Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
(၁)-(၉)-(၃) သို့မဟုတ် ကာ/လုံ ဆုံးဖြတ်ချက်နဲ့ အစည်းအဝေးကို သုံးသပ်ခြင်း

မျိုးမင်း (မကျည်းလဟာ) (NSS) - ဖေဖော်ဝါရီ ၁ဝ

" (၆) လတစ်ကြိမ် သက်တမ်းတိုးနေတာ ဘယ်အချိန်ကျမှ ရပ်သွားမှာလဲ " 

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ(၃၁)ရက် နံနက်ပိုင်းက အစည်းအဝေး ဆုံးဖြတ်ချက်အရ  " နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလကို နောက်ထပ်(၆)လ တိုးမြှင့်သတ်မှတ်ကြောင်း " ကြေညာချက်အပြီးမှာ ထွက်ပေါ်လာတဲ့ မေးခွန်းတစ်ခုပါ။ 


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရအဖွဲ့ အာဏာရရှိထားတာဟာ ဇန်နဝါရီ(၃၁)ရက်ည ဆိုရင် စုစုပေါင်း(၃)နှစ် ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီသုံးနှစ်တာ ကာလအတွင်း လူထုကြားမှာ စိတ်ဝင်စားမှု အမြင့်ဆုံးအချိန်ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက် ကာ/လုံအစည်းအဝေးပါပဲ။ ကာ/လုံအစည်းအဝေးကနေ နိုင်ငံတော်ပြဿနာတွေ ပြေလည်ရေးအတွက် ဘယ်လိုပုံစံလမ်းကြောင်းအသစ် ထွက်ပေါ်လာမလဲလို့ စိတ်ဝင်စားတစား စောင့်ကြည့်နေကြသူတွေ ဒုနဲ့ဒေး။ သို့သော်လည်း အစည်းအဝေးဆုံးဖြတ်ချက်အပြီးမှာတော့ မဲပြာပုဆိုး လှေကြီးထိုးရိုးရိုး အကွက်တွေပဲ မြင်လိုက်ရပါတယ်။ ဒါကြောင့် မေးခွန်းပေါင်းများစွာဟာလည်း တစ်ဆက်တည်းပေါ်ထွက်လာခဲ့သလို အရိုးရှင်းဆုံးနဲ့ နားအလည်နိုင်ဆုံး မေးခွန်းတစ်ခုအဖြစ် " ဘယ်တော့ကျမှ သက်တမ်းတိုးတာ ရပ်မှာတုန်း " လို့ မေးလိုက်ရတာပါပဲ။ ဒါ့အပြင် သက်တမ်းတိုးခြင်းမတိုးခြင်းထက် ကသောင်းကနင်းဖြစ်နေတဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကိုလည်း ဖိဖိစီးစီးလုပ်ပါဦး ဆိုတဲ့ လူထုရဲ့အသံတွေလည်း ကျယ်လောင်လာပါတယ်။ 


MNDAA ၊ TNLA ၊ AA တို့ရဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကနေ စတင်ခဲ့တဲ့တိုက်ပွဲတွေဟာ ဗိုလ်ချုပ်မှူးကြီးအတွက် နောက်ထပ်(၆)လ သက်တမ်းတိုးရေးမှာ အထောက်အပံ့တွေဖြစ်ခဲ့သလို ရခိုင်ပြည်နယ်အထိ တိုက်ပွဲတွေ ကူးစက်သွားချိန်မှာတော့ ကာ/လုံထဲမှာ ထုတ်ပြစရာအကောင်းဆုံး သက်သေဖြစ်သွားခဲ့ပါတယ်။ နိုင်ငံတော်ဟာ (၆၇၆၅၇၈)စတုရန်းကီလိုမီတာကျယ်ဝန်းပြီး လူဦးရေ(၅၆)သန်းကျော်ရှိနေပေမယ့် ဒီအကျယ်အဝန်းရဲ့ကံကြမ္မာကို (၁)ကီလိုမီတာတောင်မကျယ်သောအခန်းထဲမှာထိုင်ပြီး ဆုံးဖြတ်ခွင့်ရှိသူက(၉)ဦးသာရှိခဲ့ပါတယ်။  ကာ/လုံထဲမှာ ဗိုလ်ချုပ်မှူးကြီး တင်ပြခဲ့တဲ့အချက်တွေအားလုံးဟာ နောက်ထပ်(၆)လသက်တမ်းတိုးဖို့ကို ခိုင်လုံလွန်းလှသောအထောက်အထားတွေဖြစ်နေသလို နိုင်ငံတော်အရေးဆုံးဖြတ်ကြတဲ့အစည်းအဝေးထဲမှာ ဝင်ထိုင်ခွင့်ရသူအားလုံးကလည်း ငြင်းဆိုစရာမရှိကြတော့ပါ။ ထို့နောက် သက်တမ်း(၆) တိုးလေသည်ပေ့ါ။


ကာ/လုံထဲမှာ ဝင်ထိုင်ခွင့်ရခဲ့ကြသူတွေကို ခွဲခြမ်းစိတ်ဖြတ်ကြည့်မယ်ဆိုရင် အခုလိုမျိုး တွေ့ရပါမယ်။ ၁ - ၉ - ၃ လို့ အလွယ်တကူမှတ်လိုက်ပါ။ (၁) ဆိုတာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရည်ညွှန်းပါတယ်။ (၉) ကတော့ အစည်းအဝေးကို ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်းတက်ရောက်ခွင့်ရှိသူ (၁၁)ဦးထဲက (၉)ဦးကို ရည်ညွှန်းပါတယ်။ (၃) ကတော့ တက်ရောက်ခွင့်ရသူ (၉)ဦးထဲက သီးခြားရည်ညွှန်းချင်သူတွေပါပဲ။ ၂၀၂၁ နိုင်ငံရေးပြဿနာအရ နိုင်ငံတော်တာဝန်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်ရဲ့လက်ထဲကို ကာ/လုံ ဆုံးဖြတ်ချက်နဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ(၁)ရက် နံနက်ခင်းပိုင်းမှာ ပေးအပ်ခဲ့ကြပါတယ်။ တာဝန်သက်တမ်းက ဥပဒေအရ တစ်နှစ်နဲ့ (၆)လ နှစ်ကြိမ်အထိပါပဲ။ တာဝန်ထမ်းဆောင်မှုဟာလည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီ(၃၁)ရက် သို့မဟုတ် ဖေဖော်ဝါရီ(၁)ရက် နံနက်ခင်းဆိုရင် နှစ်နှစ်ပြည့်သွားပါတယ်။ သို့သော်လည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ(၁)ရက် နံနက်ခင်းအထိ တိုင်းပြည်ရဲ့အခြေအနေဟာ အရေးပေါ်ကာလကို လွန်မြောက်ခြင်းမရှိခဲ့သလို တာဝန်ထမ်းဆောင်ခွင့်ရတဲ့ ဦးဆောင်ပုဂ္ဂိုလ်တွေကလည်း တာဝန်ပြီးမြောက်ခြင်း မရှိခဲ့ပါဘူး။ နှစ်နှစ်ပြည့်တဲ့အထိ တာဝန်မပြီးမြောက်သေးတဲ့အတွက် ဗိုလ်ချုပ်မှူးကြီးက ၂၀၂၃ ခုနှစ် ဇန်နဝါရီ(၃၁)ရက်မှာ ကာ/လုံကနေတစ်ဆင့် နောက်ထပ်(၆)လ သက်တမ်းတိုးခွင့်ရစေဖို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၂၅)ကို ထုတ်သုံးသွားခဲ့ရပါတယ်။ ဒီ ပုဒ်မကို ထုတ်သုံးနိုင်စေဖို့အတွက်လည်း အားဖြည့်လောင်စာတွေအဖြစ် NUG-PDF နဲ့ တိုင်းရင်းသားအမည်ခံထားသော လက်နက်ကိုင်ပုန်ကန်သူတွေက ပါရမီဖြည့်ပေးသလိုဖြစ်ခဲ့ကြပါတယ်။ အဲဒီတော့ သာမန်မဟုတ်သည့် အခြေအနေဆိုသော စကားလုံးနဲ့အတူ ပုဒ်မ(၄၂၅)ဟာ လိုအပ်လာရင် ရာသက်ပန်အထိ သုံးလို့ရအောင် တန်ဖိုးကြီးသွားပါတော့တယ်။ ကာ/လုံထဲမှာ ဝင်ထိုင်ခွင့်ရသူတွေကို လေ့လာကြည့်မယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးသန်းဆွေ(နိုင်ငံခြားရေးဝန်ကြီး)တို့ဟာ ဗိုလ်ချုပ်မှူးကြီးရဲ့စီမံခန့်ခွဲမှုအောက်က ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ယာယီသမ္မတဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ဟာ ၂၀၁၅ ရွေးကောက်ပွဲ လက်ကျန် ခေါင်းဆောင်တွေပါ။ ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် သူတို့သုံးဦးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့အမိန့်တစ်ခုတည်းနဲ့ ထုတ်ပယ်ပစ်လို့ မရပါဘူး။ အလွန်ဆုံးလုပ်နိုင်ရင် ပြစ်မှုဥပဒေတစ်ခုခုနဲ့ ဖမ်းဆီးအမှုဖွင့်တာမျိုးပဲ လုပ်လို့ရနိုင်တာပါ။ အခြားသော တက်ရောက်သူတွေကိုတော့ ဒီကနေ့ အစည်းအဝေးပြီးရင် ညနေစောင်းတာနဲ့ ထုတ်ပယ်ပစ်ခွင့် အခွင့်အာဏာ ရှိပါတယ်။ ဒါကြောင့် (၁)-(၉)-(၃) လို့ ရည်ညွှန်းပြီး ပိုင်းခြားပြတာပါပဲ။

အစည်းအဝေးကို သေချာပိုင်းခြားကြည့်မယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးဟာ ၂၀၁၅ ရွေးကောက်ပွဲလက်ကျန် နိုင်ငံရေးခေါင်းဆောင်သုံးဦးကို နိုင်ငံတော်အခြေအနေအကြောင်း သေချာနားလည်နိုင်အောင် ရှင်းပြတောင်းခံခွင့်သာ ရှိပြီး အတင်းအကျပ်ဖိအားပေးလို့ မရတာကို တွေ့ရမှာပါ။ ကျန်တဲ့ငါးဦးကိုတော့ အထူးတလည်ရှင်းပြစရာမလိုလောက်ဘဲ တူညီတဲ့အသံကိုသာ ထွက်စေမှာ ဖြစ်ပါတယ်။ ထူးခြားချက်တော့ အကယ်၍ ယာယီသမ္မတဦးမြင့်ဆွေသာ ကာ/လုံအစည်းအဝေးမှာ ကိုယ်တိုင် နှုတ်ထွက်ခွင့်တင်ခဲ့မယ်ဆိုရင် ဆိုတဲ့ ရှုထောင့်ပါပဲ။ ဦးမြင့်ဆွေလိုပဲ အခြားနှစ်ဦးကလည်း နှုတ်ထွက်ခွင့်သာ တင်ခဲ့ရင် ဗိုလ်ချုပ်မှူးကြီးဟာ နိုင်ငံတော်ပြဿနာတွေကို ကာ/လုံကနေ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ဥပဒေဖြစ်တည်မှု ရှုထောင့်အရ စဉ်းစားစရာပါ။ (၇၃)နှစ်အရွယ် ဦးမြင့်ဆွေဟာ အသက်အရွယ်ကြီးရင့်လာပြီဖြစ်သလို သူ့နောက်က ဦးဟင်နရီဗန်ထီးယူကရော တာဝန်ခံရဲပါ့မလား။ ဦးတီခွန်မြတ်ကရော အဆင်ပြေပါ့မလား။ ဒီအချက်တွေကြောင့် ကာ/လုံကနေ ပုဒ်မ(၄၂၅)ကိုကိုင်ပြီး အကြိမ်ကြိမ် သက်တမ်းတိုးရေးဟာ ထင်ထားသလို အဆင်ပြေချောမွေ့နေလိမ့်မယ်လို့ မယူဆပါဘူး။ ဒါဟာ ပုဒ်မ(၄၂၅)ကို နှစ်ပေါင်းများစွာ ဆက်တိုက်ကိုင်စွဲအသုံးပြုဖို့ အခက်အခဲရှိနိုင်တယ်ဆိုတဲ့ ထောက်ပြချက်တစ်ချက်ပါ။ အကန့်အသတ်မရှိတဲ့ပုံစံနဲ့ ပုဒ်မ(၄၂၅)ကို ဆက်တိုက်သုံးစွဲနေခြင်းဟာ ပုဒ်မ(၄၂၅)ကို တန်ဖိုးကျစေနိုင်သလို သုံးစွဲသူတွေကိုပါ ယုံကြည်မှုကင်းမဲ့လာနိုင်စေပါတယ်။ ဒါကြောင့် သာမန်မဟုတ်သော အခြေအနေကနေ သာမန်အခြေအနေပြန်ရောက်လာအောင် တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ အလုပ်လုပ်ပြဖို့ လိုသထက် လိုအပ်နေပါပြီ။ လက်ရှိအချိန်အထိတော့ ပုဒ်မ(၄၂၅)ကို သုံးကြိမ် သုံးထားပါတယ်။ 


နောက်ထပ်တစ်ချက်ကတော့ လက်နက်ကိုင်ဆူပူ အုံကြွမှုတွေနဲ့ နယ်မြေသိမ်းပိုက်မှုတွေ ကြီးထွားသထက် ကြီးထွားလာရင် (၆)လတစ်ကြိမ် သက်တမ်းတိုးခြင်းဟာ အကန့်အသတ်မရှိ ဖြစ်လာနိုင်သလို ပြည်တွင်းစစ်ပွဲကြီးဟာ ပိုမိုကြီးထွားလာနိုင်ပါတယ်။ တစ်နည်းအားဖြင့် လူထုသန်းပေါင်းများစွာဟာ စစ်ပွဲတွေကြောင့် ဘေးဒုက္ခတွေပိုတွေ့နိုင်သလို တိုင်းပြည်ဟာ အစိတ်စိတ်အမြွာမြွာ ကွဲသွားနိုင်ပါတယ်။ ဒါကြောင့် ယာယီသမ္မတ ဦးမြင့်ဆွေက သတိပေးခဲ့ဖူးတာပါ။ ဒါကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်အရှိဆုံးသူတွေနဲ့ ခေါင်းဆောင်ဟာ လက်ညိုးတွေ လိုက်ထိုးနေလို့ မရတော့ပါဘူး။ လက်ညိုးဆိုတာ ထိုးချအပြစ်တင်ဖို့ မဟုတ်ဘဲ အမိန့်ပေးတဲ့နေရာမှာပဲ သုံးစွဲသင့်ပါတယ်။ ဒီနေရာမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိစေချင်တာကတော့ အသက်အရွယ်နဲ့ အချိန်ကာလဟာ အကန့်မရှိ သုံးစွဲခွင့် ရနေတာ မဟုတ်သလို လူငယ်တွေရဲ့အနာဂတ်ဟာလည်း ဆယ်စုနှစ်ချီပြီး ပျောက်ဆုံးသွားဖို့ မသင့်ပါဘူး။ အကယ်၍ ဒီအတိုင်းဖြစ်လာခဲ့ရင် နောင်လာမယ့် အနာဂတ်လူငယ်တွေရဲ့ပါးစပ်ဖျားမှာ၊ နှလုံးသားထဲမှာ လက်ရှိတာဝန်ရှိသူတွေနဲ့ မျိုးဆက်အလိုက်သော မိသားစုဝင်တွေအပေါ် ဥဒါန်းမကြေ ဖြစ်သွားနိုင်ပါတယ်။


ကာ/လုံထဲကို လေ့လာကြည့်ပြီးတဲ့နောက် မြင်မိသမျှထဲ တစ်ချက်တည်းကိုပဲ ထောက်ပြချင်ပါတယ်။ ယာယီသမ္မတဦးမြင့်ဆွေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဦးဆောင်တဲ့ ကာ/လုံဟာ နောက်လာမယ့်(၆)လအတွက်လည်း ရှင်းလင်းတဲ့အနာဂတ်ကို မမြင်ရပါဘူး။ ရှင်းလင်းတဲ့သတင်းစကားကို မမြင်ရပါဘူး။ တာဝန်ယူမှု တာဝန်ခံမှုကိုလည်း မမြင်ရပါဘူး။ မမြင်ရခြင်းတွေ များစွာနဲ့ ကာ/လုံကနေ (၆)လသက်တမ်းတိုးတာသာ ကြီးစိုးခဲ့ပြီး လူထုက လိုလားတောင့်တတဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အာမခံကတိစကားနဲ့ လုပ်ရပ်ကို မမြင်ရသေးပါဘူး။ သုံးနှစ်ကျော်လာတဲ့ ကလေးတစ်ယောက်ဟာ သဘာဝကပေးတဲ့ စွမ်းအားနဲ့ စကားပြောခြင်း၊ လမ်းလျှောက်ခြင်းတို့ကို ကောင်းကောင်းလုပ်နိုင်ပါတယ်။ တည်ဆဲ နစက အစိုးရကတော့ သုံးနှစ်သားကျော်လာခဲ့ချိန်အထိ လူထုရဲ့အားမလို အားမရဖြစ်မှုတွေကိုသာ ပွေ့ပိုက်ရရှိနေတယ်လို့ ရှုမြင်မိကြောင်းပါ။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ ဖေဖော်ဝါရီလ ၁ဝ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းများ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved