(၆)လအတွင်း ငွေကျပ် ဘီလျံ (၇၈၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ကျူးလွန်သူ (၄၃၀၀)ကျော်ကို ဖမ်းဆီးနိုင်ခဲ့ဟုဆို
စော(NSS) - ဖေဖော်ဝါရီ ၁
(၆)လအတွင်း ငွေကျပ် ဘီလျံ (၇၈၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ကျူးလွန်သူ (၄၃၀၀)ကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။
မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်အထိ ဘိန်းဖြူ (၁ ဒသမ ၁)တန်ကျော် ၊ စိတ်ကြွရူးသွပ်ဆေးပြား (၁၁၇)သန်းကျော်၊ အိုက်စ် (၁၄ ဒသမ ၆၆၅)တန်ကျော် နှင့် အမှုပေါင်း (၃၂၇၂)မှုရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် (၆)လတာကာလအတွင်း ငွေကျပ် (၇၈၁ ဒသမ ၀၂) ဘီလျံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ပါဝင်ပတ်သက်ကျူးလွန်သူ (၄၃၇၃)ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် သတင်းဆက်စပ်ဖော်ထုတ်ဖမ်းဆီးချက်အရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်မှ ဒီဇင်ဘာလ ၉ ရက်အထိ ငွေကျပ် (၅၁ ဒသမ ၈၇) ဘီလျံ တန်ဖိုးရှိ အိုက်စ် (၂)တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း (၈၀၀) ကီလိုနှင့်အတူ AAသောင်းကျန်းသူများ ပါဝင်သည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံအတွင်း တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် သောင်းကျန်းသူအဖွဲ့များသည် အခြားနိုင်ငံများမှ ချိတ်ဆက်သယ်ဆောင်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောင်းသား/သူ (၁၃)သိန်းကျော် ကျောင်းတတ်ရန်ပျက်ကွက်နေလျက်ရှိပြီး အများစုမှာ တိုက်ပွဲဖြစ်နေသည့် တိုင်းရင်းသားဒေသများမှဖြစ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း