ဘင်္ဂလားဒေရှ့်ဘက်ခြမ်းကို ဆုတ်ခွာတိမ်းရှောင်ခဲ့တဲ့နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်ခေါ်ယူဖို့ မြန်မာအစိုးရ ချဉ်းကပ်လုပ်ဆောင်နေ
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၆
ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မက်မွတ်က မြန်မာအစိုးရဟာ ဘင်္ဂလားဒေရှ့်နိုင်ငံ ကော့ဘဇာဘက်ခြမ်းကို ဆုတ်ခွာလာတဲ့မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ယူနိုင်ဖို့ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးဌာနထံ ချဉ်းကပ်နေကြောင်း ပြောပါတယ်။
၎င်းက "မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ဆွေးနွေးခဲ့တယ်။ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ယူဖို့ စီစဉ်နေတယ်။ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေဟာ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကိုပြန်လည်ခေါ်ယူနိုင်ဖို့ ဆွေးနွေးခဲ့တယ်။ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေကို လေကြောင်းက ခေါ်ယူမလား ဒါမှမဟုတ် ရေလမ်းကြောင်းက ခေါ်ယူမလား ဆိုတာကို ဆွေးနွေးနေပြီး မကြာခင်အဖြေတစ်ခုရှာတွေ့မှာပါ" လို့ ပြောပါတယ်။
ဘင်္ဂလားဒေရှ့်နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ရခိုင်ပြည်နယ်မှာ ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းကို ဆုတ်ခွာခဲ့ကြောင်း သိရပါတယ်။ ဘင်္ဂလားဒေရှ့်သတင်းတွေရဲ့ဖော်ပြချက်များအရ ဘင်္ဂလားဒေရှ့်နိုင်ငံ ဘက်ခြမ်းကို ဆုတ်ခွာလာတဲ့မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်အရေအတွက်ဟာ ၁ဝဝ ကျော်လာပြီဖြစ်ကြောင်း သိရပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းကိုဆုတ်ခွာခဲ့တဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကြားမှာ ဒဏ်ရာ ရသူတွေလည်း ရှိနေပြီး ကော့ဘဇာဒေသဆေးရုံတွေမှာ တက်ရောက်ကုသပေးနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆွီဒင်၏ နေတိုးအဖွဲ့ဝင်ရောက်ခွင့်နှင့်ပတ်သက်သည့် အရေးပေါ်မဲခွဲဆုံးဖြတ်ပွဲကို ဟန်ဂေရီအာဏာရပါတီလွှတ်တော်အမတ်များ တက်ရောက်ရန် ငြင်းဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း