Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘင်္ဂလားဒေ့ရှ်တွင် ဟိန္ဒူနှင့် လူနည်းစုများ အကြမ်းဖက်ခံရပြီးနောက် အစ္စလာမ် ဆူဖီဗိမာန်များကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာ

Htay Oung (NSS) - စက်တင်ဘာ ၁၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘာသာရေး လူနည်းစုများနဲ့ ၎င်းတို့ရဲ့ ဝတ်ပြုရာနေရာများကို အကြမ်းဖက်မှုများဖြစ်ပွား အပြီး ယခုရက်ပိုင်းများအတွင်း  အစ္စလာမ်ဆူဖီဗိမာန်များမှာလည်း ရမ်းကားဖျက်ဆီးမှုများနဲ့ ကြုံတွေ့ခဲ့ရ တယ် လို့ နယူးဒေလီအခြေစိုက် “တိုင်းမ်းအော့ဖ်အင်ဒီးယား”က စက်တင်ဘာလ ၁၅ ရက်မှာ ရေးသားပါတယ်။


ဆူဖီဒဿနမှာ အစ္စလာမ်သာသနာစောစောပိုင်းကတည်းက ထွန်းကားခဲ့ပါဘယ်။ အစ္စလာမ်ရဲ့ သန့်စင်ခြင်း၊ စိတ်ဝိညာဉ်ရေးရာ၊ ဓလေ့ထုံးတမ်းများနဲ့ တမန်တော်ထံ ပြန်လည်ဆက်သွယ်ရန် အားထုတ်ခြင်းအယူအဆများ ပဲဖြစ်ပါတယ်။ ၁၁-ရာစုမှာ လူသိများလာပြီး အစ္စလာမ်ရဲ့ တင်းကြပ်တဲ့ ဥခွံအတွင်းမှ ဖောက်ထွက်ခြင်းအဖြစ် အ နောက်နိုင်ငံများတိုင်အောင် စိတ်ဝင်စားခြင်းခံရတဲ့ ဒဿနများနဲ့ ကျင့်စဉ်များပါဝင်နေပါတယ်။ ဆူဖီဟာ ဆွန်နီ နဲ့ ရှီအာဂိုဏ်းကွဲ နှစ်ခုစလုံးမှာ ရှိပေမယ့် သဘောထားတင်းမာတဲ့ အစွန်းရောက် အစ္စလာမ်မစ်များ၊ ဆလားဖစ် ဝါဒီများ၊ ဝါဟာဘီဝါဒီများရဲ့ အစဉ်တစိုက် ထိုးနှက်တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့် ဆူဖီဟာ အစ္စ လာမ်ကမ္ဘာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှ ယနေ့တိုင်ဆက်လက်ပါဝင်နေပါတယ်။

ကမ္ဘာအရပ်ရပ်ရှိ ဆူဖီဗိမာန် သို့မဟုတ် ဘုရားကျောင်းများကို အမျိုးဘာသာ ကိုးကွယ်ယုံကြည်မှု မခွဲခြားပဲ ဝတ်ပြုရာနေရာများအဖြစ် နှစ်ပေါင်းများစွာ လူသိများခဲ့ပါတယ်။ ယခုလို ဆူဖီဗိမာန်များ လက်သရမ်းဖျက်ဆီးခံ ရခြင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘာသာရေးသဘောထားတင်းမာတဲ့ အခြေခံဝါဒီများ အင်အားကြီးထွား လာ ခြင်း၊ လက်ရဲဇက်ရဲဖြစ်လာခြင်းကို ပြသရာရောက်ရှိခြင်းနဲ့အတူ မိုဟာမက်ယူနွတ် ဦးဆောင် ကြားဖြတ် အစိုးရရဲ့ ထိန်းချုပ်နိုင်မှုစွမ်းရည်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ယာယီအစိုးရ အကြံပေးအရာရှိချုပ် ယူနွတ်ကတော့ အဆိုပါ တိုက်ခိုက်မှုနဲ့ ဥပဒေချိုးဖောက်ရာရောက်ရှိတဲ့ ကိုယ့်ကျင့်တရား ပျက်ပြားမှုအဖြစ် ရှုတ်ချခဲ့ပါတယ်။ ဘုရားကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟာ ဆူဖီအနေနဲ့ အစ္စလာမ်နဲ့ ကွဲလွဲတယ်လို့ ယူဆကြတဲ့ သဘောထားတင်းမာသူ အခြခံဝါဒီများလက်ချက် ဖြစ်နိုင်စရာရှိပါတယ်၊ သူတို့က ဆူဖီဟာ အစ္စလာမ်ဘာသာကို ဆန့်ကျင်တဲ့ ဂိုဏ်းကွဲနဲ့ ကျင့်ထုံးများအဖြစ် ရှုမြင်ကြပါတယ်။ ပြည်တွင်း ဘာသာရေး သဘောထားတင်းမာသူ နိုင်ငံရေးအုပ်စုများအဖြစ် လူသိများတဲ့ “ဟီဖာဇက်အီးအစ္စလာမ် ဘင်္ဂလားဒေ့ရှ်” နဲ့ “ဂျမတ်အီအစ္စလာမ်မီ” တို့ကတော့ ယခုလို တိုက်ခိုက်မှုများနဲ့ ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်တယ်လို့ မရှိခဲ့ဖူးပါဘူး။

ဒါပေမဲ့ ဆူဖီဗိမာန်များပါ တိုက်ခိုက်ခံလာရတဲ့အတွက် တခြားသော အစ္စလာမ်ဘာသာဝင်တွေကတော့ ထိတ် လန့်တုန်လှုပ်နေကြပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ အစ္စလာမ်သာသနာကို မြှင့်တင်ပေးခဲ့တဲ့ သူတော်စင်များစွာ ထွန်းကားရာ တိုင်းပြည်ဖြစ်ကြောင်း ထောက်ပြနေကြပါတယ်။ (ဟာစီနာအလွန် နိုင်ငံရေး မငြိမ်မသက်ဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ အီရတ်-ဆီးရီးယား-လစ်ဗျားတို့လို ဘာသာရေး အစွန်းရောက်အကြမ်းဖက်များ ခေါင်းထောင် လာတဲ့အထိ ဦးတည်သွားမှာကို စိုးရိမ်နေကြပါတယ်)

ဆူဖီဗိမာန်တွေဟာ မွတ်စလင်များအတွက်သာမက ဟိန္ဒူဘာသာဝင်များအပါအဝင် အခြားကိုးကွယ်ရာ ဘာ သာများမှ လူအများလည်း လာရောက်လည်ပတ်ကြလေ့ရှိကြတဲ့အတွက် ယခုလို တိုက်ခိုက်မှုတွေကို ချက်ချင်း ရပ်တန့်နိုင်ဖို့ ဆန္ဒရှိကြပါတယ်။

ဆူဖီဘုရားကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်နေတဲ့ မသမာသူတွေကို စာရင်းပြုစုပြီး တင်းကြပ်တဲ့ အရေးယူမှုတွေ စတင်ဖို့ လုပ်ဆောင်နေကြောင်း၊ ယာယီအစိုးရအနေနဲ့ ဗိမာန်များ-ဘုရား ကျောင်းများနဲ့ ယဉ်ကျေးမှုဆိုင်ရာနေရာများကို လုံလောက်သော ကာကွယ်ရေးအစီအမံများပြုလုပ်ရန် ဥပဒေ စိုးမိုးရေးအေဂျင်စီများအား ညွှန်ကြားထားကြောင်း၊ သဟဇာတဖြစ်တည်နေသော နိုင်ငံအဖြစ် ဆက်လက်ရပ် တည်နေမှာကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုထားပြီး ဘာသာရေး သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ ခြား နားချက်အပေါ် နှောင့်ယှက်ရန် ကြိုးပမ်းမှုမှန်သမျှကို ဆူကြုံနိမ့်မြင့် မခွဲခြားပဲ  ထိရောက်ပြင်းထန်စွာ အရေးယူ သွားမှာဖြစ်ကြောင်း မိုဟာမက်ယူနွတ်ရဲ့ အကြံပေးအရာရှိချုပ်ရုံးက ကြေညာပါတယ်။

ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ ပြင်သစ်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူနဲ့ ပါရီမြို့အခြေစိုက် “ဘင်္ဂလားဒေ့ရှ် တရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့” ရဲ့ အကြံပေးအရာရှိချုပ် ရောဘတ်ဆိုင်မွန်ကတော့ ဘင်္ဂလားဒေ့ရှ် လူနည်းစုအသိုင်းအဝိုင်းများအပေါ် စနစ်တကျ အကြမ်းဖက်မှုဟာ အဲ့ဒီလူတွေရဲ့ အခြေခံအ ခွင့်အရေးများကို တိုက်ခိုက်ရုံသာမက တန်းတူညီမျှမှုနဲ့ တရားမျှတမှုဆိုင်ရာ အခြေခံမူများကိုပါ ထိပါးလာ ခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အတူ နိုင်ငံတကာ အသိုင်းအဝန်းတို့ကလည်း ဒီလို ထိရှလွယ်သူ တွေအပေါ် ချက်ခြင်း အကာအကွယ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

(Times of India., 15 September 2024,” After attacks on minorities, Bangladesh Sufi shrines targeted TNN” ကို ဆီလျော်အောင်ကောက်နုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန် တေးဂီတအဖွဲ့ Jackson 5 ရဲ့အဖွဲ့ဝင် တီတိုဂျက်ဆင် အသက်(၇၀)မှာ ကွယ်လွန်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved