ရုရှားနယ်စပ်မြို့တွေကို ယူကရိန်းဘက်က ပစ်ခတ်လိုက်တဲ့ကျည်ဆံတွေ မကျရောက်အောင် အရာရာတိုင်းလုပ်ဆောင်မယ်လို့ ရုရှားအစိုးရပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁ဝ
ရုရှားအစိုးရက ဘယ်ဂိုရောဗ့်မြို့ကို ယူကရိန်းဘက်က ပစ်ခတ်လိုက်တဲ့ကျည်ဆံတွေ ကျရောက်ခြင်းကို တားဆီးနိုင်ဖို့ ဖြစ်နိုင်တဲ့အရာအားလုံးကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယူကရိန်းစစ်တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရုရှားနယ်စပ်မြို့ဖြစ်တဲ့ ဘယ်ဂိုရော့မြို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရုရှား နိုင်ငံသားတွေ သေဆုံးခဲ့ပြီး လူပေါင်းရာချီနေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သိရပါတယ်။
ယူကရိန်းဟာ ရုရှားရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ၊ ဒုံးကျည်တွေနဲ့တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်ဖို့ ရုရှားပိုင်နက် နယ်စပ်မြို့တွေကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
"ကျွန်တော်တို့ရဲ့ ရုရှားစစ်တပ်ဟာ နယ်စပ်ဒေသမှာ ဘေးအန္တရာယ်ကင်းရှင်းရေးကို လျော့နည်းသွားအောင် အရာရာတိုင်း လုပ်ဆောင်သွားမယ်။ အဲဒီလိုမျိုးလုပ်ဆောင်ပြီးချိန်မှာ ရန်သူတွေကို အကုန်တိုက်ခိုက်သွားမယ်" လို့ ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကောဗ့်က ပြောပါတယ်။
ယူကရိန်းစစ်တပ်ဟာ အရပ်သား သုံးသိန်းခွဲနီးပါး နေထိုင်နေတဲ့နယ်စပ်ဒေသမြို့ရှိ လူနေအိမ်တွေကို ပစ်မှတ်ထား ပြီးတိုက်ခိုက်ခဲ့ကြောင်း ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဘယ်ဂိုရော့မြို့အုပ်ချုပ်ရေးမှူးက ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ပြောပါတယ်။
ရုရှားဟာ ဘယ်ဂိုရောဗ့် နယ်စပ်ဒေသမြို့ကို ယူကရိန်းဘက်က တိုက်ခိုက်ချိန်အတွင်း လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ အသုံးပြုခဲ့ရပြီး ယူကရိန်းဒုံးကျည်အစင်းပေါင်း ၁ဝ စင်းကို ကာကွယ်ပစ်ချခဲ့ရကြောင်း ဘယ်ဂိုရောဗ့်မြို့အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ယူကရိန်း နဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ၂ နှစ်နီးပါးရှိနေပြီး လက်ရှိအချိန်အထိ အပစ်ခတ် ရပ်စဲနိုင်ခြင်းမရှိသေးဘဲ အပြန်အလှန်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရပါတယ်။
ရုရှားဟာ ယူကရိန်းပိုင်နက်လေးခုကို သိမ်းပိုက်ထားကာ ဆန္ဒခံယူပွဲပြုလုပ်ကာ အဲဒီဒေသ လေးခုကို ရုရှားပိုင်နက်အဖြစ် သတ်မှတ်ထားပါတယ်။ ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို့ တန်ပြန်ထိုးစစ်ဆင်နွဲနေပေမယ့် လက်ရှိအချိန်အထိ မျှော်လင့်သလောက်အောင်မြင်မှုမရသေးကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူဆယ်မြို့၌ ဓားပြမှု၊ ပြန်ပေးဆွဲမှု နှင့် ငွေကြေးလိမ်လည်မှုများ ပိုမိုများပြားလာကြောင်း ဒေသခံများဆို
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ