Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ

သန်းထိုက်စိုး  (NSS) - စက်တင်ဘာ ၂ဝ 

သမ္မတဗလာဒီမာပူတင်သည် (၂၀၂၄) ခုနှစ် စက်တင်ဘာလ (၂) ရက်နေ့တွင် မွန်ဂိုလီးယား နိုင် ငံသို့ရောက်ရှိလာခဲ့သည်။ နိုင်ငံတကာရာဇဝတ်တရား ရုံး ICC က (၂၀၂၃) ခုနှစ်တွင် သမ္မတပူတင်ကို ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ရုရှားသမ္မတတစ်ဦး မွန်ဂိုလီးယားသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်း ဖြစ်သည်။ သမ္မတပူတင်သည် ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်-မွန်ဂိုလီးယား စစ်ရေးအောင်ပွဲကျင်းပ မည့်အခမ်းအနားနှင့် အချိန်ကိုက်လာရောက်ခဲ့ခြင်း လည်းဖြစ်သည်။ အလားတူ သမ္မတပူတင်၏ခရီး စဉ်သည် အာရှအလယ်ပိုင်းနိုင်ငံလေးဖြစ်သည့် မွန်ဂို လီးယားနိုင်ငံ၏ ဘက်မလိုက်မူဝါဒကျင့်သုံးမှုနှင့် နိုင်ငံ တကာအင်စတီကျူးရှင်းများ၏ ခြေတံလက်တံကို စမ်းသပ်မည့်ခရီးစဉ်လည်း ဖြစ်သည်။ 

မွန်ဂိုလီးယားနိုင်ငံသည် လူဦးရေ (၃.၄) သန်း ခန့်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း နယ်မြေ အကျယ်အဝန်းကြီးမားသည်။ ရုရှား၊တရုတ်နိုင်ငံတို့နှင့် စီးပွားရေးအရသမိုင်းကြောင်းနှင့်ချီ၍ ချိတ် ဆက်နေသော်လည်း လွတ်လပ်သည့်နိုင်ငံခြားရေး မူဝါဒကို ချမှတ်အကောင်အထည် ဖော်ရန် အပတ်တကုတ်ကြိုးပမ်းနေခြင်းဖြစ်သည်။ အမေရိကန်၊ ဂျာမနီ၊ ဂျပန်၊ တောင်ကိုရီးယား စသည့်တတိယနိုင်ငံတို့ နှင့်လည်း နွေးထွေးသည့်ဆက်ဆံရေးရရှိရန် အစဉ် တစိုက်ကြိုးစားနေခြင်းဖြစ်သည်။ 

မွန်ဂိုလီးယားနိုင်ငံအနေဖြင့် နိုင်ငံတကာ စင်မြင့် တွင် ၎င်း၏ ဘက်မလိုက်သည့်ပုံရိပ်ကောင်းရရှိရန် ကြိုးပမ်းခြင်းဖြင့် နိုင်ငံအတွက် လုံခြုံမှုရရှိလိမ့်မည်ဟု မျှော်မှန်းထားခြင်းဖြစ်သည်။ သံတမန်ရေး အခင်းအ ကျင်းအဖြစ်Ulaanbaatar Dialogue ကို နှစ်စဉ် ကျင်းပသည်။Ulaanbaatar Dialogue  ဆိုသည်မှာ အမေရိကန်နှင့် ဥရောပနိုင်ငံများအပါအဝင် ဖိတ်ကြား ခံရသည့်နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုမှသည် ဒေသတွင်း လုံခြုံရေး နှင့် အရေးကြီးဓာတ်သတ္တုများအထိ ကိစ္စရပ်အတော် များများကို ဆွေးနွေးနိုင်သည့် အခွင့်အရေးတစ်ရပ် လည်း ဖြစ်သည်။ 

နိုင်ငံတကာမျက်နှာစာတွင် သမ္မတပူတင်၏ ပုံရိပ်ကောင်းမွန်ခြင်းမရှိသော်လည်း မွန်ဂိုလီးယား နိုင်ငံသည် ရုရှားနှင့်နီးကပ်သည့်ဆက်ဆံရေးကို ထိန်းသိမ်းထားလိုသည်။ (၂၀၂၄) ခုနှစ် ဇူလိုင်လ အတွင်းကလည်း မွန်ဂိုလီးယားသမ္မတUknaagiin Khurelsukh သည် သမ္မတပူတင်နှင့် ရှန်ဟိုင်းပူး ပေါင်းဆောင်ရွက်ရေး ထိပ်သီးဆွေးနွေးပွဲတွင် တွေ့ ဆုံခဲ့သည်။ သမ္မတပူတင်၏ မွန်ဂိုလီးယားခရီးစဉ် သည် အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာအထိုင် နှင့် လိုက်လျောညီထွေမှုနှင့်ဟန်ချက်ညီမှုကို ရှာဖွေ နေသည့် မွန်ဂိုလီးယားနိုင်ငံအတွက် စိန်ခေါ်မှုများ ရှိလာနိုင်သည်။ မွန်ဂိုလီးယားနိုင်ငံသည် နိုင်ငံတကာ ရာဇဝတ်တရားရုံးICC အဖွဲ့ဝင်နိုင်ငံလည်းဖြစ်သည်။ နိုင်ငံတကာရာဇဝတ်တရားရုံး ICC သည် သမ္မတပူ တင်ကို ယူကရိန်းကလေးငယ်များအား ဥပဒေနှင့်ညီ ညွတ်ခြင်းမရှိဘဲ ရုရှားသို့ရွှေ့ပြောင်းမှုနှင့်ပတ်သက် ၍ဟုဆိုကာ ဖမ်းဝရမ်းထုတ်ခဲ့သည်။ ယူကရိန်းနိုင်ငံက လည်း သမ္မတပူတင်ကို ဖမ်းဆီးထိန်းသိမ်းပေးရန် မွန်ဂိုလီးယားနိုင်ငံကို တိုက်တွန်းခဲ့သည်။ သို့သော် နိုင်ငံတကာရာဇဝတ်တရားရုံး ICC တွင် ဥပဒေကို အသက်သွင်းနိုင်သည့် ထိရောက်သည့်ယန္တရားမရှိပါ။ ဖမ်းဝရမ်းထုတ်ထားသော်လည်း အဖွဲ့ဝင်နိုင်ငံအချို့ သည် ဖမ်းဆီးခံရခြင်းမရှိဘဲ လွတ်မြောက်နိုင်သည့် သာဓကများစွာရှိသည်။ 

မွန်ဂိုလီးယားနိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စု ခေတ်ကတည်းက နှစ်ပေါင်း (၇၀) နီးပါးကြာ နီးနီးကပ်ကပ်ရှိခဲ့သည့်နိုင်ငံဖြစ်သည်။ သို့သော် ကွန်မြူနစ် ဝါဒကျဆုံးခြင်းနှင့်အတူ စစ်အေးခေတ်လွန်ကာလ အထိုင် ပထဝီနိုင်ငံရေး အပြောင်းအလဲ နောက်ဆက် တွဲများကြောင့် နိုင်ငံ၏စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲများ ပြုလုပ်လာခဲ့ရသည်။ သို့ဖြစ်ရာ မွန်ဂိုလီးယားသည် ယခင်က ကွန်မြူနစ်နိုင်ငံ ဖြစ်ခဲ့ သော်လည်း ဒီမိုကရက်တစ်နိုင်ငံရေးစနစ်နှင့် တံခါး ဖွင့် စီးပွားရေးစနစ်ဘက်သို့ ကူးပြောင်းလာခဲ့သည်။ အမေရိကန်နှင့် အခြားသော အနောက်နိုင်ငံများနှင့် ဆက်ဆံရေး အထူးကောင်းမွန်ခဲ့ရာ ဒေသတွင်း အတွက် စံပြနိုင်ငံအဖြစ်ပင် ချီးကျူးထောမနာပြုခြင်း ခံခဲ့ရသည်။ 

မွန်ဂိုလီးယားနိုင်ငံသည် (၂၀၂၄) ခုနှစ်အထိ အမေရိကန်နိုင်ငံ၊ ဆလိုဗေးနီးယားနိုင်ငံ၊ ဖိလစ်ပိုင် နိုင်ငံ၊ ဗီလာရုစ်နိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ နိုင်ငံတော်အကြီးအကဲ များကို လက်ခံတွေ့ဆုံခဲ့သည်။ မွန်ဂိုလီးယားဝန်ကြီး ချုပ် Luvsannamsrain Oyun-Erdene   သည် (၂၀၂၃) ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့ ပြီး ဒုတိယသမ္မတ ကင်မလာဟားရစ်နှင့် တွေ့ဆုံခဲ့ သကဲ့သို့ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီ ချန်းတို့နှင့်လည်း တွေ့ဆုံခဲ့သည်။ ပြင်သစ်သမ္မတ မက်ခရွန်နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ နှစ်ဦး သည်လည်း မကြာသေးမီကပင်Ulaabaatar ဆွေးနွေးပွဲသို့သွားရောက်ခဲ့ကြသည်။ 

မွန်ဂိုလီးယားနိုင်ငံသည်Ulaabaatar ဆွေးနွေး ပွဲ ဆော့ပါဝါကိုအသုံးချပြီး နိုင်ငံတကာ အသိုက်အဝန်း နှင့် ချစ်ကြည်ရင်းနှီးမှုကို ရရှိနေသည်။ သို့သော် ပထဝီနိုင်ငံရေးစက်ကွင်းကနေမူ ရုန်းမထွက်နိုင်ခဲ့ပါ။ ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့် မွန်ဂိုလီးယားနိုင်ငံအ နေဖြင့် အင်အားကြီးနိုင်ငံနှစ်ခု၏ စိတ်အလိုဆန္ဒအတိုင်းနေထိုင်ခဲ့ရသည်။ မွန်ဂိုလီးယားနိုင်ငံအနေဖြင့် တရုတ်နှင့်ဆက်ဆံရေးက တစ်ဖက်၊ ရုရှားနှင့်ဆက် ဆံရေးကတစ်ဖက် မဟုတ်ပါ။ ရုရှားနှင့်ရော၊ တရုတ်နှင့်ပါ ကျယ်ပြန့်သည့် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးရှိနေခြင်းဖြစ်သည်။ သုံးနိုင်ငံဆက်ဆံ ရေးမှာ သမိုင်းကြောင်းနှင့်ဆက်စပ်နေသကဲ့သို့ ပြည် သူ ပြည်သူချင်းဆက်ဆံရေး၊ ယဉ်ကျေးမှုအရ လေး နက်သည့်ဆက်စပ်မှုနှင့် အခြားအရေးကြီးသော သွင် ပြင်လက္ခဏာများသည် သုံးနိုင်ငံကြား ခိုင်မာသည့် ဆက်ဆံရေးကို ကျားကန်ပေးထားသည်။ မွန်ဂိုလီး ယားနိုင်ငံအနေဖြင့် လျှပ်စစ်မီးရရှိရေး၊ ဓာတ်ဆီနှင့် ဒီဇယ်ဆီရရှိရေးတို့အတွက် ရုရှားနိုင်ငံအပေါ် မှီခိုနေ ရသည်။ ရုရှားနိုင်ငံသည် ဆိုဗီယက်ခေတ်၏ အမွေ ဆက်ခံမှု သဘောတူညီများအရ မွန်ဂိုလီးယားနိုင်ငံရှိ အရေးကြီးအခြေခံအဆောက်အအုံများနှင့် သတ္တု တွင်းစီမံကိန်း (၅၀)ရာခိုင်နှုန်းကို ဆက်လက်ပိုင်ဆိုင် ထားဆဲဖြစ်သည်။ အထူးသဖြင့် ရုရှားနိုင်ငံသည် မွန်ဂို လီးယားနိုင်ငံ၏ ရထားလမ်းစနစ်တွင် အရေးပါသည့် မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အဆိုပါရထားလမ်း သည် တရုတ်နှင့် ရုရှား၊ တရုတ်နှင့် ဥရောပတို့ကြား ဆက်သွယ်ထားသည့် ကုန်သွယ်ရေး စင်္ကြံတစ်ခုအနေ ဖြင့် အရေးကြီးသည့်လမ်းကြောင်းတစ်ခုလည်းဖြစ် သည်။ ရုရှားနိုင်ငံအနေဖြင့် အိမ်နီးချင်းများ၏အကျိုး စီးပွားကို ငဲ့ညှာခြင်းမရှိဘဲ စစ်ပွဲကာလအတွင်း ၎င်း၏ ကိုယ်ပိုင်စွမ်းအင်လိုအပ်ချက်ကိုသာ ဦးစားပေးမည် ဆိုပါက လောင်စာဆီထောက်ပံ့ရေးနှင့် သယ်ယူပို့ ဆောင်ရေးကွန်ရက်စနစ်များ ပျက်စီးသွားမည်ကို မွန် ဂိုလီးယားနိုင်ငံက စိုးရိမ်နေခြင်းဖြစ်သည်။ အလားတူ မွန်ဂိုလီးယားနိုင်ငံအနေဖြင့် အစားအစာနှင့် စက်မှု ထုတ်ကုန်များနှင့်ပတ်သက်သည့် သွင်းကုန်အများစု အတွက်လည်း တရုတ်နိုင်ငံအပေါ်တွင် မှီခိုနေရ သည်။ တရုတ်နိုင်ငံသည် မွန်ဂိုလီးယားပို့ကုန်၏ (၉၀) ရာခိုင်နှုန်းအတွက် ဈေးကွက်ကြီးတစ်ခုလည်း ဖြစ်သည်။ အထူးသဖြင့် ကျောက်မီးသွေးနှင့် ကြေးနီ တို့ဖြစ်သည်။ ရုရှားနှင့် တရုတ်နိုင်ငံတို့သည် အတိတ် ကာလများတွင် မွန်ဂိုလီးယားနိုင်ငံကို၎င်းတို့လိုချင် သည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိလာစေရန်အ တွက် ၎င်းတို့၏နိုင်ငံရေးနှင့် စီးပွားရေးလီဗာကို ဖိနင်းလေ့ရှိခဲ့ကြသည်။ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားသည် (၂၀၁၆) ခုနှစ်က မွန်ဂိုလီးယား နိုင်ငံသို့ သွားရောက်ခဲ့မှုကို ကန့်ကွက်သည့်အနေဖြင့် တရုတ်နိုင်ငံက ကုန်သွယ်ရေးနှင့်အရေးပါသည့် ချေး ငွေများကို ရပ်ဆိုင်းခဲ့ဖူးသည်။ 

တရုတ်နှင့်ရုရှားတို့သည် နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ ပိုမိုနီးကပ်လာကြရာ ဗဟိုအာရှဒေသ ရှိ မွန်ဂိုလီးယားနှင့် အခြားသောနိုင်ငံများသည် စိန် ခေါ်မှုအသစ်များကို ရင်ဆိုင်ကြရဖွယ်ရှိသည်။ မွန်ဂို လီးယားနိုင်ငံသည် (၂၀) ရာစုကာလက ဆိုဗီယက် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ကြား ကြားခံပြည် နယ်လေးတစ်ခုအနေဖြင့် ရပ်တည်ခဲ့သည်။ ယခုအခါ တရုတ်နှင့်ရုရှားတို့ကြား ချစ်ကြည်ရင်းနှီးမှု တိုးတက် လာခဲ့ရာ သမ္မတရှီကျင့်ဖျင်နှင့် သမ္မတဗလာဒီမာ ပူတင်တို့သည် (၂၀၂၂) ခုနှစ် ဖေဖော်ဝါရီလတွင် အကန့်အသတ်မရှိ မိတ်ဖက်ဖြစ်မှု I no limits partn­e­r­ship အဖြစ်ပင် ကြေညာခဲ့သည်။ မွန်ဂိုလီးယားနိုင်ငံ သည်လည်း တရုတ်နိုင်ငံကဲ့သို့ပင် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကိုတိုက်ခိုက်ခဲ့ခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချသည့်ဆုံးဖြတ်ချက် တွင် ပါဝင်ခြင်းမရှိခဲ့ပါ။ သို့သော် မွန်ဂိုလီးယားနိုင်ငံ သည် အမေရိကန်နှင့်၎င်း၏မဟာမိတ်များက ရုရှား နိုင်ငံအပေါ်တွင် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှု များကို မချိုးဖောက်မိစေရန် သတိကြီးစွာထားနေပုံ ရသည်။ မွန်ဂိုလီးယားအစိုးရသည် နိုင်ငံအတွက် လောင်စာဆီ ပုံမှန်ရရှိစေရန်နှင့် ရုရှားနိုင်ငံနှင့် ကောင်းမွန်သည့်ဆက်ဆံရေးတစ်ရပ် ထိန်းသိမ်းထား ရန်အတွက် သမ္မတပူတင် ခရီးစဉ်၏ အရေးပါမှုကို အသိအမှတ်ပြုသကဲ့သို့ICC ၏ ဒဏ်ခတ်ပိတ်ဆို့မှု တချို့ကြောင့် ကမ္ဘာ့အင်စတီကျူးရှင်းများ၊ ဒေသပြင် ပရှိ အင်အားကြီးနိုင်ငံများနှင့် ချိတ်ဆက်ထားမှုအပေါ် ထိခိုက်စေနိုင်သည်ကိုလည်း မျှော်လင့်ထားပြီးဖြစ်ပါ လိမ့်မည်။ ရွေ့လျားနေသည့် ကမ္ဘာ့အထိုင်တွင် မွန်ဂို လီးယားနိုင်ငံသည် ဘက်မလိုက်ဘဲ အလယ်တွင် ရပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် နေလိုသကဲ့သို့ အား လုံးနှင့်လည်း မိတ်ဆွေအဖြစ်ရပ်တည်နိုင်ရန် ခက် ခက်ခဲခဲ ကြိုးပမ်းနေရသည်။ မည်သို့ပင်ဖြစ်စေ မွန်ဂို လီးယားနိုင်ငံ၏ စီးပွားရေးအတွက် ရုရှား၊ တရုတ်နိုင် ငံတို့နှင့် ခိုင်မာသည့်ဆက်ဆံရေး ထားရှိခြင်းအပေါ် မည်သည့်အရာနှင့်မှ အစားထိုး၍မရနိုင်သေးပါ။ သို့ သော် လတ်တလော သမ္မတပူတင်၏ မွန်ဂိုလီးယား ခရီးစဉ်က မွန်ဂိုလီးယားနိုင်ငံနှင့် မွန်ဂိုလီးယားအစိုးရ ၏မျှော်မှန်းချက်ကို မည်မျှအထိ ဖြည့်စွမ်းပေးနိုင် သည်ဆိုသည်ကိုမူ ဆက်လက်စောင့်ကြည့်ရမည်ဟု သာဆိုချင်သည်။  


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved