ထင်းတုံးများ သယ်လာသည့် ထော်လာဂျီတစ်စီးတိမ်းမှောက်ခဲ့ရာ အမျိုးသားတစ်ဦးသေဆုံး
စော (NP News) - မတ် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ နမ့်လန်-ကျောက်ဂူကားလမ်းမကြီးတွင် ထင်းတုံးများသယ်ဆောင်မောင်းနှင်လာသည့် ထော်လာဂျီတစ်စီးတိမ်းမှောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၂၃ ရက်)၊ နေ့လည် (၁၁)နာရီခွဲအချိန်ခန့်တွင် နမ့်လန်-ကျောက်ဂူကားလမ်းမကြီး၊ တောင်ကြီး-ဖာရေးလမ်းခွဲအနီးတွင် ဖြစ်ပွားခဲ့ကြောင်း ဖြူစင်မေတ္တာနှလုံးသားလူမှုကူညီရေးအသင်းမှ သိရသည်။
“သူကရွာဘက်ကနေလာပြီးတော့ ထင်းတုံးတွေတင်လာပြီး မောင်းလာတာတဲ့အချိန်မှာ ထော်လာဂျီက ဘရိတ်ပေါက်တယ်ထင်တယ်။ ဘရိတ်ပေါက်ပြီးတော့ လမ်းဘေးမြောင်းထဲကျတာ ပွဲချင်းပြီးသေတာပဲ”ဟု ဖြူစင်မေတ္တာနှလုံသားလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။
အဆိုပါအမျိုးသားသည် အသက်(၄ဝ)ကျော်အရွယ်ရှိပြီး ဖြူစင်မေတ္တာနှလုံးသားလူမှုကူညီရေးအသင်းမှ နမ့်လန်ပြည်သူဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
zawgyi version
ထင္းတုံးမ်ား သယ္လာသည့္ ေထာ္လာဂ်ီတစ္စီးတိမ္းေမွာက္ခဲ့ရာ အမ်ိဳးသားတစ္ဦးေသဆုံး
ေစာ (NP News) - မတ္ ၂၃
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သီေပါၿမိဳ႕နယ္၊ နမ့္လန္-ေက်ာက္ဂူကားလမ္းမႀကီးတြင္ ထင္းတုံးမ်ားသယ္ေဆာင္ေမာင္းႏွင္လာသည့္ ေထာ္လာဂ်ီတစ္စီးတိမ္းေမွာက္ခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၂၃ ရက္)၊ ေန႔လည္ (၁၁)နာရီခြဲအခ်ိန္ခန႔္တြင္ နမ့္လန္-ေက်ာက္ဂူကားလမ္းမႀကီး၊ ေတာင္ႀကီး-ဖာေရးလမ္းခြဲအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း ျဖဴစင္ေမတၱာႏွလုံးသားလူမႈကူညီေရးအသင္းမွ သိရသည္။
“သူက႐ြာဘက္ကေနလာၿပီးေတာ့ ထင္းတုံးေတြတင္လာၿပီး ေမာင္းလာတာတဲ့အခ်ိန္မွာ ေထာ္လာဂ်ီက ဘရိတ္ေပါက္တယ္ထင္တယ္။ ဘရိတ္ေပါက္ၿပီးေတာ့ လမ္းေဘးေျမာင္းထဲက်တာ ပြဲခ်င္းၿပီးေသတာပဲ”ဟု ျဖဴစင္ေမတၱာႏွလုံသားလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။
အဆိုပါအမ်ိဳးသားသည္ အသက္(၄ဝ)ေက်ာ္အ႐ြယ္ရွိၿပီး ျဖဴစင္ေမတၱာႏွလုံးသားလူမႈကူညီေရးအသင္းမွ နမ့္လန္ျပည္သူေဆး႐ုံရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကောက်ခွန်သိုလှောင်ရုံသို့ ထည့်သွင်းမည့် ကုန်ပစ္စည်းများအပါအဝင် ပြည်ပမှတင်သွင်းမှုများအတွက် ဆိပ်ကမ်းသို့မရောက်မီ သွင်းကုန်လိုင်စင်ရရှိပြီးမှ တင်သွင်းခွင့်ပြုမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း