Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မူဆယ်မြို့၌ ဓားပြမှု၊ ပြန်ပေးဆွဲမှု နှင့် ငွေကြေးလိမ်လည်မှုများ ပိုမိုများပြားလာကြောင်း ဒေသခံများဆို

NSS - ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ဓားပြမှု၊ ပြန်ပေးဆွဲမှု နှင့် ငွေကြေးလိမ်လည်မှုများ ပိုမိုဖြစ်ပွားလာနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သော ၂ဝ၂၃ ခုနှစ် အောက်တိုဘာလမှ စတင်ကာ အရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသ၌ MNDAA၊ TNLA ၊AA မဟာမိတ်လက်နက်ကိုင်အဖွဲ့က (၁ဝ၂၇) စစ်ဆင်ရေးအမည်ဖြင့် တိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီးနောက် မူဆယ်မြို့တွင် အထက်ပါကဲ့သို့ဖြစ်စဉ်များ ပိုမိုဖြစ်ပွားလာကြောင်း ဒေသခံများက ဆိုသည်။


“မူဆယ်မှာက ခုလိုဖြစ်နေတာကြာပြီ။ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး တိုင်ဖို့ကိုလည်း ပြည်သူတွေဘက်က ပါဝင်မှု အားနည်းတယ်။ အားနည်းတယ်ဆိုတာကလည်း ပြည်သူတွေဘက်ကကြည့်ရင် တိုင်လိုက်လို့ ဒီထက်ဆိုးသွားမှာကို ကြောက်လို့ ထင်ပါတယ်။ ပြီးတော့ မြို့ထဲမှာလည်း အခွန်ဆိုပြီး ဘာမှန်းမသိတဲ့ အဖွဲ့အစည်းတွေက ခဏခဏ လာကောက်တယ်” ဟု မူဆယ်မြို့ခံတစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ထိထိရောက်ရောက်အရေးဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မူဆယ်မြို့ခံများက အကြံပြု ပြောထားသည်။

ပြီးခဲ့သော (ဇန်နဝါရီလ ၇ ရက်)၊ မွန်းလွဲပိုင်းအချိန်တွင် မူဆယ်မြို့နယ်၊ ဟိုမွန်ရပ်ကွက်၊ ၄၅ လမ်း၊ လမ်းသွယ် (၆)၌ ပြန်ပေးဆွဲဂိုဏ်းတစ်ခုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ကျူးလွန်မှုတွင် ပါဝင်သူ (၃)ဦး ကို ဖမ်းဆီးရမိခဲ့သာ်လည်း အဓိကဂိုဏ်းခေါင်းဆောင်များမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“အဲဒီရပ်ကွက်မှာရှိတဲ့ ပြန်ပေးဆွဲဂိုဏ်းကို သတင်းရတာနဲ့ ရဲတပ်ဖွဲ့ရယ် တပ်နဲ့ ပြည်သူ့စစ်ဖွဲ့က ဝင်ဖမ်းတာမှာ အဓိကခေါင်းဆောင်ပိုင်းတွေ လွတ်သွားပြီး အောက်က ငယ်သား(၃)ယောက် ဖမ်းမိတာပါ။ မူဆယ်မှာက တိုက်ပွဲ စတင်ဖော်ဆောင်လာတဲ့ အောက်တိုဘာလကစပြီး အခုလိုဖြစ်တာတွေ ပိုများလာတာ” ဟု မူဆယ်မြို့ခံတစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သော ၂ဝ၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ အဖွားအို တစ်ဦးတည်း ရှိနေစဉ် အမျိုးသား(၂)ဦးမှ ဓားပြဝင်တိုက်ကာ ငွေကြေးများလုယက်ယူဆောင်သွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်ဘေးရှောင်(၂)သန်းကျော်ကို ကုလသမဂ္ဂအရေးပေါ်တုံ့ပြန်ရေးဗဟိုရန်ပုံငွေမှ အမေရိကန်ဒေါ်လာ(၇) သန်းကူညီပေးမည်ဟု UNOCHA ထုတ်ပြန်

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved