ငွေကျပ်သိန်း( ၁၇ဝဝ)တန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးများ ကော့သောင်းမြို့ရှိနေအိမ်တစ်ခုအတွင်းဖမ်းဆီးရမိ
Pearl (NP News) - မတ် ၂၅
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရှိ နေအိမ်တစ်ခုအတွင်းမှ ငွေကျပ်သိန်း( ၁၇ဝဝ)တန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သတင်း ရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ (၂၃)ရက်၊ ညနေ (၃)နာရီ အချိန်ခန့်တွင် ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ အဆိုပါ ရပ်ကွက် ဗိုလ်ချုပ်လမ်းတွင်နေထိုင်သော လွင်ကိုကို(ခ)ကိုကို၏နေအိမ်အားဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ ၎င်းနှင့်အတူ စိုးပြည့်လှိုင်(ခ)မျောက်အားတွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေး ပြား ၅၆ဝဝဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၆၈ဝ)၊ ဘိန်းဖြူ အလေးချိန် ၂ဝ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂ဝ)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
ထို့ကြောင့် ၎င်းတို့ (၂)ဦးအား ကော့သောင်းမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များအား ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
zawgyi version
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီးရီးယားအရှေ့ပိုင်းရှိလက်နက်ကိုင်အဖွဲ့များကို အမေရိကန်တို့ လေကြောင်းမှတိုက်ခိုက်ခဲ့ပြီး အနည်းဆုံး လူပေါင်း (၂ဝ)ကျော်သေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း