မလေးရှားမှာ ရောင်းချတဲ့ ပျားရည် ၉ဝ ရာခိုင်နှုန်းဟာ အတုတွေသာဖြစ်တယ်လို့ ကျွမ်းကျင်သူက ပြော
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၁၃
မလေးရှားနိုင်ငံရှိ ပျားရည်လုပ်ငန်းဟာ စျေးကွက်မှာ ကုန်ပစ္စည်းအတုဖြစ်ကြောင်း ဖော်ထုတ်နိုင်ဖို့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတာ မလေးရှားနိုင်ငံမှာ ရောင်းချနေတဲ့ထုတ်ကုန်ရဲ့ ၉ဝ ရာခိုင်နှုန်းအထိလောက်ဟာ ပျားရည်မစစ်နိုင်ဘူးလို့ ပြည်တွင်းပျားရည်ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
"အခု ပျားရည်လုပ်ငန်းရဲ့အကြီးမားဆုံးစိန်ခေါ်မှုဟာ စျေးကွက်မှာ ၉ဝ ရာခိုင်နှုန်းသော ပျားရည်ဟာ အတုဖြစ်နေခြင်းပဲ" လို့ Universiti Sains Malaysia (USM) မှအကြီးတန်းကထိက ဒေါက်တာ ဇူလ်ကီဖိလီမူစတာဖာ က ဒေသတွင်း ရေဒီယိုအသံလွှင့်ဌာနတစ်ခုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။
"ပျားရည်အစစ်မှန်း ခွဲခြားသိရှိနိုင်ဖို့ ဓာတ်ခွဲခန်းစစ်ဆေးမှုတွေ လိုအပ်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။
အင်တာဗျူးမှာ stingless bee များမှ ပျားရည် သုံးစွဲမှုမြှင့်တင်ခြင်းအတွက် ပြောဆိုဆွေးနွေးခဲ့တာဖြစ်ပါတယ်။ Stingless bees ပျားမျိုးစိတ်များမှ ပျားရည်ဟာ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိနိုင်တဲ့ အာဟာရဓာတ်အမျိုးမျိုး၊ စွမ်းအင်၊ ပရိုတင်း၊ ဗီတာမင်၊ ကောင်းတဲ့ ဘတ်တီးရီးယားများနဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ ပြည့်စုံတဲ့ အစားအစာဖြစ်ပါတယ်။ ဒီလိုအကျိုးကျေးဇူးများတာကြောင့်လည်း ယင်းပျားရည်ထုတ်ကုမ္ပဏီတွေက ရှာလကာရည်နဲ့ နနွင်းရောစပ်အရသာကို အတုပြုလုပ်ရောင်းချကြပါတယ်။ ဒါကြောင့် ပျားရည် ၉ဝ ရာခိုင်နှုန်းဟာ မစစ်နိုင်ဘူးလို့ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့ ပျားမွေးမြူသူပေါင်း ၄,ဝဝဝ ခန့်ဟာ USM ရဲ့အသုံးချပရိုဂရမ်နဲ့အတူ အထွေထွေစားသုံးသူတွေအတွက် စစ်မှန်တဲ့ stingless bees ပျားရည်ထုတ်လုပ်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်တော်ဖြစ်စဉ်ရုပ်သံနဲ့ မန္တလေးမှာ ရခိုင်တွေကို ဆန့်ကျင်တဲ့စာ၊ စစ်မှုမထမ်းမနေရ ဥပဒေထဲက သိမှတ်ဖွယ် အချက်အလက်အချို့၊ လေယာဉ်စီးခရီးသည်တွေ ကန့်သတ်ခံလိုက်ရတဲ့ကိစ္စ(၁၂-၂-၂ဝ၂၄)
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း