လှိုင်သာယာမြို့နယ်တွင် ကားတစ်စီးလုံး မီးလောင်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ကားအတွင်း ဝါယာကြိုးပေါက်၍ မီး စတင်လောင်ကျွမ်းရာမှ ကားတစ်စီး လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း လှိုင်သာယာမြို့နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ကားမီးလောင်မှုသည် ယနေ့(ဇန်နဝါရီလ ၂၈ ရက်)၊ နံနက် ၁၁ နာရီ ၄ဝ မိနစ်အချိန်တွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ စက်မှုဇုန်(၄)၊ ပင်စည်မင်းသားကြီးလမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မီးလောင်တဲ့ကားက HYUNDAI PORTER II ကားပါ။ ဝါယာကြိုးပေါက်ပြီး အပူခံပြားကို မီးကူးပြီး လောင်တာပါ။ ကားကတော့ တစ်စီးလုံး လောင်သွားတယ်။ လူထိခိုက်တာတော့ မရှိပါဘူး” ဟု လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါကားမီးလောင်မှုဖြစ်စဥ်ကြောင့် လူထိခိုက် သေဆုံးမှုမရှိခဲ့ကြောင်း၊ မီးလောင်ကျွမ်းနေသည့်ယာဥ်ကိုဖြင့် လှိုင်သာယာမြို့နယ်မီးသတ်တပ်ဖွဲ့မှ ၁ဝ မိနစ်ခန့်အကြာ မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံသို့ နယ်စပ်မှ “ပြောင်း”တင်ပို့ရန် အခက်အခဲရှိနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း