ချစ်ကြည်ရေး ပန်ဒါတွေကို မလေးရှားမှာ ကြာကြာနေခွင့်ပြုဖို့ ဝန်ကြီးချုပ်အန်ဝါက တရုတ်ကို တောင်းဆို
ရောင်နီ (NSS) - ဇန်နဝါရီ ၂၉
မလေးရှားနိုင်ငံမှာ Zoo Negara မှာ ထားရှိတဲ့ တရုတ်နိုင်ငံရဲ့လက်ဆောင် ပန်ဒါအကြီးစား ရှင်းရှင်းနဲ့ လျံလျံ တို့ကို မလေးရှားမှာ ကြာကြာနေခွင့်ပြုဖို့ ဝန်ကြီးချုပ် အန်ဝါအိုင်ဘရာဟင် က ပြောကြားခဲ့ပါတယ်။
"မလေးရှားမှာ ပန်ဒါဝက်ဝံတွေ နေထိုင်တဲ့ကာလကို သက်တမ်းတိုးဖို့ အစီအစဉ်ရှိ-မရှိ ကို တရုတ်အစိုးရ၊ အထူးသဖြင့် သမ္မတရှီကျင်းဖျင်နဲ့တွဲပြီး ဆောင်ရွက်သွားမှာပါ” လို့ ၎င်းက ဆိုပါတယ်။
နှစ်နိုင်ငံကြား ကောင်းမွန်တဲ့ဆက်ဆံရေးကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျွန်ုပ်တို့ရဲ့အဆိုပြုချက်ကို ထောက်ခံဖို့ ထည့်သွင်းစဉ်းစားပေးမယ်လို့ ယူဆတယ်လို့ မစ္စတာ အန်ဝါက ပြောကြားခဲ့ပါတယ်။ ဒါကို ဇန်နဝါရီ ၂၇ ရက်က Zoo Negara ရဲ့ နှစ် ၆ဝ ပြည့်နှစ်ပတ်လည်အခမ်းအနားမှာ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ရှင်းရှင်းနဲ့ လျံလျံ ပန်ဒါ ၂ ကောင်ကို တရုတ်နိုင်ငံက မလေးရှားကို ချစ်ကြည်ရေးသင်္ကေတအနေနဲ့ ၂ဝ၁၄ ခုနှစ်ကစ ၁ဝ နှစ်စာ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ အခု ၂ဝ၂၄ ခုနှစ်မှာ ၁၀ နှစ်သက်တမ်းပြည့်ပြီဖြစ်လို့ တရုတ်ပြည်က ပြန်ခေါ်ဖို့ စီစဉ်နေခြင်းဖြစ်ပါတယ်။
ပန်ဒါကြီးတွေကို ထိန်းသိမ်းဖို့ ကုန်ကျစရိတ်မြင့်မားနိုင်ပေမယ့် သူတို့ကိုကြည့်ရှုဖို့ တိရစ္ဆာန်ရုံကို လာရောက်လည်ပတ်သူတွေ များစွာရှိတာကြောင့် ဒီကုန်ကျစရိတ်ကို ကာမိစေတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိပ်တိုက်ရင်ဆိုင်သည့်နည်းလမ်းကို ရှောင်ရှားရန် NCA ရေးထိုးထားသော PNLO အဖွဲ့ကို နစက၏ NSPNC သတိပေးထုတ်ပြန်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ