တစ်လအတွင်း အလုပ်သမား (၃၆၀၀၀)ကျော် အလုပ်အကိုင်ရရှိ
ယွန်း (NSS) - ဖေဖော်ဝါရီ ၁
ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ရန်အတွက် အလုပ်ခေါ်စာများကို Online စနစ်ဖြင့် ဆောင်ရွက်ခဲ့ရာ တစ်လအတွင်း အလုပ်သမား (၃၆၀၀၀) ကျော်ကို ပြည်ပအလုပ်အကိုင်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ဇန်နဝါရီလ (၃၁)ရက်တွင် မြန်မာပြည်ပအလုပ်အကိုင်လုပ်ငန်းရှင်များအသင်း(MOEAF) မှ အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည့် အစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်သည့် လုပ်ငန်းစဥ်များတွင် ပို၍မြန်ဆန်စေရန်အတွက် အလုပ်ခေါ်စာများကို ပြီးခဲ့သည့် ဇန်နဝါရီလ(၁) ရက်မှစ၍ Online မှတစ်ဆင့်လက်ခံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ Online စနစ်ဖြင့်ဆောင်ရွက်ရာတွင် ယခင်က email တစ်ခုတည်းဖြင့် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစဥ်ရှုပ်ထွေးမှု မရှိစေရေးအတွက် email လိပ်စာအသစ်များကို ထပ်မံဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
Online စနစ်ဖြင့် အလုပ်ခေါ်စာများကို လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီလ(၁)ရက်မှ ဇန်နဝါရီလ(၃၁)ရက်အထိ အလုပ်ခေါ်စာအစောင်ရေ (၁၁၂၆)စောင်မှ အလုပ်သမား(၃၆၄၂၂)ဦးကို ပြည်ပအလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံသို့ အလုပ်သမားများစေလွှတ်ရာတွင်လည်း ခရီးသွားလာမှု အခက်အခဲဖြစ်နေသည့်အတွက် အေဂျင်စီများမှ မိမိအစီအစဥ်ဖြင့် မြဝတီမြို့သို့ ပို့ဆောင်မှုများရှိနေကြောင်း သိရသည်။
အလားတူ အလုပ်သမားစေလွှတ်သည့် မြဝတီ- မဲဆောက်လမ်းကြောင်းသည် အခက်အခဲများရှိနေသည့်အတွက် အလုပ်သမားများကို ရန်ကုန်- ဒွန်မောင်း လေဆိပ်မှတဆင့် ပို့ဆောင်နိုင်ရေးအတွက် ထိုင်းနိုင်ငံဘက်မှ သဘောတူညီခဲ့သည့်အတွက် အလုပ်သမားများကို လေကြောင်းမှ စေလွှတ်ခွင့်ပြုထားကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၌ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား (၄၈၀၀၀) ကျော်ကို နစကမှ တရုတ်ထံလွှဲပြောင်းပေးထား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း