အကြမ်းဖက်လုပ်ရပ်ဖြင့် ပြစ်ဒဏ်ကျခံနေရသူတစ်ဦးကို ဆော်ဒီအာရေးဗျအစိုးရကွပ်မျက်
Pika (NSS) - ဖေဖော်ဝါရီ ၁
ဆော်ဒီအာရေးဗျအစိုးရသည် အကြမ်းဖက်လုပ်ရပ်ဖြင့် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံသားတစ်ဦးကို ကွပ်မျက်လိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီလ(၃၀)ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
Aoun bin Hassan bin Radhi Al Abu Abdullah ဟု အမည်ရသော အမျိုးသားသည် နိုင်ငံလုံခြုံရေးနှင့် တည်ငြိမ်ရေးကို မတည်မငြိမ်ဖြစ်စေရန်နှင့် လုံခြုံရေးဝန်ထမ်းများကို သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ပစ်မှတ်ထားနေသည့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုတွင် ပါဝင်ခဲ့ခြင်းအတွက် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။ ထို့ပြင် Aoun bin Hassan bin Radhi Al Abu Abdullah သည် ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်ရေးတွင်လည်း ပါဝင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
Aoun bin Hassan bin Radhi Al Abu Abdullah သည် အဆိုပါဖောက်ခွဲရေးပစ္စည်းများကို အကြမ်းဖက်အဖွဲ့အစည်းအားပေးအပ်ခဲ့သလို ငွေကြေးထောက်ပံ့ပေးမှုများတွင်လည်း ပါဝင်ခဲ့သူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။ အဆိုပါအမှုကို အကြမ်းဖက်ကိစ္စရပ်များအား လုပ်ဆောင်ရန်ကြိုးပမ်းမှုအဖြစ် နိုင်ငံတော်ကသတ်မှတ်ခဲ့ပြီး အထူးရာဇ ဝတ်တရားရုံးက အစောပိုင်းတွင် ကြားနာမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ အစောပိုင်းကြားနာမှုအတွင်း ချမှတ်ခဲ့သော စီရင်ချက်ကို အယူခံတရားရုံးနှင့် တရားရုံးချုပ်တို့က အတည်ပြုခဲ့ပြီးနောက် ဆုံးဖြတ် ချက်ကို လိုက်နာရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ သေဒဏ်ချမှတ်ခံခဲ့ရသော Aoun bin Hassan bin Radhi Al Abu Abdullah မှာ နိုင်ငံအရှေ့ပိုင်းပြည်နယ်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ၎င်းအားကွပ်မျက်မှုကို ဇန်နဝါရီလ(၃၀)ရက်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၆)လအတွင်း ငွေကျပ် ဘီလျံ (၇၈၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ကျူးလွန်သူ (၄၃၀၀)ကျော်ကို ဖမ်းဆီးနိုင်ခဲ့ဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း