ဆွီဒင်၏ နေတိုးအဖွဲ့ဝင်ရောက်ခွင့်နှင့်ပတ်သက်သည့် အရေးပေါ်မဲခွဲဆုံးဖြတ်ပွဲကို ဟန်ဂေရီအာဏာရပါတီလွှတ်တော်အမတ်များ တက်ရောက်ရန် ငြင်းဆို
Pika (NSS) - ဖေဖော်ဝါရီ ၆
ဟန်ဂေရီနိုင်ငံ၏ အာဏာရပါတီမှ ဥပဒေပြုလွှတ်တော်အမတ်များသည် ဆွီဒင်နိုင်ငံ၏ နေတိုးအဖွဲ့သို့ ဝင်ရောက်ရန် လျှောက်ထားမှုနှင့်ပတ်သက်သည့်အရေးပေါ်မဲခွဲဆုံးဖြတ်ပွဲကို တက်ရောက်ရန်ငြင်းဆိုခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စကို မဆုံးဖြတ်မီ ဆွီဒင်နိုင်ငံ၏ ခေါင်းဆောင်သည် ဟန်ဂေရီဝန်ကြီးချုပ်ဗစ်တာအော်ဗန်နှင့် တွေ့ဆုံရမည်ဖြစ်ကြောင်း ၎င်းတို့က အခိုင်အမာပြောခဲ့သည်။
ဆွီဒင်နိုင်ငံ၏ နေတိုးအဖွဲ့ဝင်ရောက်ခွင့်နှင့်ပတ်သက်ပြီး အတည်ပြုမဲပေးခြင်းကို ပုံမှန်လွှတ်တော်အစည်းအဝေး များအတွင်း လုပ်ဆောင်သင့်ကြောင်း အာဏာရပါတီ Fidesz က ပြောကြားခဲ့သည်။
Fidesz ပါတီ က "ဆွီဒင်ဝန်ကြီးချုပ်ဟာ ဟန်ဂေရီနိုင်ငံကို အရင်ဆုံးလာရောက်လည်ပတ်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ဒါဟာ ဆွီဒင်နိုင်ငံအတွက် အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်မယ်ဆိုရင် ဆွီဒင်ဝန်ကြီးချုပ်ဟာ ဟန်ဂေရီနိုင်ငံကို လာကိုလာရောက်ရပါမယ်" ဟု ပြောခဲ့သည်။
ဟန်ဂေရီနိုင်ငံသို့ သွားရောက်လည်ပတ်ရန် ဆန္ဒရှိသော်လည်း ၎င်းနိုင်ငံ၏ နေတိုးအဖွဲ့ဝင်ရောက်ခွင့်ကို အတည်ပြုပြီးမှသာ သွားရောက်လည်ပတ်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ဆွီဒင်ဝန်ကြီးချုပ် Ulf Kristersson က ပြောကြားခဲ့သည်။
ထို့အပြင် ဆွီဒင်နိုင်ငံ၏ နေတိုးအဖွဲ့ဝင်ရောက်ခွင့်နှင့်ပတ်သက်ပြီး ဟန်ဂေရီအာဏာရပါတီ Fidesz မှ ဥပဒေပြုလွှတ်တော်အမတ်များက မည်ကဲ့သို့ဆက်လက်လုပ်ဆောင်မည်ကိုလည်း ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း Ulf Kristersson က ပြောကြားခဲ့သည်။
ဆွီဒင်နိုင်ငံ၏ နေတိုးအဖွဲ့ဝင်ရောက်ခွင့်နှင့်ပတ်သက်ပြီး အတည်ပြုချက်ပေးရန်အတွက် Fidesz ပါတီကို တိုက်တွန်းသွားမည်ဖြစ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ်ဗစ်တာအော်ဗန်က ပြီးခဲ့သည့်လတွင် နေတိုးအဖွဲ့အကြီးအကဲ ဂျန်စတိုလ်တန်ဘာ့ချ်နှင့်တွေ့ဆုံစဉ်အချိန်အတွင်း ပြောကြားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်လယ်နီအတွင်းရှိ အမေရိကန်နှင့် ဗြိတိန်သင်္ဘောများကို တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ