KFC Singapore က တရုတ်နှစ်သစ်ကူးအတွက် Limited Edition ထုတ်လုပ်ထားတဲ့ ဘောင်းဘီတိုများ ရောင်းချမည်
ရောင်နီ (NSS) - ဇန်နဝါရီ ၃၁
တရုတ်အယူအဆမှာ အနီရောင်ဝတ်ခြင်းဟာ နှစ်သစ်ကူးကာလမှာ ချမ်းသာကြွယ်ဝစေတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် KFC Singapore ကလည်း သူရဲ့ဖောက်သည်တွေအတွက် ချမ်းသာကြွယ်ဝမှု နိမိတ်ကို ယူဆောင်လာပေးမယ့် Limited-edition အနီရောင် HuatWear ဘောင်းဘီတိုတွေ စတင်ရောင်းချဖို့ ပြင်ဆင်ထားပါတယ်။
ဒီဘောင်းဘီတိုကို KFC က စင်ကာပူဖုန်းရွှေကျွမ်းကျင်သူ ဂျက်လီနဲ့ တိုင်ပင် ဒီဇိုင်းထုတ်ထားပြီး အနီရောင် ရောင်စုံနဲ့ ပုံဖော်ထားပါတယ်။ ဒါ့အပြင် ကံကောင်းခြင်းနဲ့ ကြီးပွားရေး ဒင်္ဂါးတွေရဲ့ ဘုရားသခင် အပါအဝင် ကောင်းတဲ့သင်္ကေတတွေနဲ့ ရိုက်နှိပ်ထားပါတယ်။
အဆိုပါ ဘောင်းဘီတိုကို ဖေဖော်ဝါရီ ၆ ရက်မှစကာ VivoCity၊ Kallang ၊ NEX ၊ West Mall ၊ Jurong Point NorthPoint City၊ Causeway Point၊ Tampines Mall ဆိုင်တွေမှာ ရယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
HuatWear ဘောင်းဘီတိုအရေအတွက် ၈၈၈ ခုသာ ထုတ်လုပ်သွားမှာဖြစ်တာကြောင့် လက်သွက်ဖို့လည်း ၎င်းက တိုက်တွန်းထားပါတယ်။ တရုတ်နှစ်ကူးဟာ လာမယ့် ဖေဖော်ဝါရီ ၁၁ ရက်မှာ ကျရောက်မှာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အောင်ဘာလေသိန်းဆုထီဖွင့်ပွဲတွင် လူပုဂ္ဂိုလ်များမှ နှိုက်ယူ၍ ရွေးချယ်ဖွင့်လှစ်သည့်နည်းအစား နိုင်ငံတကာအဆင့်မီစက်စနစ်ကို ပြောင်းလဲအသုံးပြုမည်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း