Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)

ဂျန်ဇက် (NSS) - စက်တင်ဘာ ၂ဝ

အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝီ ဆူဘီယမ်တိုဟာ လာမယ့်လပိုင်းအတွင်း အင်ဒိုနီး ရှားနိုင်ငံရဲ့ ရွေးကောက်ခံသမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မှာဖြစ်ပါတယ်။ ပရာဘိုဝီဟာ (၂၀၂၄) ခုနှစ် ဖေဖော်ဝါရီအတွင်းကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ ပြိုင်ဘက်တွေကိုကျော်ဖြတ်ပြီး ထောက်ခံမဲ (၆၀) ရာခိုင်နှုန်းနီးပါးရယူနိုင်ကာ အင်ဒိုနီးရှားနိုင်ငံရဲ့သမ္မတ အဖြစ်ရွေးကောက်ခံခဲ့ရပြီး အောက်တိုဘာလ အတွင်း မှာ သမ္မတအသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုတော့မှာ ဖြစ်ပါတယ်။ အသက် (၇၄) နှစ်အရွယ်ရှိ ပရာဘိုဝီဟာ လက်ရှိသမ္မတ ဝီဒိုဒို ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ  အင်ဒိုနီးရှားနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီး အဖြစ် တာဝန်ယူနေပြီး အင်ဒိုနီးရှားနိုင်ငံရဲ့သမ္မတသမိုင်းမှာ ဗိုလ်ချုပ်ကြီးဟောင်း ဆူဟာတိုအပြီး သမ္မတ အဖြစ် တာဝန်ယူတဲ့ (၃) ဦးမြောက် စစ်သားဟောင်းတစ်ဦးဖြစ်လာတော့မှာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ အာဏာရှင်နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့သမ္မတသမိုင်းတစ် လျှောက်မှာ သမ္မတအဖြစ် တာဝန်ယူနိုင်ခဲ့သူ (၇)ဦးသာ ရှိနေသလို ပရာဘိုဝီက (၈) ဦးမြောက် သမ္မတ အဖြစ် တာဝန်ယူမှာလည်းဖြစ်ပါတယ်။ ပရာဘိုဝီကို (၁၉၅၁)ခုနှစ်မှာမွေးဖွားခဲ့ပြီး (၁၉၇၀)ပြည့်နှစ်မှာ အင်ဒိုနီးရှား စစ်တက္ကသိုလ်တက်ရောက်ကာ ဘွဲ့ရရှိ ခဲ့ပြီး (၁၉၉၈)ခုနှစ်မှာ အင်ဒိုနီးရှား မဟာဗျူဟာ မြောက် အရန်တပ်ဖွဲ့အကြီးအကဲအဖြစ် တာဝန်မယူခင် အင်ဒိုနီးရှားအထူးတပ်ဖွဲ့မှာ နှစ်ပေါင်းများစွာ ကြာ တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ပရာဘိုဝီဟာ လက်ယာ ယိမ်းနိုင်ငံရေးသမားအဖြစ် သတ်မှတ်ပြောဆို ခံခဲ့ရပြီး (၂၀ဝ၈)ခုနှစ်အစောပိုင်းမှာ ဂျီရင်ဒရာပါတီကို ဦးဆောင်တည်ထောင်ခဲ့သူဖြစ်ပါတယ်။ 

အင်ဒိုနီးရှားစစ်တပ်မှာ တာဝန်ယူချိန်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ မကြာခဏစွပ်စွဲခံရပြီး အမေရိကန်နိုင်ငံအတွင်းကို ဝင်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရကာ (၁၉ ၉၈)ခုနှစ်မှာ စစ်တပ်က အငြိမ်းစားယူခဲ့သူဖြစ်ပါတယ်။ ပရာဘိုဝီဟာ နိုင်ငံရေးပါတီတည်ထောင်ခဲ့ပြီးနောက် (၂၀ဝ၉) ခုနှစ်မှာ ရွေးကောက်ပွဲကို ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး၊ (၂၀၁၄) ခုနှစ်မှာ ထပ်မံကျင်းပတဲ့ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပြန်ပါဘူး၊ ပရာဘိုဝီ ဟာ ရွေးကောက်ပွဲနှစ်ကြိမ်စလုံး ပါဝင်ယှဉ် ပြိုင်ခဲ့ပေမယ့် အောင်မြင်မှုမရခြင်းကို အားမလျှော့သေးဘဲ (၂၀၁၉)ခုနှစ်မှာကျင်းပတဲ့ ရွေးကောက်ပွဲကို ထပ်မံယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်မှုနဲ့ ထပ်မံရင်ဆိုင်ခဲ့ရပါတယ်။ ယှဉ်ပြိုင်ခဲ့တဲ့ ရွေးကောက်ပွဲသုံးကြိမ်စလုံးမှာ အောင်မြင်မှုမရခဲ့ခြင်းကို လက်မလျှော့သေးဘဲ (၂၀၂၄) ခုနှစ်အစောပိုင်းမှာကျင်းပတဲ့ ရွးကောက်ပွဲကို ထပ်မံယှဉ်ပြိုင်ခဲ့ရာ မဲအများ ဆုံးနဲ့အနိုင်ရခဲ့ပြီး လာမယ့် အောက်တိုဘာလအတွင်း သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုသွားမှာဖြစ်ပါတယ်။

ပရာဘိုဝီဟာ အင်ဒိုနီးရှားစစ်တပ်က အနားယူခဲ့သလို ရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့ပေမယ့် အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးအဖြစ် (၂၀၁၉)ခုနှစ်ကနေ (၂၀၂၄)ခုနှစ်အတွင်း လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ (၂၀၁၉)ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ သမ္မတ ဝီဒိုဒိုဟာ အင်ဒိုနိးရှားအစိုးရအဖွဲ့ ဦး ဆောင်ဖွဲ့စည်းချိန်မှာ ပရာဘိုဝီရဲ့အတွေ့အကြုံတွေ ကို လိုအပ်မှုရှိတဲ့အတွက် အင်ဒိုနီးရှားကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ပေးခဲ့တာမျိုးဖြစ်ပါတယ်။ ပရာဘိုဝီရဲ့ ဖခင်ဖြစ်သူဟာ အင်ဒိုနီးရှားသမ္မတဟောင်း တွေဖြစ်တဲ့ ဆူကာနိုနဲ့ ဆူဟာတိုတို့လက်ထဲမှာ စီးပွားရေးဝန်ကြီး၊ နည်းပညာဆိုင်ရာဝန်ကြီးတွေကို တာဝန်ယူခဲ့ဖူးပြီး ငယ်စဉ်ကလေးဘဝကို ပုံမှန်အ တိုင်း ဖြတ်သန်းခဲ့သူလည်း ဖြစ်ပါတယ်။ 

ပရာဘိုဝီဟာ စစ်တပ်က အငြိမ်းစားယူခဲ့ပြီး နောက် အစ်ကိုဖြစ်သူနဲ့ ပူးပေါင်းကာ စီးပွားရေး လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပြီး Kiani Kertas အမည်ရှိ စက္ကူ ပျော့ဖတ်လုပ်ငန်းကို ဦးဆောင်လုပ်ကိုင်ခဲ့ပါ တယ်။  Kiani Kertas အမည်ရှိ ကုမ္ပဏီကို အခြေပြုပြီး အင်ဒိုနီးရှားနိုင်ငံမှာ ကုမ္ပဏီပေါင်း (၂၇) ခုပါဝင် တဲ့ Nusantara Group  စီးပွားရေးလုပ်ငန်းစုကိုလည်း တည်ထောင်ခဲ့ပါတယ်။  အဲဒီ စီးပွားရေးလုပ်ငန်းစု လက်အောက်မှာရှိနေတဲ့ကုမ္ပဏီတွေဟာ အင်ဒိုနီးရှားမှာ သာမက ပြည်ပနိုင်ငံတွေမှာ ရှိနေဆဲဖြစ်ပါ တယ်။ 

ပရာဘိုဝီဟာ အင်ဒိုနီးရှားနိုင်ငံရဲ့အာဏာရှင်ဟောင်း အဖြစ်ဝေဖန်ခံရနေတဲ့ သမ္မတဟောင်း ဆူဟာတိုရဲ့သမီးဖြစ်သူနဲ့အိမ်ထောင်ပြုထားတဲ့အတွက် ဆူဟာတိုအနားယူချိန်မှာ ဆူဟာတိုနေရာကို ဆက်ခံမယ့်သူအဖြစ် ခန့်မှန်းပြောဆိုခံရဖူးသူဖြစ်ပါတယ်။ ပရာဘိုဝီဟာ သမ္မတအသစ်အဖြစ် တာဝန်ယူ ချိန်မှာလည်း ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူ ချိန်တုန်းအတိုင်း ဆက်လက်လုပ်ဆောင်ဖွယ်ရှိ တယ် လို့ထင်ကြေးပေး သုံးသပ်မှုတွေရှိနေပါတယ်။ အင်ဒိုနီးရှားသမ္မတအဖြစ်တာဝန်ယူချိန်မှာ စိန်ခေါ်မှု များစွာ ရင်ဆိုင်ရဖွယ်ရှိနေပြီး အဲဒီစိန်ခေါ်မှုတွေထဲမှာ တရုတ်နိုင်ငံနဲ့အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ် အရေးလည်းပါဝင်ဖွယ်ရှိနေပါတယ်။ ဒါပေမဲ့ ပရာဘိုဝီက အင်ဒိုနီးရှားနိုင်ငံဟာ နိုင်ငံအားလုံးကို လေးစားပြီး တောင်အာဖရိကသမ္မတဟောင်း နယ်ဆင်မင်ဒဲ လား ပြောဆိုသလိုမျိုး “မင်းရဲ့ရန်သူတွေ ငါတို့ ရန်သူ မဖြစ်ရဘူး” ဆိုတဲ့ အယူအဆကို လက်ခံကျင့်သုံးမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံဟာ လက်ရှိအချိန်မှာ အမေရိကန်၊ ဩစတြေးလျ၊ ဗြိတိန်တို့ ပူးပေါင်းပါဝင်တဲ့ AUKUS  အဖွဲ့မှာ ပါဝင်ဖို့ အစီအစဉ်ရှိနေရာ အဲဒီအဖွဲ့အတွင်း ပါဝင်ခဲ့မယ်ဆိုရင် AUKUS အပေါ် အမြင်မကြည်မလင်နဲ့  တရုတ်နိုင်ငံနဲ့ အငြင်းပွား မှုတွေ ပိုမိုဖြစ်လာဖွယ်ရှိနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ သမ္မတ ဝီဒိုဒို တာဝန်ယူချိန်အတွင်း ပြည်သူ တွေရဲ့ ဘဝရှင်သန်နေထိုင်မှု ယခင်ထက် ပိုမိုကောင်း မွန်ခဲ့သလို နိုင်ငံ တကာ အသိုင်းအဝိုင်းကြားမှာလည်း စီးပွားရေးတိုးတက်မှုနဲ့ မဟာဗျူဟာမြောက် မူဝါဒ တွေကြောင့် ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်ခဲ့ရာ ပရာဘိုဝီဟာ သမ္မတအဖြစ်တာဝန်ယူချိန်မှာ ယခင် သမ္မတဟောင်းတွေ လက်ထက်ကထက် ပိုမိုကောင်းမွန်အောင် စွမ်းဆောင်နိုင်ဖို့လိုအပ်နေပါတယ်။ 

ပရာဘိုဝီဟာ အင်ဒိုနီးရှားသမ္မတအဖြစ် တာဝန်ယူချိန်အတွင်း ဖွံ့ဖြိုးတိုးတက်နေတဲ့ ကမ္ဘာကြီး မှာ အဓိကအရေးပါတဲ့ခေါင်းဆောင်တစ်ဦးနဲ့ နိုင်ငံ အကျိုးစီးပွားရေးပိုမိုဖြစ်ထွန်းအောင် လုပ်ဆောင်ဖို့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ အစ္စလာမ်ဘာသာဝင်အများဆုံး နိုင်ငံဖြစ်ရာ ဘာသာရေးကိစ္စတွေကလည်း ပရာဘိုဝီ အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာဖွယ်ရှိနေသလို အာ ဏာရှင်နိုင်ငံအဖြစ်ကနေ ဒီမိုကရေစီ နိုင်ငံအဖြစ်ကို အသွင်ကူးပြောင်းခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ဒီမို ကရေစီနောက်ကြောင်းပြန်မလှည့်သွားဖို့ ပြဿနာကို ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ် နိုင်ငံတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည် ဆောက်ထားနိုင်ခဲ့ရာ ပရာဘိုဝီ သမ္မတအဖြစ် တာဝန်ယူချိန် အတွင်း ပြိုင်ဘက်အသွင်ဖြစ်နေတဲ့ အမေရိ ကန်၊ တရုတ်နိုင်ငံတို့နဲ့ဆက်ဆံရေးကို ဟန်ချက်ညီ အောင် ထိန်းကျောင်းနိုင်ဖို့ လိုအပ်နေသလို အင်အားကြီးနိုင်ငံတွေကြား အငြင်းပွားမှုတွေ၊ ပြိုင်ဆိုင်မှုတွေ မှာ တစ်ဖက်ဖက်မှာ ရပ်တည်တဲ့ ပုံစံမျိုး ရှောင်ရှားဖို့ လိုအပ်နေပါတယ်။ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဝီဒိုဒို ဟာ လက်ရှိအချိန်မှာ တောင်တရုတ်ပင်လယ်အရေး နဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ကတစ်ဆင့် ချဉ်းကပ်တဲ့ ပုံစံမျိုးလုပ်ဆောင်နေပြီး တရုတ်နဲ့အမေရိကန်နိုင်ငံ ကြားမှာလည်း ဟန်ချက်ညီအောင် ထိန်းကျောင်းလုပ် ဆောင်နိုင်ခဲ့ပါတယ်။ အင်ဒိုနီးရှား သမ္မတအသစ် အ ဖြစ်တာဝန်ယူမယ့် ပရာဘိုဝီဟာ အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲမှာ ပေးထားတဲ့ကတိတွေကို ဘယ် လောက်အထိ အကောင်ထည်ဖော်ပေးနိုင်မလဲ ဆိုတဲ့ အချက်နဲ့ သမ္မတ ဝီဒိုဒို လက်ထက်က လုပ်ဆောင်တဲ့ မူဝါဒ တွေအတိုင်း ဆက်လက်လုပ်ဆောင်မှာလား ဆိုတာ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။ 




Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved