စစ်ဘေးရှောင်(၂)သန်းကျော်ကို ကုလသမဂ္ဂအရေးပေါ်တုံ့ပြန်ရေးဗဟိုရန်ပုံငွေမှ အမေရိကန်ဒေါ်လာ(၇) သန်းကူညီပေးမည်ဟု UNOCHA ထုတ်ပြန်
ကျော်(NSS) - ဇန်နဝါရီ ၁၀
မြန်မာနိုင်ငံတစ်ဝှမ်း၌ နေရပ်စွန့်ခွာနေရသူ (၂ ဒ သမ ၆) သန်းကျော်ရှိပြီဖြစ်ကာ လာမည့် သီတင်းပတ်များအ တွင်း ကုလသမဂ္ဂ အရေးပေါ်တုံ့ပြန်ရေးဗဟိုရန်ပုံငွေမှ အမေရိကန်ဒေါ်လာ (၇) သန်းကူညီပေးသွားမည်ဟု UNOCHA Myanmar ကထုတ်ပြန်ခဲ့သည်။
UNOCHA Myanmar မှ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်) တွင် အပတ်စဥ် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများအကျဉ်းချုပ်ထုတ်ပြန်ချက်၌ အသိပေးရေးသားထားခြင်းဖြစ်သည်။
UNOCHA Myanmar ၏ထုတ်ပြန်ချက်တွင် အောက်တို ဘာလ ၂၆ ရက်မှစ၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် (တောင်ပိုင်း)၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်း ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့မှ စစ်ဘေးရှောင်နေရသူ ၆၆၀၀၀၀ ကျော်ရှိနေသည်ဟု ဖော်ပြထားသည်။
ထိုသို့ စစ်ဘေးရှောင်နေရသူများပိုမိုများပြားလာသဖြင့် မြန်မာနိုင်ငံအနှံ့တွင် စစ်ဘေးရှောင်နေရသူ (၂ ဒသမ ၆) သန်းကျော်ရှိနေပြီဖြစ်ကြောင်း UNOCHA Myanmar ၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့ကြောင့် ကုလသမဂ္ဂ အရေးပေါ်တုံ့ပြန်ရေးဗဟိုရန်ပုံငွေမှ အမေရိကန်ဒေါ်လာ (၇ သန်း)အား လာမည့် သီတင်းပတ်များအတွင်း၌ ပဋိပက္ခဒဏ်ခံရသူများထံ အကူအညီများပေးသွားမည်ဟု UNOCHA Myanmar ကထုတ်ပြန်ခဲ့သည်။
အဆိုပါ အမေရိကန်ဒေါ်လာ(၇)သန်းသည် စစ်ဘေးရှောင်တစ်စိတ်တစ်ပိုင်းအတွက်သာ လုံလောက်မည်ဖြစ်၍ လိုအပ်ချက်ရှိနေသော စစ်ဘေးရှောင်များကို ထပ်မံကူညီပေးမှုများပြုလုပ်ရန် ကျန်ရှိနေသေးသည်ဟု UNOCHA Myanmar ၏ထုတ်ပြန်ချက်၌ရေးသားထား သည်။
ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်မှစတင်၍ မြန်မာနိုင်ငံအနှံ့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ရာ တိုင်းနှင့်ပြည်နယ်အများစုတွင် စစ်ဘေးရှောင်ဦးရေတိုးလာကာ စစ်ဘေးရှောင်အချို့သည် အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုများလည်းရှိနေသည်ဟု UNOCHA Myanmar ကထုတ်ပြန်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၁၈ ခုနှစ် စစ်ရေးသဘောတူညီချက်အရ ရပ်ဆိုင်းထားသော စစ်ရေးလေ့ကျင့်မှုများကို ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရ ကြေညာ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း