မြန်မာနိုင်ငံ၌ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား (၄၈၀၀၀) ကျော်ကို နစကမှ တရုတ်ထံလွှဲပြောင်းပေးထား
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၁
မြန်မာနိုင်ငံ၌ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား (၄၈၀၀၀) ကျော်ကို နစကမှ တရုတ်ထံလွှဲပြောင်းပေးထား နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက ဇန်နဝါရီလ(၃၁)ရက်တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံးတွင် ကျင်းပခဲ့သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်း အဝေး(၁/၂၀၂၄)တွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်အထိ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား (၄၈၂၁၀)ဦးနှင့် အခြားနိုင်ငံခြားသား (၁၈၁၀)ဦးရှိခဲ့ရာ စုစုပေါင်း (၅၀၀၂၀)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယခုနှစ် ဇန်နဝါရီလ ၂၃ ရက်တွင်လည်း ရှမ်းပြည်နယ်၊ နမ့်စန်မြို့အနီးပတ်ဝင်းကျင်ရှိ နေရာ(၃)နေရာ၌ ပန်ဆန်း၊ လောက်ကိုင်၊ မိုင်းပေါက်၊ မိုင်းလားဒေသမှ ထွက်ပြေးတိမ်းရှောင်လာသော အမျိုးသား(၁၀၀၂)ဦးနှင့် အမျိုးသမီး(၃၆)ဦးပါဝင်သည့် တရုတ်နိုင်ငံသား (၁၀၃၈)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသားများကို လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း နစက ဥက္ကဌက ထည့်သွင်းပြောကြားခဲ့သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ကိုဗစ်-၁၉ ဖြစ်ပွားချိန်၌ ကန်သတ်မှုများဖြစ်ပွားခဲ့ပြီး ထိုမှတစ်ဆင့် အွန်လိုင်းလောင်းကစားမှုများ ပေါ်ပေါက်လာခဲ့ရာ လုပ်ငန်းအတွက်လိုအပ်သည့် ကျွမ်းကျင်သူများနှင့် အထောက်အကူပြုဝန်ထမ်းများ ခေါ်ဆောင်ရာမှ နိုင်ငံခြားသားများသည်လည်း တရားမဝင် ဝင်ရောက်နေထိုင်လာခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောင်းသား/သူ (၁၃)သိန်းကျော် ကျောင်းတတ်ရန်ပျက်ကွက်နေလျက်ရှိပြီး အများစုမှာ တိုက်ပွဲဖြစ်နေသည့် တိုင်းရင်းသားဒေသများမှဖြစ်နေ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း