ရွှေပြည်သာမြို့နယ်တွင် ဘေးတွဲဆိုင်ကို ကားတစ်စီးမှတိုက်ပြေးခဲ့ရာ လူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိ
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ဘေးတွဲဆိုင်ကို ကားတစ်စီးမှတိုက်ပြေးခဲ့ရာ လူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေမေတ္တာလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဖေဖော်ဝါရီလ ၄ ရက်)၊ ည ၁၁နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ (၈၁)မှတ်တိုင်အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မျက်မြင်ပြောပြသူတွေကတော့ ဘေးတွဲဆိုင်ကယ်ကို ကားကတိုက်ပြီးမောင်းပြေးသွားတာပါ။ ဘေးတွဲမှာက အမျိုသား(၂)ယောက်နဲ့ အမျိုးသမီးတစ်ယောက်ပါတယ်။ ကားတိုက်မိတော့ (၃)ယောက်လုံးက တစ်နေရာစီလွင့်နေကြတာ။ မိန်းကလေးကတော့ စိုးရိမ်ရတယ်” ဟု ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်တွင် ဘေးတွဲဆိုင်ကယ်ပေါ်မှ အမျိုးသား(၂)ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“အမျိုးသမီးက ပေါင်ကျိုးသွားတယ်။ လက်ရှိအခြေအနေတော့မသိရသေးပေမဲ့ ဖြစ်တဲ့အချိန်တုန်းကတော့ စိုးရိမ်ရတယ်။ အမျိုသား တစ်ဦးလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်။ ကျန်တဲ့အမျိုးသားတစ်ယောက်ကတော့ မစိုးရိမ်ရဘူး။ ကားကတိုက်ပြေးတော့ လက်ရှိတော့ စုံစမ်းတုန်းပဲပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရှိသူ(၃)ဦးကို ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းမှ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပိုဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာကာသထဲမှာအချိန်အကြာဆုံးနေထိုင်နိုင်တဲ့ လူသားအဖြစ် စံချိန်တင်လိုက်တဲ့ ရုရှား အာကာသယာဉ်မှူး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း