သာစည်မြို့နယ်တွင် တက္ကစီတစ်စီးပေါ်မှ ငွေကျပ်သိန်း(၁၅၀၀)တန်ဖိုးရှိ စိတ်ကြွရူသွပ်ဆေးပြားများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၃
မန္တလေးတိုင်း၊ သာစည်မြို့နယ်တွင် တက္ကစီတစ်စီးပေါ်မှ ငွေကျပ်သိန်း(၁၅၀၀)တန်ဖိုးရှိ စိတ်ကြွရူသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများကို ပြီးခဲ့သော ဖေဖော်ဝါရီလ ၁ ရက်၊ ည ၁၁ နာရီအချိန်တွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာ အနီး၌ အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာအနီးတွင် ဟိုပုံးမြို့ဘက်မှ ရန်ကုန်ဘက်သို့ အောင်အောင်(ခ)အောင်ကြီး(၃၆)နှစ်မောင်းနှင်၍ ကျော်ဝင်းထွန်း(ခ) အွတ်စမန်း (၄၆)နှစ် နှင့် စန်းလွင်ဦး(၃၈)နှစ် တို့လိုက်ပါလာသည့် NISSAN AD Van အမျိုးအစား တက္ကစီကို စစ်ဆေးရှာဖွေခဲ့ရာ ကားပေါ်မှ ငွေကျပ်သိန်း(၁၅၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၀၀၀၀၀)ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့အား သာစည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဖေဖော်ဝါရီ ၃ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း