မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ESPERDO ဟိုတယ်ပိုင်ရှင်၏ ဇနီးဖြစ်သူ လုပ်ကြံသတ်ဖြတ်ခံခဲ့ရ
NSS - ဖေဖော်ဝါရီ ၁၃
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ESPERDO ဟိုတယ်ပိုင်ရှင်၏ ဇနီးဖြစ်သူသည် လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ထိုသို့ လုပ်ကြံသတ်ဖြတ်ခံရမှုဖြစ်စဉ်သည် ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဦးအောင်မြတ်လမ်းနှင့် ကန်ရိပ်သာလမ်းထောင့်၊ အမှတ်(၂၃)ရှိ ESPERADO ဟိုတယ်(၃)လွှာ၊ အခန်းအမှတ်(30003) တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူက NP News ကို ပြောသည်။
ESPERADO ဟိုတယ်ပိုင်ရှင် ဦးအောင်ဇော်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်းဦးသည် ယနေ့ နံနက်ပိုင်းတွင် ဟိုတယ် အခန်းတွင်းမှ အပြင်သို့ ထွက်လာခြင်းမရှိသည့်အတွက် ဝင်ရောက်စစ်ဆေးခဲ့ရာတွင် အထက်ပါကဲ့သို့ လုပ်ကြံသတ်ဖြတ်ခံရမှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လုပ်ကြံသတ်ဖြတ်ခံရတဲ့ သဘောရှိတယ်။ ဘယ်လိုကြောင့် ဘယ်လိုဖြစ်တယ်ဆိုတော့ မသိသေးဘူး။ စုံစမ်းစစ်ဆေးနေတုန်းပါပဲ” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူက ပြောသည်။
ဒေါ်သန်းသန်းဦးသည် ဟိုတယ်အခန်းအတွင်း၌ ဓားဒဏ်ရာ(၅)ချက်အပါအဝင် လည်ပင်း၌ ပွန်းခြစ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးနေလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုးကန့်ဒေသ ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန် အပါအဝင် ၆ ဦး ကို မလွှဲပြောင်းမီကပင် တရုတ်ဒုရဲချုပ်က မြန်မာနိုင်ငံတွင် ရောက်ရှိစောင့်ဆိုင်းခဲ့ဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း