ပတ္တရားကမ်းခြေမှာ ခရီးသွားစုံတွဲတစ်တွဲ လိင်ဆက်ဆံနေတဲ့ဗီဒီယိုဖိုင် ထွက်ပေါ်လာ
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၁၂
ထိုင်းနိုင်ငံရဲ့ ပတ္တရားကမ်းခြေဟာ Luxury နဲ့ Romance ကို ဖော်ပြကြတဲ့နေရာများစွာထဲက တစ်ခုဖြစ်ပါတယ်။
ထိုင်းနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ ပတ္တရားကမ်းခြေတစ်ခုမှာ ညအချိန် ခရီးသွားနှစ်ဦး မတရားမေထုန်ပြုနေတံ့ ဗီဒီယိုအတိုလေးတစ်ပိုင်း ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာခဲ့ပါတယ်။ ၎င်းဟာ ထိုင်းနိုင်ငံ ကို ပတ္တရားမြို့တော်ကို "အပြစ်မြို့တော်" အဖြစ် အာရုံစိုက်လာစေပါတယ်။
အဆိုပါဗီဒီယိုကို ရုရှားရုပ်သံလိုင်း Telegram မှာ ဖေဖော်ဝါရီ ၆ ရက်က စတင်ပျံ့နှံ့ခဲ့တာဖြစ်ပြီး နောက်ပိုင်း ဖေဖော်ဝါရီ ၈ ရက်မှာ ဖေ့စ်ဘွတ်ခ်အသုံးပြုသူ Denis Krungtep က “ဒါက ပတ္တရားရဲ့ပုံမှန်အခြေအနေပဲလား” ဆိုတဲ့ captionနဲ့ ပြန်လည်မျှဝေခဲ့ပါတယ်။
ဗီဒီယိုထဲက စုံတွဲဟာ ထိုင်းလူမျိုးတွေ မဟုတ်တဲ့အကြောင်း အတော်များများက ထောက်ပြကြပါတယ်။ ဒါ့အပြင် အဆိုပါစုံတွဲကို ဖမ်းဆီးဖို့လည်း တောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။
ကမ်းခြေဟာ ရုရှားနဲ့ စကင်ဒီနေးဗီးယား ခရီးသွားအများအပြားကို ဆွဲဆောင်ရာနေရာဖြစ်ပါတယ်။ လှပတဲ့ ကမ်းခြေတစ်လျှောက် မသင့်လျော်သောအပြုအမူကြောင့် ထိုင်းလူမျိုးတွေအကြား ဒေါသဖြစ်ရတဲ့ဖြစ်ရပ်တွေဟာ အခုဖြစ်ရပ်က ပထမဆုံးတော့ မဟုတ်ပါဘူး။ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလကလည်း ရုရှားနိုင်ငံသား ရိုမန်ဂရီဂိုရင်ငို (၂၆ နှစ်) နဲ့ ရာရီရာဗီနိုဂရာဒိုဗာ( ၁၉ နှစ်) တို့ကို ကမ်းခြေမှာ လိင်ဆက်ဆံခြင်းအတွက် ဒဏ်ငွေ ဘတ် ၅,၀၀၀ ချမှတ်ခဲ့ပြီး လူသိရှင်ကြား တောင်းပန်စေခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်သစ်နိုင်ငံမှာ တက်ကြွလှုပ်ရှားသူတွေက ပြတိုက်ရှိ Monet ပန်းချီကားကို ဟင်းရည်နဲ့ပက်ကာ ဖျက်ဆီး
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း