ပင်လယ်နီအတွင်းရှိ အမေရိကန်နှင့် ဗြိတိန်သင်္ဘောများကို တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ပြော
Pika (NSS) - ဖေဖော်ဝါရီ ၆
ဇန်နဝါရီလ(၆)ရက်တွင် ပင်လယ်နီအတွင်းရှိ အမေရိကန်နှင့် ဗြိတိန်သင်္ဘောတို့ကို တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း ယီမင်အခြေစိုက် အီရန်ကျောထောက်နောက်ခံပြုဟူသီလက်နက်ကိုင်အဖွဲ့က ထုတ်ဖော်ပြောခဲ့သည်။
ဟူသီလက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ Yahya Saree က "ပထမတိုက်ခိုက်မှုက အမေရိကန်သင်္ဘော Star Nasia ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး အခြားတိုက်ခိုက်မှုတစ်ခုကတော့ ဗြိတိန်သင်္ဘော Morning Tide ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
သို့သော်လည်း အဆိုပါတိုက်ခိုက်မှုနှစ်ခုအနက် တစ်ခုကိုသာ လုံခြုံရေးကုမ္ပဏီ Ambrey က အတည်ပြုခဲ့ကြောင်း လည်း သိရသည်။ ဟူသီလက်နက်ကိုင်အဖွဲ့သည် ဗြိတိန်ပိုင် ကုန်တင်သင်္ဘောကို ယီမင်ကမ်းလွန်ပင်လယ်ပြင်တွင် ဒရုန်းများဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း လုံခြုံရေးကုမ္ပဏီ Ambrey က အစောပိုင်းတွင် ပြောကြားခဲ့ သည်။
ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများအတွင်း Barbados အလံလွှင့်တင်ထားသော ကုန်တင်သင်္ဘောသည် ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိခဲ့သော်လည်း လူအသေအပျောက်များမရှိကြောင်း လုံခြုံရေးကုမ္ပဏီ Ambrey က ပြောကြားခဲ့သည်။
ဗြိတိန်ကုန်တင်သင်္ဘောသည် Bab al-Mandeb ရေလက်ကြားသို့ ဆက်လက်ဦးတည်မသွားမီ လိုအပ် သည့်အရာများအားလုံးကို လုပ်ဆောင်ခဲ့ကြောင်း Ambrey က ပြောကြားခဲ့သည်။
Hodeida ဆိပ်ကမ်းမြို့ ကမ်းလွန်ပင်လယ်ပြင်တွင် ကုန်တင်သင်္ဘောတစ်စီး တိုက်ခိုက်ခံရသည့် အစီရင်ခံစာများကို လက်ခံရရှိခဲ့ကြောင်း ဗြိတိန်ရေကြောင်းလုံခြုံရေးအေဂျင်စီ UKMTO က ပြောကြားခဲ့သည်။ အစ္စရေး-ဟားမက် စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးများကို ထောက်ခံသည့်အနေဖြင့် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဟူသီလက်နက်ကိုင် အဖွဲ့က ပြောခဲ့သည်။
ထို့အပြင် ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေးက ထိုးစစ်ဆင်နေမှုများကို မရပ်တန့်မချင်း ကုန်တင်သင်္ဘောများ ကိုတိုက်ခိုက်မှုများအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ကတိပြုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဖေဖော်ဝါရီလ ၆ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ