KIA၊ TNLA နှင့် PDF အဖွဲ့တို့ ထိန်းချုပ်ခဲ့သော မိုးမိတ်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီးနောက် မိုင်း ရှင်းလင်းရေးလုပ်ငန်းများ စတင်
Pearl (NSS) - ဇန်နဝါရီ ၂၉
KIA ၊ TNLA နှင့် PDF အဖွဲ့တို့ ထိန်းချုပ်ခဲ့သော မိုးမိတ်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီးနောက် မိုင်း ရှင်းလင်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ (၁၈) ရက်မှစ၍ မိုးမိတ်မြို့ရှိ လုံခြုံရေးစခန်းများကို KIA၊ TNLA နှင့် PDF အဖွဲ့တို့က အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်လာခဲ့ပြီး မြို့နှင့်အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ ဆေးရုံနှင့် စာသင်ကျောင်းများ၊ လူနေအိမ်များ နှင့် ဌာနဆိုင်ရာအဆောက်အဦးများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း စသည့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း နစကမှ ဆိုသည်။
ထို့ကြောင့် ၎င်းတို့အဖွဲ့များနှင့် တပ်မတော်တို့ကြားထိတွေ့တိုက်ပွဲ (၁၆) ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က အမြောက်နှင့် လက်နက်ကြီးပစ်ကူများဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက် ဇန်နဝါရီ ၂၇ ရက်တွင် တပ်မတော်စစ်ကြောင်းများက မိုးမိတ်မြို့ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး KIA ၊ TNLA နှင့် PDF အဖွဲ့တို့သည် မိုးမိတ်မြို့၏ မြောက်ဘက်၊ အရှေ့မြောက်ဘက် နှင့် အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထို့ပြင် တိုက်ပွဲအတွင်း တပ်မတော်ဘက်က လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုများရှိသကဲ့သို့ လက်နက်ကိုင်အဖွဲ့များ၏ ရုပ်လောင်းနှင့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
KIA၊ TNLA နှင့် PDF အဖွဲ့များအနေဖြင့် လူနေအိမ်များ၊ ဘာသာရေးအဆောက်အဦးများ၊ ဌာနဆိုင်ရာ အဆောက် အဦးများကို အကာအကွယ်ပြု၍ ဘန်ကာများဆောက်လုပ်တိုက်ခိုက်ခဲ့ခြင်း နှင့် အကြမ်းဖက်လုပ်ရပ်များပြုလုပ်ခဲ့ခြင်းတို့ကြောင့် မြို့တွင်းရှိ အဆောက်အဦးများစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်းလည်း နစကဘက်မှ ဆိုထားသည်။
လက်ရှိတွင် ၎င်းလက်နက်ကိုင်အဖွဲ့များ ထောင်ထားသည့်မိုင်းများကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
ထို့အတူ မိုးမိတ်မြို့အတွင်းသို့ နေရပ်စွန့်ခွာဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးနှင့် ပျက်စီးခဲ့သော စာသင်ကျောင်းများ အပါအဝင် မိုးမိတ်မြို့အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်နေကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဓနုဖြူ-ရန်ကုန်ကားလမ်းတွင် ဆီဘောက်ဆာကားနှင့် (၁၂)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း