မန္တလေးမြို့တွင် နာရီပိုင်းအတွင်းမီးလောင်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ရာ လူနေအိမ်(၄)လုံးနှင့် တိုက်ခန်းတစ်ခန်းမီးလောင်ပျက်စီးခဲ့
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၉
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်နှင့် အမရပူရမြို့နယ်တို့တွင် နာရီပိုင်းအတွင်း မီးလောင်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ရာ လူနေအိမ်(၄) လုံးနှင့် တိုက် ခန်းတစ်ခန်းမီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။
မီးလောင်မှုသည် ဖေဖော်ဝါရလီ ၉ ရက်၊ နံနက် ၁နာရီ ၄၀မိနစ်အချိန်တွင် အောင်မြေသာစံမြို့နယ်၊ ၈၃လမ်း၊ ၂၂လမ်းနှင့် ၂၃လမ်းအကြားတွင် စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မီးလောင်တာက (၆)ထပ်တိုက်က (၃)လွှာမှာ လောင်တာ။ ဖုန်း ဃသလနမ ဆိုင်ဆိုတော့ ဃသလနမ တွေ ထားတဲ့အခန်းက စလောင်တာပါ။ အခန်း တစ်ခန်းလုံး လောင်သွားတော့ ပျက်စီးဆုံးရှုံးမှုများမယ်။ မီးကူးစက် လောင်တာတော့မရှိဘူး။ မီးခိုးတွေပျံ့တာတော့ ရှိတယ်။ လူတွေနေတဲ့ အခန်းထဲကို မီးခိုးတွေရောက် လို့ မှန်တွေခွဲပြီး ကယ်ဆယ်ရေးလုပ်ရတယ်”ဟု နန်းတော်ရှေ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါမီးလောင်မှု ဖြစ်စဉ်တွင် လူထိခိုက်မှုမရှိ ခဲ့သော်လည်း BLACK PANTHER ဖုန်း Cover နှင့် မှန်မကွဲဆိုင်၏ ပစ္စည်းများထားရာ တိုက်ခန်းမှာ မီးလောင်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။ ထို့နောက် ၎င်းမီးလောင်မှုအား အောင်မြေသာစံမြို့နယ် မီးသတ်စခန်းနှင့် အခြားအသင်းအဖွဲ့များက Level 2 အဆင့် ဖြင့် (၃)နာရီခန့်အကြာ သွားရောက်မီးငြှိမ်းသတ်ခဲ့ကြပြီး မီးလောင်မှုဖြစ်စဉ်နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။
အလားတူ အဆိုပါနေ့ နံနက် ၂နာရီ ၅၀မိနစ် အချိန်တွင်လည်း အမရပူရမြို့နယ်၊ လေးစုရပ်ကွက်၊ ကံတော်ရပ်၊ ကံတော်ဓမ္မာရုံတောင်ဘက်၌ မီးလောင် မှုတစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ကြောင်း လူငယ်အားမာန် လူမှုကူညီရေးအသင်းထံမှ သိရသည်။
“စာအုပ်ဆိုင်က စလောင်တာပါ။ အိမ်ရှင် ပြောတာတော့ ရေခဲသေတ္တာက Gas လိုင်းပေါက်ပြီး လောင်တာ။ အိမ်(၄)လုံးပါသွားတယ်တယ်။ အရက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်ရယ် စာအုပ်ဆိုင်နဲ့ လူနေ အိမ်တစ်လုံးမီးထဲပါသွားတယ်။ ဆုံးရှုံးမှုက များတယ်။ ဆိုင်ကယ်တစ်စီးနဲ့ စာအုပ်တွေပါသွားတာပေါ့”ဟု အထက်ပါလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းမီးလောင်မှုကို အမရပူရမြို့နယ် မီးသတ် စခန်း၊ အခြားအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည် သူများက ၁ နာရီခန့်အကြာ မီးငြှိမ်းသတ်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲတွင် အကူဒိုင်လူကြီးအဖြစ် ဒေါ်ဝင့်ဝါထွန်း တာဝန်ပေးအပ်ခံရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း