မလေးရှားနိုင်ငံရှိ Hospital Shah Alam မှာရပ်ထားတဲ့ ကားတစ်စီးအတွင်း အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး ပိတ်မိသေဆုံး
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၂
မလေးရှားနိုင်ငံ၊ ဆီလန်ဂေါမှာ ဆေးရုံဝန်ထမ်းတစ်ဦးဖြစ်တဲ့ မိခင်က ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်မှာ သမီးဖြစ်သူကို နေ့ခင်းစောင့်ရှောက်ရေးဂေဟာတစ်ခုမှ ခေါ်ဆောင်လာခဲ့ပြီး သူ့ရဲ့အလုပ်နေရာဆီ သွားခဲ့ပါတယ်။
ကလေးဟာ နောက်ထိုင်ခုံမှာ အိပ်ပျော်နေခဲ့ပါတယ်။ ဒါကိုမိခင်ဖြစ်သူကမေ့ပြီး ကားအင်ဂျင်စက်ပိတ်ကာ ကားပေါ်မှ ထွက်ခွာသွားခဲ့ပါတယ်။ ညနေ ၆ နာရီခန့်မှာမှ မိခင်ဖြစ်သူက ကလေးကားထဲမှာရှိနေသေးတာကို သတိရခဲ့ပါတယ်။ အဲဒါနဲ့ ကလေးကိုသွားရောက်ခေါ်ဆောင်စဉ်မှာတော့ ကလေးဟာ သတိလစ်နေခဲ့ပြီ ဖြစ်ပါတယ်။ ကလေးကို ဆေးရုံပို့ခဲ့ပြီးနောက်မှာတော့ ဆရာဝန်တွေက ကြိုးစားပေးနေတဲ့ကြားက ကလေးဟာ သေဆုံးသွားခဲ့ပါတယ်။
ဇန်နဝါရီလ ၃၁ ရက်နေ့မှာတော့ အလောင်းကို ခွဲစိပ်စစ်ဆေးနေပြီး ဓာတ်ခွဲခန်း အဖြေကို စောင့်ဆိုင်းနေပါတယ်။ Shah Alam ခရိုင်ရဲတပ်ဖွဲ့ကလည်း အဆိုပါဖြစ်စဉ်ကို ကလေးသူငယ်ဥပဒေနဲ့ အမှုဖွင့်စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သြစတြေးလျ သိပ္ပံပညာရှင်တွေက ရာသီဥတုအန္တရာယ်ကြောင့် ပင်လယ်ပြင်မှ ရှားပါးငါးတွေကို ဖမ်းဆီးမွေးမြူထား
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း