ပုဂံက KBZ ဘဏ်ခွဲကို လူ (၇)ဦးက ဝင်ရောက်အနုကြမ်းစီး၍ ကျပ်သိန်း ၂၀၀၀ကျော်အား လုယက်ယူဆောင်မှု ဖြစ်ပွား
Pearl (NSS) - ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ပုဂံက KBZ ဘဏ်ခွဲကို လူ (၇)ဦးက ဝင်ရောက် အနုကြမ်းစီး၍ ကျပ်သိန်း ၂ဝဝ ကျော်ခန့် အား လုယက်ယူဆောင်သွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီ ၃၁)၊ မွန်းလွဲ (၁၂)နာရီခန့်က ပုဂံမြို့၊ အနော်ရထာရပ်ကွက်၊ ပုဂံဈေးအနီးရှိ KBZ ဘဏ်ခွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ KBZ ဘဏ်ခွဲတွင် ဘဏ်မန်နေဂျာ အပါအဝင် ဝန်ထမ်း (၁၉)ဦးတို့ ရှိနေစဉ် ပြောက်ကျားဝတ်စုံများ ဝတ်ဆင်လာသည့် လူ(၇)ဦးခန့်က ကားဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထို့နောက် ဘဏ်အတွင်းသို့ သေနတ်အရှည်များ ကိုင်ဆောင်ဝင်ရောက်လာကာ ဝန်ထမ်းများအား မှောက်ခိုင်းထား ပြီး ဘဏ်တွင်ရှိသော ငွေကျပ်သိန်း ၂ဝဝဝ ကျော်ခန့်ကို လုယက်ယူဆောင်ကာ ပုဂံ - ချောက် လမ်းအတိုင်း ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကျူးလွန်သူများအား ဖမ်းဆီးရရှိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်ကလည်း မန္တလေးမြို့၊ မန်းမြို့ဈေးအတွင်းရှိ "ဆယ်သန်း" ရွှေဆိုင်တွင် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ရာ ရွှေနှစ်ပိဿာ နှင့် ငွေကျပ်သိန်း (၂ဝဝ) ဝန်းကျင် လုယက်ခံခဲ့ရကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတွင် BRICS အဖွဲ့၏ရှယ်ယာများက G7 အဖွဲ့ကို ကျော်တက်သွားပြီဖြစ်ကြောင်း ရုရှားဗဟိုဘဏ်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း