဒုံလေဆိပ်စီမံကိန်းက မွန်ပြည်နယ်နှင့် ဒေသ (၂)ခုရှိ စီးပွားရေးအလားအလာကို ဆွဲတင်လိမ့်မည်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved