နတ်မောက်မြို့တွင် အလယ်တန်းပြဆရာမတစ်ဦးနှင့် ခင်ပွန်းဖြစ်သူတို့ နေအိမ်၌ရှိနေစဉ် ပစ်ခတ်သတ်ဖြတ်ခံရ
NP News - ဒီဇင်ဘာ ၂၅
မကွေးတိုင်း၊ နတ်မောက်မြို့တွင် အလယ်တန်းပြဆရာမတစ်ဦးနှင့် ခင်ပွန်းဖြစ်သူတို့ နေအိမ်၌ရှိနေစဉ် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ ပြီးခဲ့သည့် ဒီဇင်ဘာလ(၂၄)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ(၂၃)ရက်၊ နေ့လည်(၁၂)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ ဒီးဒုတ်ခင်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း နစကမှ ဆိုထား သည်။ ဒီးဒုတ်ခင်ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ဒီးဒုတ်ခင်)မှ အလယ် တန်းပြဆရာမတစ်ဦးနှင့် ခင်ပွန်းဖြစ်သူတို့သည် ၎င်းတို့၏ နေအိမ်၌ရှိနေစဉ် PDF များက မော်တော်ဆိုင်ကယ်(၂)စီးဖြင့် နေအိမ်သို့ရောက်ရှိလာပြီး သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ဆရာမဖြစ်သူသည် ဖြစ်စဉ်နေရာ၌ပင် သေဆုံးခဲ့ပြီး ၎င်း၏ခင်ပွန်းဖြစ်သူမှာ ကျည်ထိမှန် ဒဏ်ရာများ ရရှိခဲ့သဖြင့် နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း နစကမှ ဆိုထားသည်။
အထက်ပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
zawgyi version
နတ္ေမာက္ၿမိဳ႕တြင္ အလယ္တန္းျပဆရာမတစ္ဦးႏွင့္ ခင္ပြန္းျဖစ္သူတို႔ ေနအိမ္၌ရွိေနစဥ္ ပစ္ခတ္သတ္ျဖတ္ခံရ
NP News - ဒီဇင္ဘာ ၂၅
မေကြးတိုင္း၊ နတ္ေမာက္ၿမိဳ႕တြင္ အလယ္တန္းျပဆရာမတစ္ဦးႏွင့္ ခင္ပြန္းျဖစ္သူတို႔ ေနအိမ္၌ရွိေနစဥ္ ပစ္ခတ္သတ္ျဖတ္ခံခဲ့ရေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
နစကမွ ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၂၄)ရက္၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားခဲ့ျခင္းျဖစ္သည္။ျဖစ္စဥ္မွာ ဒီဇင္ဘာလ(၂၃)ရက္၊ ေန႔လည္(၁၂)နာရီခြဲ အခ်ိန္ခန႔္တြင္ မေကြးတိုင္း၊ နတ္ေမာက္ၿမိဳ႕နယ္ရွိ ဒီးဒုတ္ခင္ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း နစကမွ ဆိုထား သည္။ ဒီးဒုတ္ခင္ေက်း႐ြာရွိ အေျခခံပညာ အလယ္တန္းေက်ာင္း(ဒီးဒုတ္ခင္)မွ အလယ္ တန္းျပဆရာမတစ္ဦးႏွင့္ ခင္ပြန္းျဖစ္သူတို႔သည္ ၎တို႔၏ ေနအိမ္၌ရွိေနစဥ္ PDF မ်ားက ေမာ္ေတာ္ဆိုင္ကယ္(၂)စီးျဖင့္ ေနအိမ္သို႔ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ အေၾကာင္းမဲ့ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။
ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခံရမႈေၾကာင့္ ဆရာမျဖစ္သူသည္ ျဖစ္စဥ္ေနရာ၌ပင္ ေသဆုံးခဲ့ၿပီး ၎၏ခင္ပြန္းျဖစ္သူမွာ က်ည္ထိမွန္ ဒဏ္ရာမ်ား ရရွိခဲ့သျဖင့္ နတ္ေမာက္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႀကီးတြင္ ေဆးကုသမႈခံယူလ်က္ရွိေၾကာင္း နစကမွ ဆိုထားသည္။
အထက္ပါျဖစ္စဥ္တြင္ ပါဝင္ပတ္သက္သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိမ်ရှင်စင်ကာပူကို ရှုံးနိမ့်ပြီး အုပ်စုတက်ဖို့ မသေချာတော့တဲ့ မြန်မာလက်ရွေးစင်အသင်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း